သားကကိုယ့်အသက်။သားရန်ကုန်မှာ
သင်တန်းတက်နေစဉ်ကပေါ့၊ငွေပြတ်သွားပြီတဲ့၊ညစာစားစရာပိုက်ဆံတောင်မရှိတော့ဘူးလို့ပြောသောအခါကိုယ့်မှာ
အတောင်ပံနှင်လေဟုန်စီးသွားရကောင်းမလား၊ပိုက်ဆံဘယ်လောက်ကုန်ကုန်ကား
တစ်စီးငှါး၍ချက်ချင်းလိုက်ပြေးချင်စိတ်
ဖြင့်ထူပူ၍ဖြစ်ဖူးသည်။
သား၏ဖုန်းကစက်ပိတ်ထားသည်ဟု
ဖြေလျင်ဆောက်တည်ရာမရ။ကမ္ဘာပျက်သလိုခံစားရသည်။
တစ်နေ့တစ်နေ့သားဆီကိုဖုန်းဆက်ရ
သည့်အကြိမ်ရေကမမှတ်မိလောက်အောင်များပြားလှသည်။
သားလှ၏မျက်နှာကိုစတင်မြင်ရစဉ်ကပင်ကြည့်မဝ၊လက်မှမချပါးပြင်များခွက်ဝင်သွားမတတ်နမ်းရှုံ့ရသည်ကအကြိမ်ကြိမ်။
နို့တိုက်ရင်းလည်းသား၏မျက်နှာကို
ငုံ၍ကြည့်လွန်းသဖြင့်ဇက်အကြောများပင်နာဖူးခဲ့သည်။
သားငယ်ငယ်ကအမေကိုသိပ်ချစ်ခဲ့သည်။အမေကမပေါင်းနဲ့ဆိုသောသူငယ်ချင်းကိုမပေါင်းပဲအမေစိတ်ကြိုက်နေခဲ့သည်။အမေစကားတစ်ခွန်းမြေဝယ်မကျနားထောင်ခဲ့သည့်သားကကိုးတန်းနှစ်သို့ရောက်သော်ပြန်ခံပြောတတ်လာစပြုလေပြီ။ကိုယ်သာအဆုံးမအသွန်သင်မတတ်ခဲ့လို့မှတ်ရပေမည်။တစ်နေ့မှာသမီးကပြောသည်"အမေ..ကိုကိုက..အမေ့အတွက်..ပဲကီးလှော်ဝယ်ခဲ့တယ်တဲ့"
"ပဲကြီးလှော် ကြီးကိုငါကဘာလုပ်ဖို့တုန်း
စားချင်ပေါင်"
"ပါးစပ်နဲ့စားရမှာမဟုတ်ဘူးနားနဲ့စားရမှာအမေရအဲ့သည်ကနားထောင်နေ
ဖွင့်ပြမယ်"🎵🎶🎵မယားအတွက်စိန်နားကပ် 🎵🎶အမေ့အတွက်ပဲကြီးလှော်😁🎶🎵
"တော်စမ်း...ပိတ်လိုက်..နားမထောင်ချင်ဘူး"
သမီးကတဟားဟားရယ်ပါတော့သည်။
ကိုယ့်မှာသာငိုရခက်ရယ်ရခက်။
သူကအဲ့သည်အချိန်ထည်းကကိုယ့်ကိုပဲကြီးလှော်ပဲကျွေးဖို့ကြံစည်ထားသူ။
ဖုန်းရဲ့ကွန်တက်မှာသားဖုန်းကိုအမေ့သားလို့ကွန်တက်ထည့်ထားတာကိုတွေ့သွားသောသမီးကသူ့ဘဘကြီး
ဆိုင်သို့ရောက်လာသောအခါ
"ဘဘကြီး..ဘဘကြီး..အမေကလေ
သူ့ဖုန်းထဲမှာသူ့သားကိုကွန်တက်ရေးတာအမေ့သားတဲ့"
အဖေက..
"အေးလေ..သူ့သားမို့..အမေ့သားလို့ရေးတာမှားသလားဟဲ့"
"မမှားဘူး..ဒါပေမယ့်..မမျှတဘူး..
သမီးကိုကျတော့ပွင့်မြတ်ဖြူတဲ့"
အဖေသည်ပြုံးစိစိလုပ်၏သူ့မြည်းမကို
စနောက်လိုသဖြင့်..
"အေးလေ..အဲ့ဒါလည်းမှန်သားပဲ..
နင့်နာမည်ကပွင့်မြတ်ဖြူပဲလေ.."
သမီးသည်ရှုံ့မဲ့သွားပြီးလျင်..
