မော်စီလာ
Pw..sandarhtwe123
Monday, February 12, 2018
အိုးထိမ်းစက်ကဲ့သို့ချာချာလည်သည်ဟု
ပြောရလျင် စာသားရေးဖွဲ့သူ့ထံတွင်မည်မျှသော ကြမ္မာရိုက်ခတ်လာသည်ကို
သူ့ထက်ပို၍မည်သူသိနိုင်ပါအံ့။
တစ်နေ့ ဟုတ်တယ် ဇော်ဝင်းထွဋ်ပြောတယ် အဆုံး ကမ္ဘာကြီးရဲ့အဆုံး
ရေမြေပျက်သုန်း ဝရုန်းသုန်းကားနဲ့
ငါ့နှလုံးသားတို့ပဲ့ကြွေပြီ။
ကိုယ့်ကိုယ်ကို တရားနှလုံးသားရှိတယ်
ကိုယ်ကဖြူစင်တယ် ကိုယ်ကပြတ်သားတယ်
ဘဝင်တွေမြင့်သမျှခါးသက်မှုလေပြင်း
ကျရောက်တာ
ဟုတ်ပါတယ် စနစ်တစ်ခုရဲ့ဆိုးမွေတိုးတက်မှုတွေနဲ့ငါ့မျက်ရည်
ငါ့လိုမဖြစ်စေချင်တဲ့စေတနာ
ငါ့ရင်ပတ်မှာ ယွင်းခခြင့်း မြှားအစင်းတစ်ရာ အဲ့သာထက်ပိုလို့နာ ငါ့စေတနာကိုခြေရေဆေးတယ်
ငါပေးတဲ့အလင်းမှာ စူးနစ်မှုမဲ့
ငါ့ရင်ကွဲသံတွေ ငရဲတွင်းတွေ ကမ်းပါးတွေ ဆောက်တည်ရာမဲ့ခဲ့ပီလေ။

သည်လိုပဲပေါ့
သည်လောကကြီးဟာနေထွက်မှနေဝင်
လိုက်မကုန်နိုင်တဲ့အကြောင်းတရားဇာတ်စုံအဖုံဖုံရှိကြပြီးဆက်လည်း
ရှိနေအုန်းမှာပါ။
သည်ဟာတွေထဲကမှကိုယ်သဏ္ဍာန်မှာဖြစ်ပေါ်လာတဲ့အကြောင်းဓမ္မနဲ့ဆီလျောင်အောင်သင့်မြတ်စွာနေတတ်ပါမှ
အနေမြတ်မယ်မဟုတ်လား။ပြည့်စုံမှုဆိုတာကတော့ဘယ်မှာမှမရှိနိုင်ဘူးထင်တာပဲလေ။
ကိုယ်ကတော့ကိုယ့်ဖာသာကိုယ့်စိတ်ရဲ့
အလိုအတိုင့်းနေတာပါပဲ။ဒါပေသိ ကိုယ်မှအပ ကိုယ့်အနား ကိုယ့်ရဲ့အဝေးအားလုံးသော အားလုံးက ကိုယ့်ကို
နားမလည်နိုင်တာက ဖြစ်သင့်တာပဲလို့
တွေးမိပါတယ်။
ကြည့်ကြည့်လိုက်လေ...
