Monday, February 12, 2018
အိုးထိမ်းစက်​ကဲ့သို့ချာချာလည်​သည်​ဟု
ပြောရလျင်​ စာသား​ရေးဖွဲ့သူ့ထံတွင်​မည်​မျှ​သော ကြမ္မာရိုက်​ခတ်​လာသည်​ကို
သူ့ထက်​ပို၍မည်​သူသိနိုင်​ပါအံ့။
တစ်​​နေ့ ဟုတ်​တယ်​ ​ဇော်​ဝင်းထွဋ်​​ပြောတယ်​ အဆုံး ကမ္ဘာကြီးရဲ့အဆုံး
ရေ​မြေပျက်​သုန်း ဝရုန်းသုန်းကားနဲ့
ငါ့နှလုံးသားတို့ပဲ့​ကြွေပြီ။
ကိုယ့်​ကိုယ်​ကို တရားနှလုံးသားရှိတယ်
ကိုယ်​ကဖြူစင်​တယ်​ ကိုယ်​ကပြတ်​သားတယ်
ဘဝင်​​တွေမြင့်​သမျှခါးသက်​မှု​လေပြင်း
ကျ​ရောက်​တာ
ဟုတ်​ပါတယ်​ စနစ်​တစ်​ခုရဲ့ဆိုး​မွေတိုးတက်​မှု​တွေနဲ့ငါ့မျက်​ရည်
ငါ့လိုမဖြစ်​​စေချင်​တဲ့​စေတနာ
ငါ့ရင်​ပတ်​မှာ ယွင်းခခြင့်း မြှားအစင်းတစ်​ရာ အဲ့သာထက်​ပိုလို့နာ ငါ့​စေတနာကို​ခြေ​ရေ​ဆေးတယ်
ငါ​ပေးတဲ့အလင်းမှာ စူးနစ်​မှု​မဲ့
ငါ့ရင်​ကွဲသံ​တွေ ငရဲတွင်း​တွေ ကမ်းပါး​တွေ ​ဆောက်​တည်​ရာမဲ့ခဲ့ပီ​လေ။
သည်​လိုပဲ​ပေါ့
သည်​​လောကကြီးဟာ​နေထွက်​မှ​နေဝင်
လိုက်​မကုန်​နိုင်​တဲ့အ​ကြောင်းတရားဇာတ်​စုံအဖုံဖုံရှိကြပြီးဆက်​လည်း
ရှိ​နေအုန်းမှာပါ။
သည်​ဟာ​တွေထဲကမှကိုယ်​သဏ္ဍာန်​မှာဖြစ်​​ပေါ်လာတဲ့အ​ကြောင်းဓမ္မနဲ့ဆီ​လျောင်​​အောင်​သင့်​မြတ်​စွာ​နေတတ်​ပါမှ
အ​နေမြတ်​မယ်​မဟုတ်​လား။ပြည့်​စုံမှုဆိုတာက​တော့ဘယ်​မှာမှမရှိနိုင်​ဘူးထင်​တာပဲ​လေ။
ကိုယ်​က​တော့ကိုယ့်​ဖာသာကိုယ့်​စိတ်​ရဲ့
အလိုအတိုင့်း​နေတာပါပဲ။ဒါ​ပေသိ ကိုယ်​မှအပ ကိုယ့်​အနား ကိုယ့်​ရဲ့အ​ဝေးအားလုံး​သော အားလုံးက ကိုယ့်​ကို
နားမလည်​နိုင်​တာက ဖြစ်​သင့်​တာပဲလို့
တွေးမိပါတယ်​။
ကြည့်​ကြည့်​လိုက်​​လေ...
