ဘယ်သူ့နှလုံးကိုမှညှိုးချုံးးအောင်မပြုရက်သူပါ
ကျောတစ်ရာရင်တစ်ရာဒဏ်ခတ်ကာရိုက်စေအုန်းတော့
ဒီမယ်မှာမတတ်သာသည်ပ။
အခွင့်သည်မျှရှိခဲ့ပါလျင်
နောက်ပြန်ကာလှည့်ရစ်ပါလို့
အကောင်းအတိုင်းဖြစ်စေ။
ဘဝတွေအတီတန်တေ
ဝဋ်ကြမ္မာကိုယ်သာဖန်ခဲ့သည်မို့
အကြွေးတွေဆပ်ကာချေရ
အားပါဘူးကွယ်။
သတိရခြင်းလည်းကိုယ့်မှာ
သံယောဇဉ်ဖြစ်ရခြင်းလည်းကိုယ့်မှာ
ဖြစ်၍သာလာစေအုန်းတော့
ပြုံးပီတိမဖြာနိုင်ပါ။
ဒီမယ်မှာ တွေ၍သာလာဆရာသခင်အပေါင်းကို ပေါင့်းစု၍အဖြေထုတ်သော်
အနိစ္စရယ်ဒုက္ခရယ်အနတ္တကို
သူတို့သေချာသင်ကြားပြတာမို့
နားဝင်တွင်ဖန်တေထကာ
အကြောက်သာစိုးမိုးတယ်
ဒါ့ကြောင့်လေ ''ခွင့်လွတ်''။
SAWNAYCHYI
Monday, February 12, 2018
အိမ်ထောင်ကွဲပြီးအိမ်ပြန်ရောက်လာတဲ့ကိုယ့်ကို အဖေရောအမေရော
ဆွေမျိုးတွေကပါ မယုံရေးချ မှ မယုံ
သူတို့မယုံသည့်သက်သေကလည်းရှိသည်လေ ။ အကြိမ်ကြိမ်ကွဲလိုက်ပြန်ပေါင့်းလိုက်လိုက်မို့လား...
အရိပ်အခြေစောင့်ကြည့်နေစဉ်တွင်ပင်
သကောင့်သား ယောက်ကျားက လူကြုံနှင့် အိမ်ပြန်လာရန်ပြောသည်။
လက်မှတ်ထိုးပြီးသည်မှသုံးရက်ပင်မပြည့်။လူကြုံဖြင့်စကားပါးလာသော်
ဤအရာကိုအခါခါကြုံတွေ့ရသောကိုယ်ဟာ လူကြုံအားဤသို့ပြန်လည်စကားပါးခဲ့ပါသည်။''ပြန်ကတော့မပေါင်းချင်တော့ဘူး လေးလေးရယ်'' သူကျနော့ကိုနစ်နာအောင်ပြောခဲ့ဆိုခဲ့တာတွေကိုလည်းခွင့်လွတ်ပါတယ် ကျနော်ဝဋ်ကြွေးကြီးလို့ခံရတာပါ''ပြုသူအသစ်ဖြစ်သူအဟောင့်းပါ''
အကြွေးယူထားရင်ပြန်ဆပ်ရမှာပေါ့''
အေးပါဟာ သူအခုစိတ်လေပြီးလျောက်သွားနေတယ်ဟ ''
ဒါဆိုရင်လည်းလေးလေးရယ်..သူ့ကိုပြောလိုက်ပါ..ဆိုင်ကိုဝင်နိုင်ထွက်နိုင်တယ် ကျနော်ကတော့အိမ်ကိုပြန်မလာတော့ဘူးလို့''
အမှန်အတိုင်းပြောရလျင်..ကိုယ်တိုင်က
သူ့ကိုမပြတ်သားသည်တော့မဟုတ်။ကိုယ် မရှိတော့လျင် သူဘယ်လိုစားမလဲ အစတည်းကငွေမရှာတတ်သောသူသည် ဘယ်လိုရှာမှာတဲ့လဲ။