ကိုယ်ဆိုလျင်..အမေမွေးပြီးသည်မှ
အမေ့ရဲဆဲဆိုသံ အဖေ့ရဲ့စည်းကမ်းတွေ မွေးပြီးထည်းကမနှစ်သက်တဲ့အာရုဏ်နဲ့ နပမ်းလုံးလာခဲ့ရ တာ။
အရွယ်ရောက်ပြန်တော့ ရရာ မြင်ရာ
တွေ့ရာ ယောက်ကျားကို ကောက်ယူ။
လင်ကုန်ရှုံးသောအခါမှာသာ သူ့အပြစ်ကိုယ်အပြစ် သူ့နိုင် ကိုယ့်အနိုင် လုယက်ပြီးဆင်ခြေဆင်လက်လည်း
တက်ခဲ့ရတာက မသိခဲ့ တရားမဲ့ခဲ့၍
လို့အခုချိန်တွေးတတ်လာပြီလေ။
သည်ဟာက ကိုယ်က ကိုယ့်ကိုယ်ကို
နားလည်နေတာ။
မှတ်မှတ်ရရပြောရလျင်ဖြင့် သူ့အပေါ်စိတ်ကုန်တာဟာ ကလေးများငယ်စဉ်ထည်းက။ကြုံရတဲ့အဆင်ပြေမှုတွေကလည်း ပေါင်းစည်းပြီးမှမညီ ညွတ်ပါလားလို့သိတာ။အားလုံးခြုံငုံလိုက်လျင်
မသိခြင်းဆိုသောတရားတလုံးထည်းသာအဖြေထွက်ခဲ့တယ်။
ကိုယ့်ကိုယ်ကိုသက်သေ ချင်အောင်ဖြစ်ခဲ့ရတဲ့ခံစားမှု အရှုးလို ဘာကိုမှမရှက်နိုင်အောင်ရုပ်ပျက်ဆင်းပျက်ကြုံခဲ့ရနေခဲ့
ရတာတွေ ကိုယ့်ကိုနွယ်ပြီး မိသားစုသားချင်းတွေထိခိုက်ခဲ့ရနစ်နာခဲ့ရတာကလည်း ကိုယ့်ကိုနောက်ဆုံးတော့အယ်ဇိုင်းမား ဖြစ်လုလုအခြေအနေကိုတွန်းပို့ခဲ့တာ။
သည်လိုသင်ခန်းစာတွေကပဲ
ကိုယ့်ကို တရားရှာရာစခန်းဆီ တွန်းပို့ခဲ့တာမို့နောက်ဆုံးတရားရေအေးရဲ့
သွေးကြောမျှင်တွေကိုဆုပ်ကိုင်မိလာပါ
မှသြော်..ဒါတွေက..ငါတစ်ယောက်တည်းကြုံရတာမှမဟုတ်ပဲ...
ရုပ်နှင့်နာမ်ကို ရလာပြီးသည်မှကြုံရသည့်ဒုက္ခမို့ ထပ်ရလျင်ထပ်ခံရမည်ကို ဆရာသခင်တို့၏ဆုံးမစကား အထပ်ထပ်ကြားနာ၍
ဆင်ခြင်မိသော်မှသာ မရချင်မလိုချင်
ဆိုသည့်စိတ်ကို မတတ်သာ၍ ဆုံးရသည်။ ထိုမတတ်သာ၍ဆုံးရသည်ဆိုတာကိုက ကိုယ်ဟာတဏှာ၏စေစားရာနယ်မြေထဲမှာ
မလွတ်နိုင်သေးပဲ သတိကင်းသောအခါတိုင်း တဏှာ၏အခိုင်းကိုခံ၍
တဏှာ၏အလုပ်ကိုပေးဆပ်နေတုန်းပါပဲ။
Next post...
SAWNAYCHYI

ကိုယ့်အမေသော်မှကိုယ့်ကိုနားမလည်တာ အခြားသူများဆီမှ နားလည်မှုကို
ဘယ်ကဲ့သို့ရနိုင်မှာနည်း။အနည်းဆုံးတော့ဂေါက်နေသည့်သူ ရူးနေတာဟု
ပြောကြမည်သာ။
ဟုတ်တယ်လေ...ကိုယ့်လုပ်ပုံကိုကြည့်လိုက်အုန်း...
ကွာရှင်းကာပြတ်ဆဲပီးသော်လည်း...
ဆက်လက်၍ပေးကျွေးနေသေးသော
ကိုယ်...အခါအရံ...သူ့ဆီကိုသားသမီးကိစ္စအခြားကိစ္စများကြောင့်ဖုန်းဆက်ဖြစ်သည်။..