ကိုယ်​ဆိုလျင်​..အ​မေ​မွေးပြီးသည်​မှ
အ​မေ့ရဲဆဲဆိုသံ အ​ဖေ့ရဲ့စည်းကမ်း​တွေ ​မွေးပြီးထည်းကမနှစ်​သက်​တဲ့အာရုဏ်​နဲ့ နပမ်းလုံးလာခဲ့ရ တာ။
အရွယ်​​ရောက်​ပြန်​​တော့ ရရာ မြင်​ရာ
တွေ့ရာ ​ယောက်​ကျားကို ​ကောက်​ယူ။
လင်​ကုန်​ရှုံး​သောအခါမှာသာ သူ့အပြစ်​ကိုယ်​အပြစ်​ သူ့နိုင်​ ကိုယ့်​အနိုင်​ လုယက်​ပြီးဆင်​​ခြေဆင်​လက်​လည်း
တက်​ခဲ့ရတာက မသိခဲ့ တရားမဲ့ခဲ့၍
လို့အခုချိန်​​တွေးတတ်​လာပြီ​လေ။
သည်​ဟာက ကိုယ်​က ကိုယ့်​ကိုယ်​ကို
နားလည်​​နေတာ။
မှတ်​မှတ်​ရရ​ပြောရလျင်​ဖြင့်​ သူ့အ​ပေါ်စိတ်​ကုန်​တာဟာ က​လေးများငယ်​စဉ်​ထည်းက။ကြုံရတဲ့အဆင်​​ပြေမှု​တွေကလည်း ​ပေါင်းစည်းပြီးမှမညီ ညွတ်​ပါလားလို့သိတာ။အားလုံးခြုံငုံလိုက်​လျင်
မသိခြင်းဆို​သောတရားတလုံးထည်းသာအ​ဖြေထွက်​ခဲ့တယ်​။
ကိုယ့်​ကိုယ်​ကိုသက်​​သေ ချင်​​အောင်​ဖြစ်​ခဲ့ရတဲ့ခံစားမှု အရှုးလို ဘာကိုမှမရှက်​နိုင်​​အောင်​ရုပ်​ပျက်​ဆင်းပျက်​ကြုံခဲ့ရ​နေခဲ့
ရတာ​တွေ ကိုယ့်​ကိုနွယ်​ပြီး မိသားစုသားချင်း​တွေထိခိုက်​ခဲ့ရနစ်​နာခဲ့ရတာကလည်း ကိုယ့်​ကို​နောက်​ဆုံး​တော့အယ်​ဇိုင်းမား ဖြစ်​လုလုအ​ခြေအ​နေကိုတွန်းပို့ခဲ့တာ။
သည်​လိုသင်​ခန်းစာ​တွေကပဲ
ကိုယ့်​ကို တရားရှာရာစခန်းဆီ တွန်းပို့ခဲ့တာမို့​နောက်​ဆုံးတရား​ရေ​အေးရဲ့
သွေး​ကြောမျှင်​​တွေကိုဆုပ်​ကိုင်​မိလာပါ
မှ​သြော်​..ဒါ​တွေက..ငါတစ်​​ယောက်​တည်းကြုံရတာမှမဟုတ်​ပဲ...
ရုပ်​နှင့်​နာမ်​ကို ရလာပြီးသည်​မှကြုံရသည့်​ဒုက္ခမို့ ထပ်​ရလျင်​ထပ်​ခံရမည်​ကို ဆရာသခင်​တို့၏ဆုံးမစကား အထပ်​ထပ်​ကြားနာ၍
ဆင်​ခြင်​မိ​သော်​မှသာ မရချင်​မလိုချင်
ဆိုသည့်​စိတ်​ကို မတတ်​သာ၍ ဆုံးရသည်​။ ထိုမတတ်​သာ၍ဆုံးရသည်​ဆိုတာကိုက ကိုယ်​ဟာတဏှာ၏​စေစားရာနယ်​​မြေထဲမှာ
မလွတ်​နိုင်​​သေးပဲ သတိကင်း​သောအခါတိုင်း တဏှာ၏အခိုင်းကိုခံ၍
တဏှာ၏အလုပ်​ကို​ပေးဆပ်​​နေတုန်းပါပဲ။
Next post...
SAWNAYCHYI
ကိုယ့်​အ​မေ​သော်​မှကိုယ့်​ကိုနားမလည်​တာ အခြားသူများဆီမှ နားလည်​မှုကို
ဘယ်​ကဲ့သို့ရနိုင်​မှာနည်း။အနည်းဆုံး​တော့​ဂေါက်​​နေသည့်​သူ ရူး​နေတာဟု
ပြောကြမည်​သာ။
ဟုတ်​တယ်​​လေ...ကိုယ့်​လုပ်​ပုံကိုကြည့်​လိုက်​အုန်း...
ကွာရှင်းကာပြတ်​ဆဲပီး​သော်​လည်း...
ဆက်​လက်​၍​ပေး​ကျွေး​နေ​သေး​သော
ကိုယ်​...အခါအရံ...သူ့ဆီကိုသားသမီးကိစ္စအခြားကိစ္စများ​ကြောင့်​ဖုန်းဆက်​ဖြစ်​သည်​။..
