Monday, February 12, 2018

အိမ်ထောင်တည်တယ်ဆိုတာ
သူ့စိတ်နဲ့ကိုယ့်ကိုယ်
ကိုယ့်စိတ်နဲ့သူ့ကိုယ်
အဲ့သလိုမျိုးပေါင်းစပ်နေတာ
နှစ်ဦးသားနားလည်မှုလိုအပ်တယ်
နားလည်မှုနောက်မှာစောင့်ရှောက်မှု
လိုအပ်တယ်
လူတွေဟာကိုယ့်ကိုယ်ကိုတောင်နားမလည်ကြပါဘူး နားလည်ဖို့လည်းခက်ခဲတယ် ဒါဆို အခြားသူကိုနားလည်ပေးဖို့ဆိုတာ အဝေးဆုံးပေါ့။
အဲ့သည်လိုမျိုးလိုအပ်ချက်တွေဟာ
အိမ်ထောင်ရေးရဲ့မဟာဆူးညှောင
့်ခလုတ်တွေပေါ့။
ပြည့်စုံသော ခိုက်ရန်မရှိသောအိမ်ထောင်ရေးဟာ ရှားပါးအဖိုးတန်ရတနာ
ပစ္စည်း ဆရာတော်များဟောကြားသလို
အိမ်ထောင်ဖက်တွေဟာ သဒ္ဒါသီလသုတစာဂဟိရိသြတပ္ဗတရားတွေရှိပြီးညီမျှနေမှ သည်လိုညီမျှဖို့ဖြည့်ဆည်းပြီးပါရမီရှိဖို့လည်းလိုအပ်ပြန်တယ်။တူညီမှုရှိမှထပ်လို့ရအတူယှဉ်တွဲလို့ရပါလိမ့်မည်။
လုံမ
@@@@
ကြွားရအုန်းမယ်...
သူမက..ကိုယ့်ကို..လုံမတဲ့..😀😀😀
သူမအသက်က..၄၇
ကိုယ့်အသက်က..၄၆
သူမကကိုယ့်ကို.. လုံမ..လို့ခေါ်လိုက်တော့ကိုယ်က..ဟိုက်ရှားဘား...ဖြစ်သွားတာပေါ့နော်...
လုံမရေ..ဒွေးကိုလေ...နောက်က..
အထုပ်ကလေးကောက်ပေးပါတဲ့..
😁😁😁😁😁
သူ့အသက်မေးတော့လေးဆယ့်နဲ့ခွန်
သူမကိုယ့်အသက်ကိုပြန်မမေးပါစေနဲ့လို့ဆုတောင်းလိုက်ပါ၏။
😛😛😏😏
သူမက..မေးခဲ့သည်ရှိသော်ဝ်
ကိုယ်ဘယ်လိုဖြေရပါ့..
နှစ်ဆယ့်ခွန်
သုံးဆယ့်သုံး
လေးဆယ်
🤔🤔🤔🤔
အင်းး
ငါတရားအားထုတ်ထားတာပဲ
ဘာပြုလို့ညာရမှာလဲအမှန်တိုင်းပေါ့
အဲ့ဒါဆို..သူမကအံ့သြလန့်ဖျပ်သွားမှာအခြားသူများလို..
😢😢😢😢
အဲ့ဒါတွေက..ကိုယ့်အတွက်တော့ငြီးငွေ့စရာတွေဖြစ်ခဲ့ပါ့..
ကိုယ်သည်လိုမဖြစ်ချင်ပါဘူး...
သူ့အရွယ်အစားနဲ့သူ
တင့်တယ်ချင်ပါတယ်...
ဒါမှလည်းလေးစားစရာဖြစ်မှာပေါ့...
တစ်ခါတုန်းကလည်းသမီးနှင့်အတူအိမ်သို့အပြန်လမ်းဝယ်..
မော်တော်ဆိုင်ကယ်နှင့်ဂျလွတ်ပလွတ်နှစ်ကောင်ပေါ့
အရွယ်ကသမီးနှင့်မတိန်းမယိမ်း
သမီးဘေးမှကပ်ပါလာကာ
ရိတိတိနှင့်
သမီးငယ်အား ဘယ်ကလဲ
နာမည်..
ဘာညာသာရကာ
ပြီတီတီလုပ်ပါ၏
ကိုယ်ကခပ်တည်တည်နှင့်
ဟဲ့အကောင်တွေနင်တို့လမ်းနင်တို့သွား
မနှောက်ယှက်နှင့်ဟု
ပြောသောအခါ
အကောင်နှစ်ယောက်က
ကျနော့ဖက်လှည့်၍
ခင်ဗျားကိုပြောနေတာမဟုတ်ဘူး
ကျုပ်တို့သူ့ကိုမေးနေတာ
ထိုခါကျနော်သည်
ကျနော့ခေါင်းအားမိုးကြိုးဆယ်ချက်ပစ်ခံရသည့်နှယ်
ဝါတော်ရဆရာတော်လိုထိမ်းထားခဲ့သောဒေါသတရားတို့သည်
ဝုန်းကနက်မီးထတောက်တော့သည့်နှယ်
သယ်...😡😡😡😠😠😠
လောက်လေးမလောက်စား
ခွေးပစ်တဲ့တုတ်လောက်တောင်
အသုံးမကျတဲ့နွားတွေ
😠😠😠
ငါက..သူ့အမေဟ
😣😣😣
ပြောဆို၍ကျတော်
အုတ်ခဲတစ်လုံးပြေးကောက်ရာ
..
ထိုအခါ
သကောင့်သားများ
ဆိုင်ကယ်ပေါ်တက်၍
ပြေးကြလေတော့သတည်း
😣☹☹☹☹☹
SAWNAYCHYI