ဟုတ်ပါသည်ဆိုင်ကိုဝင်ခွင့်ထွက်ခွင့်ရသည်ဖြင့် သူကား ပုံမှန်ပြန်ဖြစ်လေ၏။တခါတရံအရက်နံ့ရသည်
အရက်သောက်ပြန်ပြီလားဟုမေးလျင်
သူ့တွင်အထီးကျန်၍သောက်ရသည်
ငွေမရှာနိုင်၍သောက်ရသည်
သားနှင့်မယားနှင့်ပျော်ရွှင်စွာမနေရ၍သောက်သည်
ထိုသို့ဖြင့်ဆင်ခြေများမရိုးအောင်ပေးလေသည်။ကိုယ့်လုပ်စာကိုယ်စားပြီး
သူ့မျက်နှာကြည့်နေရသောကိုယ်ကိုယ်တိုင်ကလည်းထက်မြက်သွက်လက်မှုတို့ကိုစတေးထားရသည်က
များများပါပဲ။သူစကားပြောလိုက်တိုင်း
ထေ့တလုံးငေါ့တလုံး စောင်းမြောင်းစကားတွေက ကိုယ့်စိတ်ကိုသူနှင့်ဝေးရာကိုပို့ပြီးရင်းပို့နေသည်။
သူနှင့်စကားပြောလိုက်တိုင်းအငြင်းအခုံ
ဖြစ်ရခြင်း၊
မတူသောသဘောထားများက
ကိုယ့်ဆီမှနွေးထွေးမှုကိုသူ့ကိုဘယ်လိုမှပေးမရတော့သောအကြောင်းအချက်အလက်များပါပေ။
သူ့ကို အေးစက်လာသော ကိုယ့်ကို
သူကလည်း စိတ်တိုင်းမကျမာန်ဖီလာလေပြီ။စတင်အိမ်ထောင်ကျပြီးကတည်းက ငွေရှာခြင်းအလုပ်ကိုကျတော့မလုပ်ပဲ စိတ်ကောက်ခြင်းအလုပ်ကိုတော့သုံးရက်တစ်ခါလုပ်သောသူသည်
အိမ်ထောင်ရေး၏နေဝင်ဆည်းဆာများမှာအကွက်စိပ်စိပ်ပိုမိုကောက်ကွေးလာလေရာ နောင်သောအခါဝယ်
လုံးဝ လုံးဝ အပြီးငြိမ်းပြတ်ရလေတော့သည်။လက်မှတ်ထိုးပြီးသော်လည်းဆိုင်ကိုဝင်ခွင့်ထွက်ခွင့်ပုံမှန်ရနေသောရာထူးမှာ တစ်နှစ်ခန့်ကြာပြီးသော်
လုံးလုံးလျားလျားပြုတ်ရလေတော့သည်။ကိုယ်ကမလာပါနဲ့ဟုပြောသည်လည်းမဟုတ်သူ့ဖာသာ စိတ်ကောက်၍မလာ
တော့ခြင်းမှာ နောကပိုင်းစိတ်ပြန်ပြေသော်လည်းမလာရဲတော့ခြင်းသည်သာ
။ကိုယ်ကလည်း သူနဲ့ပတ်သက်သော
စိတ်ဒုက္ခကိုမခံစားလိုတော့သောကြောင့် သူ့ကိုလာရန်ထပ်မံမဖိတ်ခေါ်တော့ပေ။
ပထမ စ၍လက်မှတ်ထိုးကွာရှင်းပြီးသော်လည်း ကိုယ်တွေကိုကွာရှင်းထားပါသည်ဟုမိသားစုမှလွဲ၍မည်သူမှမရိပ်မိ။နောက်ကျတော့
ကွယ်ရာတွင်သွားပုပ်လေလွင့်အတင်းအဖျင်းပြောကြရာ ကိုယ့်အရပ်နှင့်ကိုယ့်
ဇာတ်မှာ ကိုယ်ဟာတံဆိပ်အမျိုးမျိုးအတပ်ခံရသူ။ပဲ့တင်ရိုက်ခတ်သံများကိုယ့်နားမှာမရိုးတွ အောင်ကြားရ သည်။..