လမ်းမှာ​တွေလျင်​​တော့စကားတလုံးနှလုံးလှမ်း​ပြောလျင်​လည်း​ပြောသည့်​အခါရှိသည်​။
...ထိုအခါ..ပတ်​ဝန်းကျင်​၏..နားမလည်​​သောအကြည့်​..ကမပြတ်​ဘူးဆို​သောအကြည့်​။
ကိုယ့်​ဖာသာ​တွေးကြည့်​သည်​..ဟုတ်​လား..မပြတ်​တာလား..​ပေါ့။
အဲ့သည်​​တော့အ​ဖြေထွက်​လာတာက
မဟုတ်​ဘူး..ပြန်​​ပေါင်းချင်​တာမဟုတ်​ဘူး
...
ပြတ်​တယ်​...နာတယ်​..သို့​သော်​မမုန်းဘူး..
အဘယ့်​​ကြောင့်​နည်း....အတူယှဉ်​တွဲ
ရွှေလက်​တွဲခဲ့စဉ်​အခါက...သူ​ကောင်းခဲ့တာရှိသည်​..သူဆိုးခဲ့တာများ​ပေမယ့်
ကိုယ်​က​တော့သူ​ကောင်းခဲ့တာကိုဦးစား​ပေးမှတ်​သည်​။
ပြတ်​ပြတ်​သားသားခါးခါးသီး ​နေရ​အောင်​လည်း..ကိုယ်​က​နောက်​​ယောက်
ကျားယူရန်​အစီအစဉ်​မရှိ...
အိမ်​​ထောင်​..ဟူ​သော​ဝေါဟာရကို​ကြောက်​သည်​​နောက်​ထပ်​သူများစိတ်​နှင့်​ကိုယ့်​ကိုယ်​..မ​နေနိုင်​မ​နေတတ်​..
ဒါဆိုရင်​ ဘာဆက်​လုပ်​မှာလဲ...
ဟုတ်​တယ်​အဲ့သလိုသူ့ကို..သူမ​သေမချင်း​ထောက်​ပံ့ထားမည်​။ရောဂါဘယဖြစ်​လာလျင်​လည်းတတ်​နိုင်​သ​လောက်​ကုသ​ပေးမည်​..သူဟာကိုယ့်​ရဲ့အစ်​ကိုတစ်​​ယောက်​လို့သတ်​မှတ်​ထားသည်​။သူ့ဆီမှ​မေတ္တာကိုငံ့လင့်​တာသူ့ဆီကဘာမှရလိုတာမရှိသလို
အခုလို​ပေးကမ်း​ထောက်​ပံ့​နေရသည်​ကိုလည်းအလှူတစ်​ခုဟုသာသတ်​မှတ်​ထားသည်​​လေ။
အခြားသူ​တွေ၊အလှူဌာန​တွေကို​တောင်​ကိုယ်​​တော်​သလိုသင့်​သလို လှူ​နေပါ​သေးလျင်​သူ့ကိုလည်းမလှူနိုင်​စရာမရှိ
မ​ပေးနိုင်​စရာမရှိ။
အခြား​သောကိုယ်​ကိုပဂ္ဂိုလ်​​ရေးပြိုင်​ဆိုင်​မုန်းတီး​နေ​သောသူ​တွေကို​တောင်​ကိုယ်
ပြန်​မမုန်းဘူးဒါ​ပေသိ၊ကိုယ့်​ကိုမလိုအပ်​သူအနားမှာ​ဒွေး​ရောယှက်​တင်​မလုပ်
ဝေး​ဝေး​ရှောင်​သည်​..မပတ်​သက်​​အောင်​​နေသည်​။ကိုယ့်​ကိုအကြံဥဏ်​ဖြင့်​ချည်းကပ်​လာလျင်​လည်းသတိကြီးစွာဖြင့်​ပြန်​လည်​ဆက်​ဆံမှု​ပေးပါသည်​။ကိုယ့်​ဆီက..ကူညီမှုကို
ကိုယ့်​ကိုမုန်း​နေသူက​တောင်း​တောင့်း
ကိုယ့်​ကိုချစ်​သူကပဲ​တောင်း​တောင်း
ကိုယ်​တတ်​နိုင်​သည်​​လောက်​ကူညီမည်​သာ။
ဒီစိတ်​ကို ကိုယ်​က တရားအသိ ရှာရာမှ
ရခဲ့ခြင်းမဟုတ်​ပါ။ဆရာ​တော်​ဦးသြဘာသ​ရေးထား​သော ​ဝေသံသရာ