လမ်းမှာတွေလျင်တော့စကားတလုံးနှလုံးလှမ်းပြောလျင်လည်းပြောသည့်အခါရှိသည်။
...ထိုအခါ..ပတ်ဝန်းကျင်၏..နားမလည်သောအကြည့်..ကမပြတ်ဘူးဆိုသောအကြည့်။
ကိုယ့်ဖာသာတွေးကြည့်သည်..ဟုတ်လား..မပြတ်တာလား..ပေါ့။
အဲ့သည်တော့အဖြေထွက်လာတာက
မဟုတ်ဘူး..ပြန်ပေါင်းချင်တာမဟုတ်ဘူး
...
ပြတ်တယ်...နာတယ်..သို့သော်မမုန်းဘူး..
အဘယ့်ကြောင့်နည်း....အတူယှဉ်တွဲ
ရွှေလက်တွဲခဲ့စဉ်အခါက...သူကောင်းခဲ့တာရှိသည်..သူဆိုးခဲ့တာများပေမယ့်
ကိုယ်ကတော့သူကောင်းခဲ့တာကိုဦးစားပေးမှတ်သည်။
ပြတ်ပြတ်သားသားခါးခါးသီး နေရအောင်လည်း..ကိုယ်ကနောက်ယောက်
ကျားယူရန်အစီအစဉ်မရှိ...
အိမ်ထောင်..ဟူသောဝေါဟာရကိုကြောက်သည်နောက်ထပ်သူများစိတ်နှင့်ကိုယ့်ကိုယ်..မနေနိုင်မနေတတ်..
ဒါဆိုရင် ဘာဆက်လုပ်မှာလဲ...
ဟုတ်တယ်အဲ့သလိုသူ့ကို..သူမသေမချင်းထောက်ပံ့ထားမည်။ရောဂါဘယဖြစ်လာလျင်လည်းတတ်နိုင်သလောက်ကုသပေးမည်..သူဟာကိုယ့်ရဲ့အစ်ကိုတစ်ယောက်လို့သတ်မှတ်ထားသည်။သူ့ဆီမှမေတ္တာကိုငံ့လင့်တာသူ့ဆီကဘာမှရလိုတာမရှိသလို
အခုလိုပေးကမ်းထောက်ပံ့နေရသည်ကိုလည်းအလှူတစ်ခုဟုသာသတ်မှတ်ထားသည်လေ။
အခြားသူတွေ၊အလှူဌာနတွေကိုတောင်ကိုယ်တော်သလိုသင့်သလို လှူနေပါသေးလျင်သူ့ကိုလည်းမလှူနိုင်စရာမရှိ
မပေးနိုင်စရာမရှိ။
အခြားသောကိုယ်ကိုပဂ္ဂိုလ်ရေးပြိုင်ဆိုင်မုန်းတီးနေသောသူတွေကိုတောင်ကိုယ်
ပြန်မမုန်းဘူးဒါပေသိ၊ကိုယ့်ကိုမလိုအပ်သူအနားမှာဒွေးရောယှက်တင်မလုပ်
ဝေးဝေးရှောင်သည်..မပတ်သက်အောင်နေသည်။ကိုယ့်ကိုအကြံဥဏ်ဖြင့်ချည်းကပ်လာလျင်လည်းသတိကြီးစွာဖြင့်ပြန်လည်ဆက်ဆံမှုပေးပါသည်။ကိုယ့်ဆီက..ကူညီမှုကို
ကိုယ့်ကိုမုန်းနေသူကတောင်းတောင့်း
ကိုယ့်ကိုချစ်သူကပဲတောင်းတောင်း
ကိုယ်တတ်နိုင်သည်လောက်ကူညီမည်သာ။
ဒီစိတ်ကို ကိုယ်က တရားအသိ ရှာရာမှ