ကွဲနေတာတဲ့
လင်ငယ်နေလို့တဲ့
ပက်ပင်းမိတာတဲ့
္ထိထိုစကားများမှာ အဆိုးဆုံးမဟုတ်တမ်း
တရားများသာ သို့သော် ကိုယ်ဟာဆင်ခြေပေးတတ်သည့်သူမျိုး မဖြစ်အောင်အထူး သတိထား နေပါသည်။ဆင်ခြေဆိုတာမျိုးက ကိုယ်အမုန်းဆုံးစကားရပ်။
"ငတို့က ညေးဖက်က လိုက်ပြောပါတယ်အေ ဒါပေမယ့် ဒီသတင်းကို
ညေးယောက်ကျားကိုယ်တိုင်ကလိုက်ပြောနေတာတဲ့''
ကိုယ်ဟာအမျိုးမျိုးအစွပ်အစွဲခံနေရတာကပင် ဘယ်သူမပြုမိမိမှုပါပေ။
ဆင်ခြေမပေးလိုသော်လည်းတစ်ခွန်းတော့တုံ့ပြန်လိုက်ပါသည်။
"ဟုတ်ကဲ့ပါအစ်မ..ဒါပေမယ့်..ကျမရဲ့
အတင်းအဖျင်းကို..ပြောတဲ့သူတွေကို
မေးပေးပါအစ်မ..ကျမရဲ့လင်ငယ်..ဟာ
ဘယ်သူလဲလို့..ဆက်ဆက်မေးပေးပါအစ်မ..ကျမလည်းကိုယ့်လင်ငယ်
ကို..ကိုယ်တိုင်မသိလို့ပါ''
ထိုအစ်မ..ပြေးလေပြီ..သြော်တွတ်ပီတို့ရွာကစာသာမတတ်တယ်..
ဆိုက်ကိုနည်းနဲ့တော့ခြွေတယ်ဟ...။
To next post...

ကိုယ့်ရဲ့ပြောင်းလဲလာတဲ့ဘဝကို
ကိုယ်တိုင်လည်းအံ့သြပါတယ်။
ကုလားဗေဒင်ဆရာတစ်ယောက်နဲ့တွေဖူးတယ်။ဗေဒင်ကိုဝါသနာပါလှချည်းမဟုတ်လင့်ကာစား၊အဟုတ်ကိုယ့်ဘဝလေထဲလွင့်ပါရမည့်အချိန်မှာ
ကောက်ရိုးတစ်မျှင်ကိုအားကိုးသလို
အားထားမိတယ်။
ညတိုင်း ညတိုင်း ကိုယ့်ကို အော်ဟစ်ဆဲလိုက် ကျိမ်စာတိုက်လိုက် အရူးပမာဖြစ်နေသောသူ့ကို ဗေဒင်ဆရာနဲ့တိုင်ပင်တာပါ။''ဆရာ..ကျမသူနဲ့ဝေးဝေးနေချင်တယ်ခဏဖြစ်ဖြစ်ဒါမှမဟုတ်ကြာချင်ကြာပါစေ သူ့ကိုအခြားမှာသွားနေစေချင်တယ်
သူသွားအောင်လုပ်ပေးပါ
ကျမကသူ့ကို သူ့အစ်မဆီသွားနေချေ
ပြောပါတယ် သူ့အစ်ကလည်းသူလာပြီးနေမှာကိုမလိုလားပုံပါပဲ သူကိုယ်တိုင်ကလည်းမသွားဘူး" နင်လင်ငယ်နေချင်လို့
ငါ့ကိုအခြားကိုလွှတ်တာမိုလာ"းတဲ့
တရားစခန်းမှာတရားဝင်ပါ
ဘုန်းကြီးခေတ္တဝတ်ပါ
အဲ့သလိုအကြံပေးတာအားလုံးကလည်းကျမလင်ငယ်နေချင်လို့သာဟုပြန်ချေ
ပ သည်မို့ဗေဒင်ဆရာကိုသာအားကိုးမိတာ။
ကောင်းပြီ ကျနော်ယတြာလုပ်ပေးမယ်။
ငွေနှစ်သောင်းလိုတယ်။
ဒီအင်းကိုအစ်မဆောင်ထား
ဒီဆေးအမှုံ့ ကိုသူစားမယ့်ထမင်းထဲဖြူး
လိုက် ''
ဟာ..ဆရာ့ကျမ..အဲ့သလိုကြီးတော့မလုပ်ချင်ဘူး အဆောင်တော့ယူမယ် အမှုံ့ ကိုတော့မဖြူးးချင်ဘူး
။
"ဒါဆိုလည်းရတယ်လေ အစ်မ ဒီကိစ္စဝင်မပါနဲ့တော့ ကျနော်ကြည့်လုပ်ပေးမယ် အမဲ သားဝယ်ပေးပါ"