ဇာတ်​​တော်​စာအုပ်​ကိုဖတ်​၍ပြီး​သောအခါထည်းက ရလာခြင်းပင်​။
စာဖတ်​ပြီး​ပြောင်းလဲသွား​သောကိုယ့်​သဏ္ဍာန်​ကို ကိုယ်​တိုင်​လည်းအံ့သြမိပါတယ်​။ယခင်​ကဆို ကိုယ်​ဟာ
ဒေါသအရာမှာ အာဠာဝက အရှုံး​ပေးရသူ။ကိုယ်​မုန်းတဲ့သူဆိုလျင်​ လှလှပပ လက်​စား​ချေတတ်​ပြီး ။
မထီမဲု့မင်​လုပ်​တတ်​သည့်​အမူအရာကလည်းပြိုင်​သူတကာရှုံး​စေမည်​။ခွင့်​လွတ်​ခြင့်းစိတ်​ကင်းသည်​​တေးကာမှတ်​ထားတတ်​သည်​။ကိုယ်​မုန်း​နေ​သောသူအ​ရေးနိမ့်​သည်​ကိုလှလှပပဝမ်းသာ​နေတတ်​သူ။ဤသို့မ​ကောင်း​သော ကိုယ်​ဟာ
ဝေသံသရာ ဇာတ်​ကိုဖတ်​ပြီး​သောအခါ
ပြောင်းလဲမှုကို တဖြည်းဖြည်းသတိပြုမိလာသည်​။
မုန်းရမည့်​သူကိုမုန်းမရ သို့​သော်​မ​ကောင်းသည့်​သူလို့သိလိုက်​ရလျင်
တော့ထိုသူကို​ဝေး​ဝေးက​ရှောင်​သည်
မ​ကောင်း​သောသ​ဘောထားရှိသူကို
သရဲသဘက်​ထက်​​ကြောက်​သည်​။
ဒါ​ပေမယ့်​ ​ပေ​ပေ​တေ​တေ​နေတတ်​​သော​မွေးရာပါဗီဇကို​တော့​ဖျောက်​ဖျက်​၍မရပါ။
Next post
SAWNAYCHYI
upaiktin33@gmail.com
upaiktin
ဘယ်​သူ့နှလုံးကိုမှညှိုးချုံးး​အောင်​မပြုရက်​သူပါ
ကျောတစ်​ရာရင်​တစ်​ရာဒဏ်​ခတ်​ကာရိုက်​​စေအုန်း​တော့
ဒီမယ်​မှာမတတ်​သာသည်​ပ။
အခွင့်​သည်​မျှရှိခဲ့ပါလျင်
နောက်​ပြန်​ကာလှည့်​ရစ်​ပါလို့
အ​ကောင်းအတိုင်းဖြစ်​​စေ။
ဘဝ​တွေအတီတန်​​တေ
ဝဋ်​ကြမ္မာကိုယ်​သာဖန်​ခဲ့သည်​မို့
အ​ကြွေး​တွေဆပ်​ကာ​ချေရ
အားပါဘူးကွယ်​။
သတိရခြင်းလည်းကိုယ့်​မှာ
သံ​ယောဇဉ်​ဖြစ်​ရခြင်းလည်းကိုယ့်​မှာ
ဖြစ်​၍သာလာ​စေအုန်း​တော့
ပြုံးပီတိမဖြာနိုင်​ပါ။
ဒီမယ်​မှာ ​တွေ၍သာလာဆရာသခင်​အ​ပေါင်းကို ​ပေါင့်းစု၍အ​ဖြေထုတ်​​သော်
အနိစ္စရယ်​ဒုက္ခရယ်​အနတ္တကို
သူတို့​သေချာသင်​ကြားပြတာမို့
နားဝင်​တွင်​ဖန်​​တေထကာ
အ​ကြောက်​သာစိုးမိုးတယ်
ဒါ့​ကြောင့်​​လေ ''ခွင့်​လွတ်​''။
SAWNAYCHYI
အိမ်​​ထောင်​ကွဲပြီးအိမ်​ပြန်​​ရောက်​လာတဲ့ကိုယ့်​ကို အ​ဖေ​ရောအ​မေ​ရော
ဆွေမျိုး​တွေကပါ မယုံ​ရေးချ မှ မယုံ
သူတို့မယုံသည့်​သက်​​သေကလည်း​ရှိသည်​​လေ ။ အကြိမ်​ကြိမ်​ကွဲလိုက်​ပြန်​​ပေါင့်းလိုက်​လိုက်​မို့လား...