ရခဲ့ခြင်းမဟုတ်ပါ။ဆရာတော်ဦးသြဘာသရေးထားသော ဝေသံသရာ
ဇာတ်တော်စာအုပ်ကိုဖတ်၍ပြီးသောအခါထည်းက ရလာခြင်းပင်။
စာဖတ်ပြီးပြောင်းလဲသွားသောကိုယ့်သဏ္ဍာန်ကို ကိုယ်တိုင်လည်းအံ့သြမိပါတယ်။ယခင်ကဆို ကိုယ်ဟာ
ဒေါသအရာမှာ အာဠာဝက အရှုံးပေးရသူ။ကိုယ်မုန်းတဲ့သူဆိုလျင် လှလှပပ လက်စားချေတတ်ပြီး ။
မထီမဲု့မင်လုပ်တတ်သည့်အမူအရာကလည်းပြိုင်သူတကာရှုံးစေမည်။ခွင့်လွတ်ခြင့်းစိတ်ကင်းသည်တေးကာမှတ်ထားတတ်သည်။ကိုယ်မုန်းနေသောသူအရေးနိမ့်သည်ကိုလှလှပပဝမ်းသာနေတတ်သူ။ဤသို့မကောင်းသော ကိုယ်ဟာ
ဝေသံသရာ ဇာတ်ကိုဖတ်ပြီးသောအခါ
ပြောင်းလဲမှုကို တဖြည်းဖြည်းသတိပြုမိလာသည်။
မုန်းရမည့်သူကိုမုန်းမရ သို့သော်မကောင်းသည့်သူလို့သိလိုက်ရလျင်
တော့ထိုသူကိုဝေးဝေးကရှောင်သည်
မကောင်းသောသဘောထားရှိသူကို
သရဲသဘက်ထက်ကြောက်သည်။
ဒါပေမယ့် ပေပေတေတေနေတတ်သောမွေးရာပါဗီဇကိုတော့ဖျောက်ဖျက်၍မရပါ။
Next post

ဘယ်သူ့နှလုံးကိုမှညှိုးချုံးးအောင်မပြုရက်သူပါ
ကျောတစ်ရာရင်တစ်ရာဒဏ်ခတ်ကာရိုက်စေအုန်းတော့
ဒီမယ်မှာမတတ်သာသည်ပ။
အခွင့်သည်မျှရှိခဲ့ပါလျင်
နောက်ပြန်ကာလှည့်ရစ်ပါလို့
အကောင်းအတိုင်းဖြစ်စေ။
ဘဝတွေအတီတန်တေ
ဝဋ်ကြမ္မာကိုယ်သာဖန်ခဲ့သည်မို့
အကြွေးတွေဆပ်ကာချေရ
အားပါဘူးကွယ်။
သတိရခြင်းလည်းကိုယ့်မှာ
သံယောဇဉ်ဖြစ်ရခြင်းလည်းကိုယ့်မှာ
ဖြစ်၍သာလာစေအုန်းတော့
ပြုံးပီတိမဖြာနိုင်ပါ။
ဒီမယ်မှာ တွေ၍သာလာဆရာသခင်အပေါင်းကို ပေါင့်းစု၍အဖြေထုတ်သော်
အနိစ္စရယ်ဒုက္ခရယ်အနတ္တကို
သူတို့သေချာသင်ကြားပြတာမို့
နားဝင်တွင်ဖန်တေထကာ
အကြောက်သာစိုးမိုးတယ်
ဒါ့ကြောင့်လေ ''ခွင့်လွတ်''။

အိမ်ထောင်ကွဲပြီးအိမ်ပြန်ရောက်လာတဲ့ကိုယ့်ကို အဖေရောအမေရော
ဆွေမျိုးတွေကပါ မယုံရေးချ မှ မယုံ
သူတို့မယုံသည့်သက်သေကလည်းရှိသည်လေ ။ အကြိမ်ကြိမ်ကွဲလိုက်ပြန်ပေါင့်းလိုက်လိုက်မို့လား...