"ဟမ်"
အမဲသားကဘာလုပ်ဖို့လဲဟင်
"သရဲကျွေးဖို့ပါ"
"ဟာဆရာ ဒါဆိုကျမ မလုပ်ချင်တော့ဘူး
သူ့ကိုထိခိုက်နစ်နာအောင်မလုပ်ချင်ဘူး"
အဲ့သည်လိုနဲ့ ကိုယ်ဟာသူ့ကိုဘာမှမလုပ်ခဲ့ပါဘူး...ဒါပေမယ့်သူကအရမ်းအကင်းပါးပါတယ်
သမီးကိုပြောသည်တဲ့ နင့်အမေကငါနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကိုထက်ခြမ်းခွဲယူသွားတယ်ငါ့ပုံမတွေ့တော့ဘူး
နင့်အမေ ငါ့ကိုအောက်လမ်းနည်းနဲ့လုပ်နေတာထင်တယ် တဲ့
သမီးပြန်ပြောပြတော့ ကိုယ်ကယဲ့ယဲ့ပြုံးပါသည်။
"မလုပ်ပါဘူးသမီးရယ်"
ကိုယ်လည်းလေ..နှိုက်နှိုက်ကျွတ်ကျွတ်
ချောင်ချိုချောင်ကြားမကျန် သွားဖူးသည်
မေးဖူးသည်။ တစ်ယောက်သောဗေဒင်ဆရာမှာရယ်စရာပင်ကောင်း၏။
ကိုယ့်တပည့်ကခေါ်သွားသဖြင့်ရောက်ခဲ့ရသည်။ဗေဒင်ဆရာအိမ်ကိုရောက်တော့ ဗေဒင်ဆရာမှာ ခြေနှစ်စလုံးမရှိရှာ
"အလို..ဖြစ်မှဖြစ်ရလေ"
ကိုယ့်စိတ်ထဲတွေးမိတာ
ကိုယ့်ကိုမြင်တော့ဗေဒင်ဆရာမှာသူတွက်နေကျ ဗေဒင်စာအုပ်ကြီးအားယူလာသည် ကျောက်သင်ပုံးအပဲ့တစ်ချပ်ပေါ်ဝယ် တောင်ခြစ်မြောက်ခြစ် ခြစ်ပြီးသော် "ဘာသိချင်လဲဟင်"
"ကျမရဲ့.. ရှေ့ရေးပါဆရာ..ဘာဆက်ဖြစ်မှာလဲဟင်"
ဗေဒင်ဆရာက ခေါင်းကိုကုတ်သည်
"အင်းးး "
"ယောက်ျား ရမယ်"
ယူပြီးပါပြီဆရာ
"ကလေး၂ ယောက်ရမယ်"
ရပြီးပါပြီဆရာ
"ဒါဆိုဘာဆက်ဟောရမှာလဲဟင်"
ထိုစဉ် မိုးများသည်းထန်စွာရွာလေသော်
ခြေထောက်မရှိသောဗေဒင်ဆရာသည်
သူ့အိမ်တံခါးတို့အားပိတ်ရန်ကြိုးစားလတ်သော် အမြင်မတော်သဖြင့် နေပါ နေပါဆရာ ကျမ ပိတ်ပေးပါ့မယ်
ကဲတပည့်ကြီး၏်းမေးတော့ငါမေးတော့ဘူးပြီးပြီ
ကိုယ့်တပည့်ကဘာစမေးလဲသိလား
"ဆရာ..သမီးဘယ်တော့အိမ်ထောင်ကျမှာလဲဟင်"
ဗေဒင်ဆရာခေါင်းကိုကုတ်ပြန်၏
ပဲ့နေသောသူ၏ကျောက်သင်ပုံးတွင်
ရေးခြစ်ပြန်လေ၏။
ကိုယ်ကတော့..ကိုယ့်ရဲ့လာမိအမှားမို့ချော်လဲရောထိုင်
"သြော်ဆရာ..ကျမကိုယတြာလေးပေးပါအုန်း"
ဗေဒင်ဆရာက..ထပ်မံခေါင်းကုတ်ပြန်၏ ကိုယ်ကတော့ဆိုင်ကျမှအားရပါးရ
ရယ်အံ့ဟုအောင့်အည်း၍ထားလိုက်လေသည်။
SAWNAYCHYI
Nex post

နောက်တစ်ခါဗေဒင်မေးဖို့ဖြစ်လာတာက..ရွာကသူငယ်ချင်းရဲ့စေစားမှု..သူကဖုန်းဆက်လာတာ
..''စန္ဒာထွေးရေ..နင်ငါနဲ့ပြည်..ကိုသွားရအောင်.."