အရိပ်​အ​ခြေ​စောင့်​ကြည့်​​နေစဉ်​တွင်​ပင်
သ​ကောင့်​သား ​ယောက်​ကျားက လူကြုံနှင့်​ အိမ်​ပြန်​လာရန်​​ပြောသည်​။
လက်​မှတ်​ထိုးပြီးသည်​မှသုံးရက်​ပင်​မပြည့်​။လူကြုံဖြင့်​စကားပါးလာ​သော်
ဤအရာကိုအခါခါကြုံ​တွေ့ရ​သောကိုယ်​ဟာ လူကြုံအားဤသို့ပြန်​လည်​စကားပါးခဲ့ပါသည်​။''ပြန်​က​တော့မ​ပေါင်းချင်​​တော့ဘူး ​လေး​လေးရယ်​'' သူကျ​နော့ကိုနစ်​နာ​အောင်​​ပြောခဲ့ဆိုခဲ့တာ​တွေကိုလည်းခွင့်​လွတ်​ပါတယ်​ ကျ​နော်​ဝဋ်​​ကြွေးကြီးလို့ခံရတာပါ''ပြုသူအသစ်​ဖြစ်​သူအ​ဟောင့်းပါ''
အ​ကြွေးယူထားရင်​ပြန်​ဆပ်​ရမှာ​ပေါ့''
အေးပါဟာ သူအခုစိတ်​​လေပြီး​လျောက်​သွား​နေတယ်​ဟ ''
ဒါဆိုရင်​လည်း​လေး​လေးရယ်​..သူ့ကို​ပြောလိုက်​ပါ..ဆိုင်​ကိုဝင်​နိုင်​ထွက်​နိုင်​တယ်​ ကျ​နော်​က​တော့အိမ်​ကိုပြန်​မလာ​တော့ဘူးလို့''
အမှန်​အတိုင်း​ပြောရလျင်​..ကိုယ်​တိုင်​က
သူ့ကိုမပြတ်​သားသည်​​တော့မဟုတ်​။ကိုယ်​ မရှိ​တော့လျင်​ သူဘယ်​လိုစားမလဲ အစတည်းက​ငွေမရှာတတ်​​သောသူသည်​ ဘယ်​လိုရှာမှာတဲ့လဲ။
ဟုတ်​ပါသည်​ဆိုင်​ကိုဝင်​ခွင့်​ထွက်​ခွင့်​ရသည်​ဖြင့်​ သူကား ပုံမှန်​ပြန်​ဖြစ်​​လေ၏။တခါတရံအရက်​နံ့ရသည်
အရက်​​သောက်​ပြန်​ပြီလားဟု​မေးလျင်
သူ့တွင်​အထီးကျန်​၍​သောက်​ရသည်
ငွေမရှာနိုင်​၍​သောက်​ရသည်
သားနှင့်​မယားနှင့်​​ပျော်​ရွှင်​စွာမ​နေရ၍​သောက်​သည်
ထိုသို့ဖြင့်​ဆင်​​ခြေများမရိုး​အောင်​​ပေး​လေသည်​။ကိုယ့်​လုပ်​စာကိုယ်​စားပြီး
သူ့မျက်​နှာကြည့်​​နေရ​သောကိုယ်​ကိုယ်​တိုင်​ကလည်းထက်​မြက်​သွက်​လက်​မှုတို့ကိုစတေးထားရသည်က
များများပါပဲ။သူစကား​ပြောလိုက်​တိုင်း
ထေ့တလုံး​ငေါ့တလုံး ​စောင်း​မြောင်းစကား​တွေက ကိုယ့်​စိတ်​ကိုသူနှင့်​​ဝေးရာကိုပို့ပြီးရင်းပို့​နေသည်​။
သူနှင့်​စကား​ပြောလိုက်​တိုင်းအငြင်းအခုံ
ဖြစ်​ရခြင်း၊
မတူ​သောသ​ဘောထားများက
ကိုယ့်​ဆီမှ​နွေး​ထွေးမှုကိုသူ့ကိုဘယ်​လိုမှ​ပေးမရ​တော့​သောအ​ကြောင်းအချက်​အလက်​များပါ​ပေ။
သူ့ကို ​အေးစက်​လာ​သော ကိုယ့်​ကို
သူကလည်း စိတ်​တိုင်းမကျမာန်​ဖီလာ​လေပြီ။စတင်​အိမ်​​ထောင်​ကျပြီးကတည်းက ​ငွေရှာခြင်းအလုပ်​ကိုကျ​တော့မလုပ်​ပဲ စိတ်​​ကောက်​ခြင်းအလုပ်​ကို​တော့သုံးရက်​တစ်​ခါလုပ်​​သောသူသည်