ကနော့သမီးက
ကျနော့အတွက်ဆေးဗျသိလား
ကျနော်ပင်ပန်းနေချိန်မှာ
အခုလိုဖေ့ဘုတ်ပေါ်က
စာတွေဖတ်ဖတ်ပြတယ်သိလား
"အမေရေ..ဖတ်ပြမယ်နော်ပို့စ်တစ်ခုကလေ...
အစ်ကိုရေတဲ့
ကျနော့အိမ်ဘေးက
ကျနော်နဲ့မတည့်တဲ့သူက
😥😥😥😥
သူ့ခွေးအသစ်ကို
😖😖😖
ကျနော့နာမည်ပေးထားတယ်
😣😣😣
သောင်းစိန်တဲ့
😡😡😡
အဲ့ဒါကျတော်ဘယ်လိုလုပ်ရမှာလဲတဲ့
ဥပဒေအရအရေးယူလို့ရပါသလားတဲ့
😀😀😀
ခ်ခ်
အောက်ကမန့်တွေဖတ်ပြမယ်နော်
လွယ်ပါတယ်အကိုရယ်
🤔🤔🤔🤔
အကိုကြက်မတစ်ကောင်ဝယ်ပြီး
သူ့မိန်းမနာမည်ပြန်ပေးလိုက်ပါတဲ့
😋😋😋
ကျနော်လေ
ရယ်လိုက်ရတာဗျာ
အောက်ကပို့စ်ကိုလည်းသူပဲ
Sharing လုပ်ပေးတာပေါ့

Sunday, February 11, 2018

==ကာလီဒါသ==
[[File:Kalidasa_inditing_the_cloud_Messenger,_A.D._375.jpg|thumb|ကာလီဒါသ]]
ကာလီဒါသသည် လွန်ခဲ့သော နှစ်ပေါင်း၂ဝဝဝ ခန့်က [[အိန္ဒိယနိုင်ငံ]] ဥဇ္ဇေနီပြည် ဝိကြမ္မာ ဒိတျမင်းကြီး
၏ ပညာရှိ စာဆိုတော်ကြီးတစ်ဦးဖြစ်သည်။ ကာလီဒါသခေတ် ကို အချို့က ဘီစီ ၁ရာစုနှင့် အေဒီ ၆ ရာစုနှစ်ကာလဟု
အသီးသီး မှန်းဆ၍ အချို့ကမူ သူ၏စာ အရေးအသားကို ထောက်ဆကာ အေဒီ ၄ ရာစုနှင့် ကာလဟု မှန်းဆသည်။
သက္ကရာဇ်အတိအကျ ဖေါ်ပြသောကျမ်း မတွေ့ရှိချေ။ မြန်မာ ဘာသာ ကျမ်းများ၌ ကာသိကရာဇ်တိုင်း ဗာရာဏသီပြည် နန္ဒိ
ရာဇာမင်းနှင့် ဘာနုမန္တီမိဖုရားလက်ထက်ဟု ဖေါ်ပြသည်။ကာလီဒါသ ထင်ရှားရခြင်းမှာ သူ၏ယခုတိုင် ထင်ရှားသော
'သကုဏ္ဍလ'ဝတ္တုကြောင့် ဖြစ်သည်။ ထိုဝတ္တုကို မူလသက္ကဋ ဘာသာဖြင့် ရေး၍ နောက် ဘင်္ဂလီဘာသာ၊ ဒေဝနာဂရီဘာသာ
များသို့ ပြန်ဆိုသည်။ ၁၇၈၉ ခုနှစ်တွင် ဆာဝီလျံ ဂျုန်းက အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုသဖြင့် သက္ကဋဘာသာကို
အနောက်တိုင်းမှ ပိုမို စိတ်ဝင်စား လာကြသည်။ ထိုနောက် ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာများသို့လည်း ပြန်ဆိုကြသည်။
ရုပ်ရှင်ဇာတ်ကား အဖြစ်လည်း ရိုက်ကူးထားသည်။ကာလီဒါသသည် အခြားပြဇာတ်များကိုလည်း ရေးသား
သည်။ ယင်းတို့မှာ 'ဝိကြမောဝါသီ'နှင့် 'မာလာ ဝိကနှင့် အဂ္ဂိမိတြ' ဇာတ်များ ဖြစ်သည်။ သက္ကဋဂန္ထဝင်၌ လွန်စွာ
ထင်ရှားသည်။ ထိုဇာတ်များကိုလည်း ဘာသာအသီးသီးသို့ ပြန်ဆိုထားသည်။