"ဟမ်''
ဘာသွားလုပ်မှာလဲ
"ဆယ်ထပ်ကြီး ဘုရား နောက်မှာ ငါနဲ့အသိရှိတယ် လိုက်ခဲ့''
အေးလေ..ဘာသွားလုပ်မှာလဲ မေးနေတာ..
"ညေးအတွက်..ဗေဒင်..မေးမလို့"
ထိုအခါ..ကိုယ်ကဝါတော်ရဆရာတော်တစ်ပါး၏ဣနြေ္ဒသဏ္ဍာန်ဖြင့်..
"အင်းးး အင်းးး သူငယ်ချင်းရယ်...
ငါကလေ...တရားစခန်းတွေ..လှည့်ပတ်ဝင်လာတဲ့အခါကျတော့..ကာ..
အကြောင်းကြောင့်..အကျိုးဖြစ်တယ်..
ဆိုတာ..သတိချပ်ပြီး..ငါ့အကြောင်းနဲ့ငါ့ကံ..ရှိပါစေ..ဟာ"
😔😔😔
"ငါရဲ့ဝတ္တရား..တွေ..ပြီးဆုံးရင်..ငါလေ
ယောဂီ အပြီးတိုင်ဝတ်တော့မှာဟ"
😒😏😏
ထိုအခါသူငယ်ချင်းသည်..😡ကိုယ့်ကိုမြင်ပြင်းကတ်သောလေသံဖြင့်
😣😣😣
ငါမအားတဲ့ကြားထည်းကနင့်ကိုလိုက်ပို့
မှာ..ငါ့ဆရာမက..အတုအယောင်မဟုတ်ဘူး..ငါဘာအလုပ်လုပ်..လုပ်
ဆရာမနဲ့တိုင်ပင်လုပ်တာ..ခုထိဘာမှမနစ်နာဘူး..
😡😡😡
ဟင်"😀😀😀တကယ်မှန်တယ်ပေါ့
"😠ဒါပေါ့ "
အေး..အေးပါ
လိုက်မယ်လေ..☺☺☺ဘယ်တော့လာခေါ်မှာလဲ
"😡မနက်ဖန် "
ထိုသို့ဖြင့်..သူငယ်ချင်းခေါ်ဆောင်ရာ
ဆရာမ မဝေထံသို့ ကားရထားဖြင့်ထွက်လာခဲ့လေသည်။ကိုယ်ကသားအမိနှစ်ယောက်..
သူငယ်ချင်းကား ရွာကအဖော်ကောင်မလေးနှင့်အတူအားလုံးလေးယောက်"
ဆရာမအိမ်သို့ရောက်သော်..ဆရာမကမရှိ..ကိုးရီးယားအနိပ်ခန်း
သွားသည်တဲ့လေ...
သူငယ်ချင်းကပြောသည်..လိုက်သွားကြမယ်..
"ဟာ"
မလိုက်ပါနဲ့..ပြန်မယ်ခုအချိန်လိုင်းကားမှီသေးတယ်..
သူငယ်ချင်းကားကိုယ့်ကိုဘာမှမပြော..