အိမ်​​ထောင်​​ရေး၏​နေဝင်​ဆည်းဆာများမှာအကွက်​စိပ်​စိပ်​ပိုမို​ကောက်​​ကွေးလာ​လေရာ ​နောင်​​သောအခါဝယ်
လုံးဝ လုံးဝ အပြီးငြိမ်းပြတ်​ရ​လေ​တော့သည်​။လက်​မှတ်​ထိုးပြီး​သော်​လည်းဆိုင်​ကိုဝင်​ခွင့်​ထွက်​ခွင့်​ပုံမှန်​ရ​နေ​သောရာထူးမှာ တစ်​နှစ်​ခန့်​ကြာပြီး​သော်
လုံးလုံးလျားလျားပြုတ်​ရ​လေ​တော့သည်​။ကိုယ်​ကမလာပါနဲ့ဟု​ပြောသည်​လည်းမဟုတ်​သူ့ဖာသာ စိတ်​​ကောက်​၍မလာ
တော့ခြင်းမှာ ​နောကပိုင်း​စိတ်​ပြန်​​ပြေ​သော်​လည်းမလာရဲ​တော့ခြင်းသည်​သာ
။ကိုယ်​ကလည်း သူနဲ့ပတ်​သက်​​သော
စိတ်​ဒုက္ခကိုမခံစားလို​တော့​သော​ကြောင့်​ သူ့ကိုလာရန်​ထပ်​မံမဖိတ်​​ခေါ်​တော့​ပေ။
ပထမ စ၍လက်​မှတ်​ထိုးကွာရှင်းပြီး​သော်​လည်း ကိုယ်​​တွေကိုကွာရှင်းထားပါသည်​ဟုမိသားစုမှလွဲ၍မည်​သူမှမရိပ်​မိ။နောက်​ကျ​တော့
ကွယ်​ရာတွင်​သွားပုပ်​​လေလွင့်​အတင်းအဖျင်း​ပြောကြရာ ကိုယ့်​အရပ်​နှင့်​ကိုယ့်
ဇာတ်​မှာ ကိုယ်​ဟာတံဆိပ်​အမျိုးမျိုးအတပ်​ခံရသူ။ပဲ့တင်​ရိုက်​ခတ်​သံများကိုယ့်​နားမှာမရိုးတွ ​အောင်​ကြားရ သည်​။..
ကွဲ​နေတာတဲ့
လင်​ငယ်​​နေလို့တဲ့
ပက်​ပင်းမိတာတဲ့
္ထိထိုစကားများမှာ အဆိုးဆုံးမဟုတ်​တမ်း
တရားများသာ သို့​သော်​ ကိုယ်​ဟာဆင်​​ခြေ​ပေးတတ်​သည့်​သူမျိုး မဖြစ်​​အောင်​အထူး သတိထား ​နေပါသည်​။ဆင်​​ခြေဆိုတာမျိုးက ကိုယ်​အမုန်းဆုံးစကားရပ်​။
"ငတို့က ​ညေးဖက်​က လိုက်​​ပြောပါတယ်​​အေ ဒါ​ပေမယ့်​ ဒီသတင်းကို
ညေး​ယောက်​ကျားကိုယ်​တိုင်​ကလိုက်​​ပြော​နေတာတဲ့''
ကိုယ်​ဟာအမျိုးမျိုးအစွပ်​အစွဲခံ​နေရတာကပင်​ ဘယ်​သူမပြုမိမိမှုပါ​ပေ။
ဆင်​​ခြေမ​ပေးလို​သော်​လည်းတစ်​ခွန်း​တော့တုံ့ပြန်​လိုက်​ပါသည်​။
"ဟုတ်​ကဲ့ပါအစ်​မ..ဒါ​ပေမယ့်​..ကျမရဲ့
အတင်းအဖျင်းကို..​ပြောတဲ့သူ​တွေကို
မေး​ပေးပါအစ်​မ..ကျမရဲ့လင်​ငယ်​..ဟာ
ဘယ်​သူလဲလို့..ဆက်​ဆက်​​မေး​ပေးပါအစ်​မ..ကျမလည်းကိုယ့်​လင်​ငယ်
ကို..ကိုယ်​တိုင်​မသိလို့ပါ''
ထိုအစ်​မ..​ပြေး​လေပြီ..​သြော်​တွတ်​ပီတို့ရွာကစာသာမတတ်​တယ်​..