"သမီးကိုလည်းအမေ့သမီးလို့ရေးရမှာပေါ့ခုတော့သူကသူ့သားကိုပိုချစ်နေတာလေ..အဝေးမှာနေရင်အချစ်ခံရတယ်..တွေ့မယ်..စာမေးပွဲဖြေပြီးရင်ငါလည်းအလုပ်သွားလုပ်မယ်..သူ့အနားမနေဘူး"
ထိုသို့ပြောဆို၍သမီးကခြေစောင့်ကာထွက်သွားလေတော့သည်။
အဝေးသင်စာမေးပွဲတွေဖြေဆိုချိန်နီးပြီ
ဆိုတော့သားတော်မောင်အလုပ်မှခွင့်ယူကာပြန်လာသည့်ရက်ဝယ်..
"သားရေ..အမေ့ဆီကိုတမ်းလာနော်..
နင့်အဖေအိမ်ကိုအရင်မသွားနဲ့.."
သားကအင်း..အင်းဟုဖြေသဖြင့်ပြော
သည့်အတိုင်းဖြစ်မယ်အထင်ဖြင့်သားလာမည့်လမ်းကိုမျှော်ငေးနေခဲ့သည်။
ဖုန်းဆက်သည်ဘယ်နေရာရောက်ပြီလဲ
ဖုန်းဆက်သည်ပစ္စည်းတွေသေချာဂရုစိုက်ဖို့ဖုန်းအတွင်တွင်ဆက်သည့်ကြားမှ
သားလှသားတော်မောင်ကအမေဆီသို့
အချိန်တန်ရောက်မလာ..သူ့ရည်းစားရှိရာသိုချော်တောငေါ၍အလျင်ဦးစွာသွား
တွေ့လေ၏။ဤသည်ကိုကြိတ်မနိုင်ခဲမရဖြစ်သောကိုယ်ကသားတော်မောင်ရောက်လာသော်
"ကြည့်စမ်းကြည့်စမ်း..မအေကသည်လောက်ဖုန်းဆက်ပြီးမအေဆီတွင်တွင်လာဖို့ပြောနေတာကို နင်ကရည်းစားဆီအလျင်သွားတယ်
ငါနင့်ကိုစိတ်နာတယ်သိလား"ဟုအငိုတပိုင်းနှင့်ပြောသောအခါသားကတဖက်သို့မျက်နှာလွှဲလေ၏။အဖေကတော့
ရယ်စရာကဲ့သို့ပုံမှာထား၍
"ဟဲ့..သူ့ရည်းစားမျက်နှာနဲ့နင့်မျက်နှာကတူလို့လား..ဟိုကမျက်နှာကအမောပြေလို့ဟိုကိုသွားတာနေမှာပေါ့တဲ့"
ဟုတ်ပါတယ်အမေကတော့သားတို့ရုပ်ရည်သီတာမြည်သော်လည်းသားတော်မောင်ကတော့အမေ့မျက်နှာမှာအမောမပြေသည်။
ညအခါဝယ်ထွားကြိုင်းလှသောသားကို
တစ်နှစ်ကြာမှာတစ်ခါသာတွေ့ရသောသားကိုအမေ့ညာလက်တွင်ခေါင်းတင်စေ၍ပွေ့ဖက်ကာအိပ်သည်တွင်သား၏ခန္ဓာက်ုစေ့ငုစွာကြည့်လျက်
သားငယ်ငယ်လသားအရွယ်အမေ့လက်ကိုခေါင်းအုန်း၍အမေ့နို့ရည်ကိုစို့ရင်းအိပ်စဉ်ကသားခန္ဓာသေးသေးသည်အမေ့ရင်ခွင်၌လုံလောက်စွာအမေ့သားကိုအမေပိုင်ခဲ့သည်။
ယခုသော်..