ဆရာမရှိရာကိုးရီးယားကျမ္မာရေးစင်တာသို့ခြေဦးလှည့်၏။
"ဘယ်သွားမလို့လဲပြန်ကြမယ်လေဟယ်"
နေ..ပါအုန်းငါခဏသွားကြည့်အုန်းမယ်
အနော်သည်..ကိုယ့်အတွက်ဤမျှစိတ်ထက်သန်စွာအကျိုးဆောင်နေသောသူငယ်ချင်းကိုအားနာသည်ဖြင့်အသာအယာငြိမ်နေလိုက်တော့သည်။
😶😶😶
ကျမ္မာရေးစင်တာသို့ရောက်သောအခါ
၅၀မှ၇၀ကျော်အသက်အရွယ်များအားလုံးကို white boardဖြင့်သင်
ကြားပြသသူကပြသ အိပ်စင်များအရေအတွက်၂၀ လောက်ရှိမည် အဖြူရောင်ပိတ်စများခြုံလွှမ်းခြုံ၍ပက်လက်အနေအထားဖြင်ငြိမ်သက်နေကြသည်။
ဘာလုပ်နေကြသနည်း ကိုယ်မသိ
ယောဂကျင့်စင်လား အကြောပိုင်းဆိုင်ရာနိပ်နယ်တာလား ကိုယ်လည်းသိပ်ပြီး
မလေ့လာတော့ဘူး
ကောင်တာတွင်ဆရာမ မဝေရှိပါသလားစုံစမ်း၍ တာဝန်ရှိသူ မိန်းကလေးငယ်ခေါ်ဆောင်ရာသို့လိုက်ခဲ့သည်။ဆရာမကားအိပ်စင်ပေါတွင်အဝတ်ဖြူလွှမ်း၍ငြိမ်သက်လျက်ရနံ့ကုထုံးလား စိတ်လေ့ကျင့်ခန်းလား
မသိ ။သူငယ်ချင်းကဆရာမထံကပ်၍
အကျိုးအကြောင်းပြောရာဆရာမသည့်
ကိုယ်ထံတစ်ချက်မျှငဲ့ကြည့်၏။
အိမ်ကစောင့်နေသမီး..ဆရာမပြီးတော့မယ်မကြာဘူးလာခဲ့လိုက်မယ်ဟု
အမှာပါးသဖြင့် အနော်တို့အားလုံးပြန်လာခဲ့လိုက်သည်။
သူငယ်ချင်းကား ထမင်းလည်းဝယ်ကျွေးသည်။လမ်းစရိတ်လည်းခံသည်။
😳😳😳😔သြော်သူငါ့ကိုတော်တော်ခင်ရှာပါလား...
ဆရာမရောက်လာသော်ကိုယ့်ကိုမွေးသက္ကရာဇ်ကိုသာမေး၍
မဟာဘုတ်ထောင်တာတွေထူတာတွေမတွေ့....
လက်တန်းဟောမေသည်မှာ..စရဏပိုင်းကိုများအားကိုး၍လော..ကိုယ်မသိ..