အရိပ်အခြေစောင့်ကြည့်နေစဉ်တွင်ပင်
သကောင့်သား ယောက်ကျားက လူကြုံနှင့် အိမ်ပြန်လာရန်ပြောသည်။
လက်မှတ်ထိုးပြီးသည်မှသုံးရက်ပင်မပြည့်။လူကြုံဖြင့်စကားပါးလာသော်
ဤအရာကိုအခါခါကြုံတွေ့ရသောကိုယ်ဟာ လူကြုံအားဤသို့ပြန်လည်စကားပါးခဲ့ပါသည်။''ပြန်ကတော့မပေါင်းချင်တော့ဘူး လေးလေးရယ်'' သူကျနော့ကိုနစ်နာအောင်ပြောခဲ့ဆိုခဲ့တာတွေကိုလည်းခွင့်လွတ်ပါတယ် ကျနော်ဝဋ်ကြွေးကြီးလို့ခံရတာပါ''ပြုသူအသစ်ဖြစ်သူအဟောင့်းပါ''
အကြွေးယူထားရင်ပြန်ဆပ်ရမှာပေါ့''
အေးပါဟာ သူအခုစိတ်လေပြီးလျောက်သွားနေတယ်ဟ ''
ဒါဆိုရင်လည်းလေးလေးရယ်..သူ့ကိုပြောလိုက်ပါ..ဆိုင်ကိုဝင်နိုင်ထွက်နိုင်တယ် ကျနော်ကတော့အိမ်ကိုပြန်မလာတော့ဘူးလို့''
အမှန်အတိုင်းပြောရလျင်..ကိုယ်တိုင်က
သူ့ကိုမပြတ်သားသည်တော့မဟုတ်။ကိုယ် မရှိတော့လျင် သူဘယ်လိုစားမလဲ အစတည်းကငွေမရှာတတ်သောသူသည် ဘယ်လိုရှာမှာတဲ့လဲ။
ဟုတ်ပါသည်ဆိုင်ကိုဝင်ခွင့်ထွက်ခွင့်ရသည်ဖြင့် သူကား ပုံမှန်ပြန်ဖြစ်လေ၏။တခါတရံအရက်နံ့ရသည်
အရက်သောက်ပြန်ပြီလားဟုမေးလျင်
သူ့တွင်အထီးကျန်၍သောက်ရသည်
ငွေမရှာနိုင်၍သောက်ရသည်
သားနှင့်မယားနှင့်ပျော်ရွှင်စွာမနေရ၍သောက်သည်
ထိုသို့ဖြင့်ဆင်ခြေများမရိုးအောင်ပေးလေသည်။ကိုယ့်လုပ်စာကိုယ်စားပြီး
သူ့မျက်နှာကြည့်နေရသောကိုယ်ကိုယ်တိုင်ကလည်းထက်မြက်သွက်လက်မှုတို့ကိုစတေးထားရသည်က
များများပါပဲ။သူစကားပြောလိုက်တိုင်း
ထေ့တလုံးငေါ့တလုံး စောင်းမြောင်းစကားတွေက ကိုယ့်စိတ်ကိုသူနှင့်ဝေးရာကိုပို့ပြီးရင်းပို့နေသည်။
သူနှင့်စကားပြောလိုက်တိုင်းအငြင်းအခုံ
ဖြစ်ရခြင်း၊
မတူသောသဘောထားများက
ကိုယ့်ဆီမှနွေးထွေးမှုကိုသူ့ကိုဘယ်လိုမှပေးမရတော့သောအကြောင်းအချက်အလက်များပါပေ။
သူ့ကို အေးစက်လာသော ကိုယ့်ကို
သူကလည်း စိတ်တိုင်းမကျမာန်ဖီလာလေပြီ။စတင်အိမ်ထောင်ကျပြီးကတည်းက ငွေရှာခြင်းအလုပ်ကိုကျတော့မလုပ်ပဲ စိတ်ကောက်ခြင်းအလုပ်ကိုတော့သုံးရက်တစ်ခါလုပ်သောသူသည်