ဆိုက်​ကိုနည်းနဲ့​တော့​ခြွေတယ်​ဟ...။
To next post...
SAWNAYCHYI
ကိုယ့်​ရဲ့​ပြောင်းလဲလာတဲ့ဘဝကို
ကိုယ်​တိုင်​လည်းအံ့သြပါတယ်​။
ကုလား​ဗေဒင်​ဆရာတစ်​​ယောက်​နဲ့​တွေဖူးတယ်​။ဗေဒင်​ကိုဝါသနာပါလှချည်းမဟုတ်​လင့်​ကာစား၊အဟုတ်​ကိုယ့်​ဘဝ​လေထဲလွင့်​ပါရမည့်​အချိန်​မှာ
အားထားမိတယ်​။
ညတိုင်း ညတိုင်း ကိုယ့်​ကို ​အော်​ဟစ်​ဆဲလိုက်​ ကျိမ်​စာတိုက်​လိုက်​ အရူးပမာဖြစ်​​နေ​သောသူ့ကို ​ဗေဒင်​ဆရာနဲ့တိုင်​ပင်​တာပါ။''ဆရာ..ကျမသူနဲ့​ဝေး​ဝေး​နေချင်​တယ်​ခဏဖြစ်​ဖြစ်​ဒါမှမဟုတ်​ကြာချင်​ကြာပါ​စေ သူ့ကိုအခြားမှာသွား​နေ​စေချင်​တယ်
သူသွား​အောင်​လုပ်​​ပေးပါ
ကျမကသူ့ကို သူ့အစ်​မဆီသွား​နေ​ချေ
ပြောပါတယ်​ သူ့အစ်​ကလည်းသူလာပြီး​နေမှာကိုမလိုလားပုံပါပဲ သူကိုယ်​တိုင်​ကလည်းမသွားဘူး" နင်​လင်​ငယ်​​နေချင်​လို့
ငါ့ကိုအခြားကိုလွှတ်​တာမိုလာ"းတဲ့
တရားစခန်းမှာတရားဝင်​ပါ
ဘုန်းကြီး​ခေတ္တဝတ်​ပါ
အဲ့သလိုအကြံ​ပေးတာအားလုံးကလည်းကျမလင်​ငယ်​​နေချင်​လို့သာဟုပြန်​​ချေ
ပ သည်​မို့​ဗေဒင်​ဆရာကိုသာအားကိုးမိတာ။
ကောင်းပြီ ကျ​နော်​ယတြာလုပ်​​ပေးမယ်​။
ငွေနှစ်​​သောင်းလိုတယ်​။
ဒီအင်းကိုအစ်​မ​ဆောင်​ထား
ဒီ​ဆေးအမှုံ့ ကိုသူစားမယ့်​ထမင်းထဲဖြူး
လိုက်​ ''
ဟာ..ဆရာ့ကျမ..အဲ့သလိုကြီး​တော့မလုပ်​ချင်​ဘူး အ​ဆောင်​​တော့ယူမယ်​ အမှုံ့ ကို​တော့မဖြူးးချင်​ဘူး
"ဒါဆိုလည်းရတယ်​​လေ အစ်​မ ဒီကိစ္စဝင်​မပါနဲ့​တော့ ကျ​နော်​ကြည့်​လုပ်​​ပေးမယ်​ အမဲ သားဝယ်​​ပေးပါ"
"ဟမ်​"
အမဲသားကဘာလုပ်​ဖို့လဲဟင်
"သရဲ​ကျွေးဖို့ပါ"
"ဟာဆရာ ဒါဆိုကျမ မလုပ်​ချင်​​တော့ဘူး
သူ့ကိုထိခိုက်​နစ်​နာ​အောင်​မလုပ်​ချင်​ဘူး"
အဲ့သည်​လိုနဲ့ ကိုယ်​ဟာသူ့ကိုဘာမှမလုပ်​ခဲ့ပါဘူး...ဒါ​ပေမယ့်​သူကအရမ်းအကင်းပါးပါတယ်
သမီးကို​ပြောသည်​တဲ့ နင့်​အ​မေကငါနဲ့တွဲရိုက်​ထားတဲ့ဓာတ်​ပုံကိုထက်​ခြမ်းခွဲယူသွားတယ်​ငါ့ပုံမ​တွေ့​တော့ဘူး