ကာလီဒါသသည် သက္ကဋဘာသာဖြင့် ဆန်းကြယ်နက်နဲသော ကဗျာများစွာကိုလည်း ရေးရာ အထင်ရှားဆုံးမှာ တိမ်စေတမာန်
ခေါ် 'မေဃတူတ'ကဗျာဖြစ်သည်။ နှစ်၏ရတု ၆ပါး သာယာပုံ သဘာဝကို ဖွဲ့ဆိုသော 'ရိတုသမ္ဘာရ'ကဗျာမှာလည်း ထင်ရှား
သည်။ ထိုကဗျာများပြင် ရာမမင်းသား ဇာတ်အိမ်ဖွဲ့သော 'ရာဂု ဝံသနှင့် ကုမာရသမ္ဘဝ'ကဗျာကိုလည်း ရေးသည်။ စိတ်ကူးနက်နဲ
၍ အဖွဲ့အနွဲ့ ယဉ်ကျေးသိမ်မွေ့သည်။

မြန်မာကျမ်းဂန်များတွင် ကာလီဒါသဟူသော ပညာရှိဆရာ ကြီး၏ အကြောင်းကို ဤသို့ဖေါ်ပြလေ့ရှိသည်။ ရှေးအခါ
ဗာရာဏသီ ပြည်၌ နန္ဒိရာဇာမင်းနှင့် ဘာနုမန္တီ မိဖုရားကြီး လက်ထက်တွင် ပညာရှိ ကာလီဒါသဆရာ ရှိသည်။ စိတ္တရံသီ
ဟူသော ပန်းချီဆရာတစ်ဦးလည်း ရှိသည်။ ကာလီဒါသသည် အသံကြားရုံဖြင့် ရူပါရုံကို ဆုံးဖြတ်နိုင်စွမ်းရှိ၍ မိဖုရားကြီး
ပုံတူရေးရန် တာဝန်ကျသော စိတ္တရံသံ ပန်းချီဆရာကို ကူညီ သည်။ ပန်းချီဆရာသည် မိဖုရား၏ပုံ၌ လျှို့ဝှက်သောနေရာတွင်
မှဲ့ရှင် ၃ လုံးရှိပုံကိုပါ ရေးဆွဲ၍ ဆက်သရာ ပန်းချီဆရာအား မိဖုရားနှင့် မသင်္ကာသဖြင့် စစ်ဆေးသည်။ ကာလီဒါသပြောပြ
ကြောင်းသိသော ကာလီဒါသကို သတ်စေသည်။ ကမ္မသိဒ္ဓိကာ အမတ်က ဝှက်ထား၍ အသက်ချမ်းသာသည်။