အိမ်ထောင်ရေး၏နေဝင်ဆည်းဆာများမှာအကွက်စိပ်စိပ်ပိုမိုကောက်ကွေးလာလေရာ နောင်သောအခါဝယ်
လုံးဝ လုံးဝ အပြီးငြိမ်းပြတ်ရလေတော့သည်။လက်မှတ်ထိုးပြီးသော်လည်းဆိုင်ကိုဝင်ခွင့်ထွက်ခွင့်ပုံမှန်ရနေသောရာထူးမှာ တစ်နှစ်ခန့်ကြာပြီးသော်
လုံးလုံးလျားလျားပြုတ်ရလေတော့သည်။ကိုယ်ကမလာပါနဲ့ဟုပြောသည်လည်းမဟုတ်သူ့ဖာသာ စိတ်ကောက်၍မလာ
တော့ခြင်းမှာ နောကပိုင်းစိတ်ပြန်ပြေသော်လည်းမလာရဲတော့ခြင်းသည်သာ
။ကိုယ်ကလည်း သူနဲ့ပတ်သက်သော
စိတ်ဒုက္ခကိုမခံစားလိုတော့သောကြောင့် သူ့ကိုလာရန်ထပ်မံမဖိတ်ခေါ်တော့ပေ။
ပထမ စ၍လက်မှတ်ထိုးကွာရှင်းပြီးသော်လည်း ကိုယ်တွေကိုကွာရှင်းထားပါသည်ဟုမိသားစုမှလွဲ၍မည်သူမှမရိပ်မိ။နောက်ကျတော့
ကွယ်ရာတွင်သွားပုပ်လေလွင့်အတင်းအဖျင်းပြောကြရာ ကိုယ့်အရပ်နှင့်ကိုယ့်
ဇာတ်မှာ ကိုယ်ဟာတံဆိပ်အမျိုးမျိုးအတပ်ခံရသူ။ပဲ့တင်ရိုက်ခတ်သံများကိုယ့်နားမှာမရိုးတွ အောင်ကြားရ သည်။..
ကွဲနေတာတဲ့
လင်ငယ်နေလို့တဲ့
ပက်ပင်းမိတာတဲ့
္ထိထိုစကားများမှာ အဆိုးဆုံးမဟုတ်တမ်း
တရားများသာ သို့သော် ကိုယ်ဟာဆင်ခြေပေးတတ်သည့်သူမျိုး မဖြစ်အောင်အထူး သတိထား နေပါသည်။ဆင်ခြေဆိုတာမျိုးက ကိုယ်အမုန်းဆုံးစကားရပ်။
"ငတို့က ညေးဖက်က လိုက်ပြောပါတယ်အေ ဒါပေမယ့် ဒီသတင်းကို
ညေးယောက်ကျားကိုယ်တိုင်ကလိုက်ပြောနေတာတဲ့''
ကိုယ်ဟာအမျိုးမျိုးအစွပ်အစွဲခံနေရတာကပင် ဘယ်သူမပြုမိမိမှုပါပေ။
ဆင်ခြေမပေးလိုသော်လည်းတစ်ခွန်းတော့တုံ့ပြန်လိုက်ပါသည်။
"ဟုတ်ကဲ့ပါအစ်မ..ဒါပေမယ့်..ကျမရဲ့
အတင်းအဖျင်းကို..ပြောတဲ့သူတွေကို
မေးပေးပါအစ်မ..ကျမရဲ့လင်ငယ်..ဟာ
ဘယ်သူလဲလို့..ဆက်ဆက်မေးပေးပါအစ်မ..ကျမလည်းကိုယ့်လင်ငယ်
ကို..ကိုယ်တိုင်မသိလို့ပါ''
ထိုအစ်မ..ပြေးလေပြီ..သြော်တွတ်ပီတို့ရွာကစာသာမတတ်တယ်..
ဆိုက်ကိုနည်းနဲ့တော့ခြွေတယ်ဟ...။
To next post...

Subscribe to:
Posts (Atom)