ဟောတာတော့စုံရောဗျာ..အနော်လည်းမမှတ်မိတော့ဘူး..ပြန်မပြောပြတတ်ဘူး။
ကိုယ့်ကိုမရမကခေါ်လာသောသူငယ်ချင်း၏ အကြံသည် ထိုကျမှပေါ်တော့၏
သူငယ်ချင်းသည်ဆရာမနှင့်ရင်းနီးသည့်အလျောက်..ရဲရဲတင်းတင်းမေးလိုက်သည်။
"ဆရာမ...သူ့ကိုလေ..သူ့ယောက်ကျားနဲ့ပြန်ပေါင်းရအောင်လုပ်ပေးပါဆရာမ။"
ရုတ်တရက်ပြောချလိုက်သောသူ၏စကားသည်ကိုယ့်ခေါင်းကိုမိုးကြိုးအခါတစ်ရာပစ်ချသည့်နှယ်
အံ့သြထိတ်လန့်၍ကပြာကယာ
စားပွဲအောက်မှလက်ဖြင့်လှမ်းကုတ်၍။
သတိပေးကာခေါင်းခါပြလိုက်သည်။
သူငယ်ချင်းသည်အနော်လှမ်းကုတ် မျက်ရိပ်ပြ ဘယ်လိုမှလုပ်မရ အနော့ကိုလည်းလှည့်ပင်မကြည့်ဆရာမကိုသာတွင်တွင်တောင်းဆိုနေလေသည်။ ဆရာမက အနော့သူငယ်ချင်းကိုခေတ္တမျှ ငိုင်ကြည့်နေပြီးနောက်
စိတ်မကောင်းပါဘူးသမီးရယ်
သမီးရဲ့သူငယ်ချင်း ကလေ အိမ်ထောင်ရေးကံကုန်သွားရှာပြီ သူဟာဘယ်ယောက်ကျားကိုယူယူ သူယူလိုက်ရင်အဲ့သည်လိုပြဲကုံတွေ့ရမှာ ထပ်ယူလည်း
ထပ်ပြီးကွဲမှာပဲ သူကယူလို့မရတော့ဘူး
သူက သာသနာ ပြုရမယ့်သူပါ။
ဟုပြောသည်တွင် သူငယ်ချင်းသည့်အနော့ကိုစိုက်ကြည့်နေတော့သည်။
အနော်က..မျက်စပစ်ပြလိုက်သည်။
တွေ့လားအဲဒါပဲဟု...😜😜😜
အပြန်လမ်းဝယ်အနော်က..သူငယ်ချင်းကိုမေးပါသည်။
"နေစမ်းပါအုန်း..နင်က..ငါ့ကို..ဘာပြုလို့များ..😲😲
ပြန်ပေါင်းခိုင်းရတာတုန်း.."
😒😒😒
ဒီလိုပါသူငယ်ချင်းရယ်...
ငါ့ခြံထဲမှာပေါင်းနှုတ်မြက်နှုတ်တဲ့ကောင်
မလေးတွေ..ပေါ့ဟယ်..နင့်အတင်းကို
ပက်ပက်စက်စက်ပြောနေကြတယ်ဟ
.....
....
Next post

ပက်ပက်စက်စက်ပြောနေကြတယ်ဟ....
အေးပါလုပ်စမ်းပါအုန်းသူတို့ကဘာတွေပြောနေသတုန်း...😧😧😧
"နင်စိတ်မကောင့းမှာစိုးလို့ပြန်ပြောမပြတာ"
နင့်ကိုငါပြောပြမယ်...ငါ့စိတ်ခိုင်တယ်
ပြောမှာသာပြော
"နင်ကတဲ့...ယောက်ကျားနဲ့ကွဲနေတာတဲ့..ကွဲတာကလည်းနင်က
ဖောက်ပြန်လို့ကွဲတာတဲ့
နင်သင်တန်းသွားတက်တယ်ဆိုတာက လည်း..သင်တန်းသွားတက်တာမဟုတ်ဘူးလင်ငယ်နဲ့သွားချိန်းတွေ့တာတဲ့"
🤧😵😵😵😫😫😫ဘာ 😫😫😫
ဟမ်..နင်ပဲ..စိတ်ခိုင်တယ်ဆို...