တစ်နေ့သော် မင်း၏သားတော် သုဒေဝသည် တောကစား ရာမှအပြန် ဝံသူတော် သင်ကြားလိုက်သော (သ-သေ-မိ-ယ)
စကားလေးလုံး ရရှိခဲ့ရာ အဓိပ္ပါယ်ကို မည်သူမျှ မဖေါ်နိုင်လျှင် ကာလီဒါသသည် အမတ် ကြီး၏ သမီးအဟန်ဖြင့် တင်းတိမ်
တွင်းမှ ဖြေဆိုသည်။ ဘုရင်က စစ်မေးသော် ကာလီဒါသဖြစ် ကြောင်း သိ၍ ရှေးကအပြစ်ကို လွှတ်ကာ ချီးမြှောက်ပြန်သည်။
တစ်နေ့သော် ကြာဖူးတစ်ခုတွင် ပိတုန်းဝင်သဖြင့် လေမလာ အလိုလိုလှုပ်ရာ ဘုရင်က အကြောင်း ရင်းကို ဖြေဆိုနိုင်က
ယောက်ျားဖြစ်လျှင် အမတ်ကြီးအရာ မိန်းမဖြစ်လျှင် မိဖုရား အရာပေးမည်ဟု စည်လည် စေသည်။ ပြည့်တန်ဆာမတစ်ဦးက
ကာလီဒါသ ပျော်ပါးခိုက် မေးပြီးသိ၍ ဆရာမပေါ်မည် စိုး သောကြောင့် ကာလီဒါသ အိပ်ပျော်စဉ် သတ်လိုက်သည်။
ပြည့်တန်ဆာမသည် ဘုရင်ထံ အဖြေပေးနိုင်သော်လည်း စစ်မေးရာ အပြစ်ပေါ်၍ ဒဏ်သင့်ရသည်။ ဤသို့အားဖြင့် ကာလီဒါသ
ဆရာ အနိစ္စရောက်သည်ဟု အဆိုရှိ လေသည်။

<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>
က်ေနာ္က
အသက္အရြယ္အရ
အတော်လည်းအတွေ့အကြုံစုံ
ခဲ့ပြီပေါ့ဗျာ...
အခုတော့
ကိုယ့်အကျိုးစီးပွားထက်
သုတစ်ပါးကိုကူညီဖို့ရာ
ပရဟိတ..စိတ်အပြည့်နီးနီးရှိနေခဲ့ပါပြီ။
ဒါ့ကြောင့်မို့လို့လည်း...
ကိုယ့်ရပ်ကိုယ့်ရွာမှာ
ကိုယ်နဲ့သင့်တော်မယ့်ပရဟိတအလုပ်ကိုကြည့်ရှုလိုက်သောအခါ..
အေးရိပ်သာဆိုတဲ့တရားစခန်းကိုတွေ့ခဲ့
ရပါတယ်...
ခြွင်းချက် တစ်ခုရှိတာကတော့
ကျနော်ဟာမိန်းမတစ်ယောက်ဖြစ်နေတာကြောင့်မိုလို့စိတ်သွားတိုင်းတော့
ကိုယ်မပါခဲ့ဘူးလေ...
ကျနော်ကလည်းလေ..တစ်ခါတစ်ရံ များဆို..ကိုယ့်ကိုယ်ကို..မိန်းမဆိုတာ
ကိုမေ့နေခဲ့တယ်...
ကျနော်က..စိတ်ကောင်းရှိတဲ့သူ..
တရားနဲ့ယှဉ်တွဲနေထိုင်သူ..တွေကို
လေးစားတယ်..ကူညီချင်တယ်...
ဒီလိုမျိုး..ဘုရားတရားသံဃာကို..
ကြည်ညိုလေးစားလို့လည်း..
ဒါကိုပဲတည်ကြက်ပြုပြီးကျနော့ကိုညာစားသွားတဲ့သူတွေလည်းရှိဖူးပါရဲ့...
ပြန်တွေးလိုက်တိုင်း..ငါဟာ..
အတော်ကိုအနေမတတိတာပဲလို့
ကိုယ့်အပြစ်ကိုကိုယ်ပြန်ရှာခဲ့ပါတယ်
...ပြုသူအသစ်ဖြစ်သူအဟောင်းလို့
ဆရာသမားများ၏ဆုံးမစကားအတိုင်းသာနှလုံးသွင်းခဲ့ပါတယ်...
ခုတော့အဲ့သည်လိုအတွေ့အကြုံစုံပြီမို့နောက်ထပ်တော့မကြုံရပါစေနဲ့တော့လို့
ဆန္ဒပြုနေမိတာ..
စိတ်ကောင်းမရှိတဲ့အကြံဥာဏ်လျိုဝှက်သောရှေ့တစ်မျိုးကွယ်တစ်မျိုးဖြစ်တတ်သောကျေးဇူးမသိတတ်သောထိုကဲ့သို့အမူအကျင့်များအားစက်ဆုပ်မှုနှင့်တူကြောက်ရွံ့ လှပါသည်။
ထိုသဘောရှိသူတို့နှင့်လည်းမဆုံတွေ့လို..
ကျနော်တို့တရားစခန်းလေးကို
အစ်မ ဒေါ်အေးအေးသန်းမှ
၁၉၉၄ခုနှစ်တွင်စတင်၍တည်ထောင်ခြင်းငှါအကြံဥာဏ်ဖြစ်ပေည်သည့်အလျောက်..သူကိုယ်တိုင်ခန္ဓာဥာဏ်ရောက်တရားအားထုတ်၍တရားသဘောတို့၏ပီတိအရသာ အနက်အကျယ်နူးညံ့သိမ်မွေ့မှု ဆန်းကြယ်နက်ရိုင်းမှုတို့ကို စောကြောမိကာ ကိုယ့်ရပ်ကိုယ့်ရွာကောင်းစားရေး သတ္တဝါတို့တရားစစ်တရားမှန်ရစေရန်ရည်သန်လျက်..
အနဲဆုံးတော့အခြားရပ်ရွာများတွင်တရားအားထုတ်ရန်သွားပါကလမ်းစရိတ်ကပထမကုန်ကျမည့်ပမာနဖြစ်ရာ
ကိုယ့်ရပ်ကိုယ့်ရွာတရားစခန်းရှိလျင်
အခြားတစ်ပါးသို့သွားရန်မလိုတော့ပြီဖြစ်၍လမ်းစရိတ်မလိုတော့ပြီ
အေးချမ်းစွာတရားအားထုတ်စေချင်းငှါ
ရည်သန်အကြံဖြစ်ပေါ်လာသောပထမဆုံးသောစခန်း၏ကျေးဇူးရှင်ပေတည်း
...
ဆက်လက်ရေးသားပါမည်..