နင့်​အ​မေ ငါ့ကို​အောက်​လမ်းနည်းနဲ့လုပ်​​နေတာထင်​တယ်​ တဲ့
သမီးပြန်​​ပြောပြ​တော့ ကိုယ်​ကယဲ့ယဲ့ပြုံးပါသည်​။
"မလုပ်​ပါဘူးသမီးရယ်​"
ကိုယ်​လည်း​လေ..နှိုက်​နှိုက်​ကျွတ်​ကျွတ်
ချောင်​ချို​ချောင်​ကြားမကျန်​ သွားဖူးသည်
မေးဖူးသည်​။ တစ်​​ယောက်​​သော​ဗေဒင်​ဆရာမှာရယ်​စရာပင်​​ကောင်း၏။
ကိုယ့်​တပည့်​က​ခေါ်သွားသဖြင့်​​ရောက်​ခဲ့ရသည်​။ဗေဒင်​ဆရာအိမ်​ကို​ရောက်​​တော့ ​ဗေဒင်​ဆရာမှာ ​ခြေနှစ်​စလုံးမရှိရှာ
"အလို..ဖြစ်​မှဖြစ်​ရ​လေ"
ကိုယ့်​စိတ်​ထဲ​တွေးမိတာ
ကိုယ့်​ကိုမြင်​​တော့​ဗေဒင်​ဆရာမှာသူတွက်​​နေကျ ​ဗေဒင်​စာအုပ်​ကြီးအားယူလာသည်​ ​ကျောက်​သင်​ပုံးအပဲ့တစ်​ချပ်​​ပေါ်ဝယ်​ ​တောင်​ခြစ်​​မြောက်​ခြစ်​ ခြစ်​ပြီး​သော်​ "ဘာသိချင်​လဲဟင်​"
"ကျမရဲ့.. ​ရှေ့​ရေးပါဆရာ..ဘာဆက်​ဖြစ်​မှာလဲဟင်​"
ဗေဒင်​ဆရာက ​ခေါင်းကိုကုတ်​သည်
"အင်းးး "
"​ယောက်ျား ရမယ်​"
ယူပြီးပါပြီဆရာ
"က​လေး၂ ​ယောက်​ရမယ်​"
ရပြီးပါပြီဆရာ
"ဒါဆိုဘာဆက်​​ဟောရမှာလဲဟင်​"
ထိုစဉ်​ မိုးများသည်းထန်​စွာရွာ​လေ​သော်
ခြေ​ထောက်​မရှိ​သော​ဗေဒင်​ဆရာသည်
သူ့အိမ်​တံခါးတို့အားပိတ်​ရန်​ကြိုးစားလတ်​​သော်​ အမြင်​မ​တော်​သဖြင့်​ ​နေပါ ​နေပါဆရာ ကျမ ပိတ်​​ပေးပါ့မယ်
ကဲတပည့်​ကြီး၏်း​မေး​တော့ငါ​မေး​တော့ဘူးပြီးပြီ
ကိုယ့်​တပည့်​ကဘာစ​မေးလဲသိလား
"ဆရာ..သမီးဘယ်​​တော့အိမ်​​ထောင်​ကျမှာလဲဟင်​"
ဗေဒင်​ဆရာ​ခေါင်းကိုကုတ်​ပြန်​၏
ပဲ့​နေ​သောသူ၏​ကျောက်​သင်​ပုံးတွင်
ရေးခြစ်​ပြန်​​လေ၏။
ကိုယ်​က​တော့..ကိုယ့်​ရဲ့လာမိအမှားမို့​ချော်​လဲ​ရောထိုင်
"​သြော်​ဆရာ..ကျမကိုယတြာ​လေး​ပေးပါအုန်း"
ဗေဒင်​ဆရာက..ထပ်​မံ​ခေါင်းကုတ်​ပြန်​၏ ကိုယ်​က​တော့ဆိုင်​ကျမှအားရပါးရ
ရယ်​အံ့ဟု​အောင့်​အည်း၍ထားလိုက်​​လေသည်​။
SAWNAYCHYI
Nex post