သူငယ်ချင်းသတိပေးလိုက်မှသာအနော်သည်မိမိဒေါသကိုချွန်းဖြင့်ပြန်အုပ်၍
ခေတ္တခဏ ဒေါသစိတ်၏ လောင်ကျွမ်းမှုကို ငြိမ်သက်အောင်ဝင်လေထွက်လေကိုမှန်အောင်ရှုမှတ်နေရလေသည်။
ငြိမ်သက်နေသောအနော့ကိုသူငယ်ချင်းက စိတ်မကောင်းဖြစ်သွားသလားဟုမေးပါသည်။
"သူငယ်ချင်း ရာ ငါသင်တန်းသွားတာက
အဖော်ကောင်မလေးတစ်ယောက်ခေါ်သွားတယ်လေ..တိတိကျကျပြောရရင် အဲ့သည်ကောင်မလေးက
ငါပဲသူ့ကိုသင်ပေးတာအစစအရာရာ
သင်တန်းကြေးမယူပဲမေတ္တာနဲ့သင်ပေးတာ ငါ့ရဲ့နည်းလမ်းမှတ်စုစာအုပ်
ကိုတောင်ပေးရေးစေတာ..ဒါပေမယ့်
သူငယ်ချင်းရာအခုတော့ ငါ့ကိုတောင်ဆရာနာမည်မခံတော့ဘူးဟ..ထားပါတော့ဟာ..ငါအဲ့သည်တစ်ယောက်နဲ့အတူသွားတာ..မြန်မာပြည်မှာနာမည်ကြီးဆရာမဒေါ်ကြင်ပို့ရဲ့သင်တန်းပေါ့
MRTV4မှာငါ့ပုံတွေပါတယ်လေဒုတိယ
ခုံမှာထိုင်နေတာငါပေါ့ကြည့်လိုက်ရတဲ့သူတွေရှိပါတယ်..ငါအဲ့သည်ကောင်မလေးကိုခေါ်သွားတာက
အဲ့သည်အချိန်ကရန်ကုန်ကိုငါသိပ်မသွားတတ်တာပါတယ်နို့မို့ဆိုခေါ်တောင်မသွားဘူးကျေးဇူးကန်းတယ်သိလား''
အေးပါဟာ..နင့်စေတနာအကျိုးပေးမှာပါဒေါသမဖြစ်စေနဲ့ကုသိုလ်ကနေ
အကုသိုလ်ဖြစ်နေအုံးမယ်
"အင်းပါ..အင်းပါ.. ငါပြောချင်တာကသူပါတယ်လေသက်သေဓာတ်ပုံတွေလည်းရှိတယ်''
ငါ့ကိုသွားပုပ်လေ လွင့်ပြောကြတာက သူတို့ဟာငါ့အပေါ်မကျေနပ်မှုရှိတယ်
အဲ့သည်မကျေနပ်မှုကတော့..သူတို့ဟာ
ငါ့ဆိုင်ကိုလာပြီးအလှပြင်တော့ဈေးဆစ်တယ်လေ..ငါကငါ့ပညာနဲ့တန်ရာတန်ကြေးသပ်မှတ်ထားတာ ကိုယ်နယ်မြေ
ကတောနယ်မို့ဈေးအချိုဆုံးသတ်မှတ်ထားတာ သူတို့ကလှလည်းလှချင်တယ်
ပညာရဲ့တန်ဖိုးကိုကျတော့ဈေးနှိမ်တယ်
ပြောရ ရင်တော့ ပေါ ချောင် ကောင်း
ရွေးတာဟာ ပြီးတော့အခြားဆိုင်တွေကငါ့လောက်အလုပ်မလုပ်ရတော့
ဈေးကို ငါ့ထက်နဲယူတယ် ငါကလည်း
အချောင်နှိုက်တဲ့စိတ်မျိုးကိုသိပ်မုန်းတယ်..သည်တော့..သူတို့..အလိုမကျ
ဖြစ်တယ်..ငါ့ကိုမုန်းကြတယ်..အဲ့သည့်
အမုန်းပုဒ်မနဲ့ငါ့သတင်းနဲနဲကိုများများပိုဖြန့်ချိတာပါ"
ငါသိပါတယ်နင့်မှာသူတို့ပြောသလို
ပွေလီတဲ့စိတ်မရှိတာငါသိတယ်
ဒါ့ကြောင့်မို့ နင့်ယောက်ကျားနဲ့ပြန်ပေါင်းရင်အပြောခံရတာတွေရပ်သွား
မယ်ထင်လို့ပါ😪😪😪
"ထပ်သရီးးးး
နင့်တွက်ကိန်းမှားတယ်
ပြန်ပေါင်းရင်ငါဟာငရဲအိုးထဲပြန်ကျတာ
နဲ့အတူတူပဲ"
နင်ဆရာမလုပ်ခိုင်းတဲ့ယတြယျာတွေလုပ်အုန်း
"လုပ်ချင်ဘူးဟယ်..
ရေထဲဆင်းပြီးနဂါးစာကျွေးရမှာတဲ့
ငါရေထဲမဆင်းရဲဘူး..."

Subscribe to:
Posts (Atom)