နွေ...
ပူလှတဲ့သံလျက်တွေ
ကွင်းစပ်တွေမှာအခိုးထလျက်
ညက်ကြေနေတဲ့လယ်ကွင်းမြေ။
သစ်ရွက်ကြွေ
သည်နွေအလှက
ပြိုင်းပြိုင်းကျသစ်ကိုင်းမှ
ပုရစ်ဖူးဝေ...။
အချစ်ငှက်ရေ
ပင်လယ်လေရိုက်တဲ့အခါ
ငါ..လွမ်းနေပါတယ်လို့..
သူတို့ကဆိုလိမ့်မယ်နော်..
ညအခါလဝါဝါရောင်ဝါဖြန့်လို့
အလွမ်းတို့နှစ်သိမ့်ပေးပါ..။
နွေနေ့လည်သည်ဘက်ခြမ်းက
ပူလှတဲ့မြင်ကွင်းတွေ။
တစ်သင်းမှကျန် အလွမ်းသန်လေသလားရယ်...ငှက်ငယ်သူက
မြည်သံရှည်လှတယ်လေ..
အလွမ်းဖွဲ့သူ့တေးတွေ
နွေအလှကိုပဏာဆင့်လို့
အချစ်ဖြင့်မ ကာရံတယ်
ိုမြိုသိမ်းနိုင်သောနွေအလွမ်း...။
SAWNACHYI

တစ်ခါတစ်ရံ မှာတော့လောကကြီးဟာ
ဟားတိုက်ရယ်ပစ်လိုက်ချင်စရာပါ။
တရားသဘောတွေစောကြောမနေတော့ပါပဲတဟားဟားအော်ကာရယ်နေသောအရူးရယ်...
တစ်ခါတစ်ရံ မှာတော့ ချုန်းချုန်းချ
ငိုချပလိုက်ချင်အောင် ကျသွားလွန်းတဲ့စိတ်တွေက..ဟိုးးးမဟာပထဝီ..အဝီစိထိပေါ့စိတ်ကျနေသောအရူးရယ်...
မာန်ဝံ့မာန်တင့် ပြောတိုင်းဖြစ်တည်ကာ
ညွှန်ရာမှာလည်းရေသာဖြစ်ခဲ့
ပါရမီဓာတ်ခံတွေပြည့်ပြီးရင်းပြည့်သောအခါ ဘေးကလူဟာ လူပါလို့တောင်
အထင်မခံရအောင် ရူးတဲ့အရူးရယ်...
သိတော့လည်းသိတာပဲ..မောဟကငေးမှိုင်တွေဇရာတွေလည်းဝါးနေတာတောင်အခြေမပျက်မတိုးတက်တဲ့ ဘဝနဲ့ရူးသည်ထက်ရူးနေတဲ့အရူးရယ်...