သား၏ခန္ဓာဖွံဖွံ့ထွားကဖက်ထားသောအမေ့လက်သည်မမှိမကန်းဖြစ်ရသလိုလုံလောက်သောအမေ့၏ပိုင်ဆိုင်ခြင်းတို့သည်လည်းပဲ့ကြွေကျခြင်းများဖြင့်
သားတော်မောင်အားတိုး၍ဖက်ကာအိပ်၍ပျော်အောင်ကြိုးစားရင်းအိပ်စက်ရပါတော့သည်တကား။ ။
စောနေခြည်
Monday, February 12, 2018
အိုးထိမ်းစက်ကဲ့သို့ချာချာလည်သည်ဟု
ပြောရလျင် စာသားရေးဖွဲ့သူ့ထံတွင်မည်မျှသော ကြမ္မာရိုက်ခတ်လာသည်ကို
သူ့ထက်ပို၍မည်သူသိနိုင်ပါအံ့။
တစ်နေ့ ဟုတ်တယ် ဇော်ဝင်းထွဋ်ပြောတယ် အဆုံး ကမ္ဘာကြီးရဲ့အဆုံး
ရေမြေပျက်သုန်း ဝရုန်းသုန်းကားနဲ့
ငါ့နှလုံးသားတို့ပဲ့ကြွေပြီ။
ကိုယ့်ကိုယ်ကို တရားနှလုံးသားရှိတယ်
ကိုယ်ကဖြူစင်တယ် ကိုယ်ကပြတ်သားတယ်
ဘဝင်တွေမြင့်သမျှခါးသက်မှုလေပြင်း
ကျရောက်တာ
ဟုတ်ပါတယ် စနစ်တစ်ခုရဲ့ဆိုးမွေတိုးတက်မှုတွေနဲ့ငါ့မျက်ရည်
ငါ့လိုမဖြစ်စေချင်တဲ့စေတနာ
ငါ့ရင်ပတ်မှာ ယွင်းခခြင့်း မြှားအစင်းတစ်ရာ အဲ့သာထက်ပိုလို့နာ ငါ့စေတနာကိုခြေရေဆေးတယ်
ငါပေးတဲ့အလင်းမှာ စူးနစ်မှုမဲ့
ငါ့ရင်ကွဲသံတွေ ငရဲတွင်းတွေ ကမ်းပါးတွေ ဆောက်တည်ရာမဲ့ခဲ့ပီလေ။

သည်လိုပဲပေါ့
သည်လောကကြီးဟာနေထွက်မှနေဝင်
လိုက်မကုန်နိုင်တဲ့အကြောင်းတရားဇာတ်စုံအဖုံဖုံရှိကြပြီးဆက်လည်း
ရှိနေအုန်းမှာပါ။
သည်ဟာတွေထဲကမှကိုယ်သဏ္ဍာန်မှာဖြစ်ပေါ်လာတဲ့အကြောင်းဓမ္မနဲ့ဆီလျောင်အောင်သင့်မြတ်စွာနေတတ်ပါမှ
အနေမြတ်မယ်မဟုတ်လား။ပြည့်စုံမှုဆိုတာကတော့ဘယ်မှာမှမရှိနိုင်ဘူးထင်တာပဲလေ။
ကိုယ်ကတော့ကိုယ့်ဖာသာကိုယ့်စိတ်ရဲ့
အလိုအတိုင့်းနေတာပါပဲ။ဒါပေသိ ကိုယ်မှအပ ကိုယ့်အနား ကိုယ့်ရဲ့အဝေးအားလုံးသော အားလုံးက ကိုယ့်ကို
နားမလည်နိုင်တာက ဖြစ်သင့်တာပဲလို့
တွေးမိပါတယ်။
ကြည့်ကြည့်လိုက်လေ...
ကိုယ်ဆိုလျင်..အမေမွေးပြီးသည်မှ
အမေ့ရဲဆဲဆိုသံ အဖေ့ရဲ့စည်းကမ်းတွေ မွေးပြီးထည်းကမနှစ်သက်တဲ့အာရုဏ်နဲ့ နပမ်းလုံးလာခဲ့ရ တာ။
အရွယ်ရောက်ပြန်တော့ ရရာ မြင်ရာ
တွေ့ရာ ယောက်ကျားကို ကောက်ယူ။
လင်ကုန်ရှုံးသောအခါမှာသာ သူ့အပြစ်ကိုယ်အပြစ် သူ့နိုင် ကိုယ့်အနိုင် လုယက်ပြီးဆင်ခြေဆင်လက်လည်း
တက်ခဲ့ရတာက မသိခဲ့ တရားမဲ့ခဲ့၍
လို့အခုချိန်တွေးတတ်လာပြီလေ။
သည်ဟာက ကိုယ်က ကိုယ့်ကိုယ်ကို
နားလည်နေတာ။
မှတ်မှတ်ရရပြောရလျင်ဖြင့် သူ့အပေါ်စိတ်ကုန်တာဟာ ကလေးများငယ်စဉ်ထည်းက။ကြုံရတဲ့အဆင်ပြေမှုတွေကလည်း ပေါင်းစည်းပြီးမှမညီ ညွတ်ပါလားလို့သိတာ။အားလုံးခြုံငုံလိုက်လျင်
မသိခြင်းဆိုသောတရားတလုံးထည်းသာအဖြေထွက်ခဲ့တယ်။
ကိုယ့်ကိုယ်ကိုသက်သေ ချင်အောင်ဖြစ်ခဲ့ရတဲ့ခံစားမှု အရှုးလို ဘာကိုမှမရှက်နိုင်အောင်ရုပ်ပျက်ဆင်းပျက်ကြုံခဲ့ရနေခဲ့
ရတာတွေ ကိုယ့်ကိုနွယ်ပြီး မိသားစုသားချင်းတွေထိခိုက်ခဲ့ရနစ်နာခဲ့ရတာကလည်း ကိုယ့်ကိုနောက်ဆုံးတော့အယ်ဇိုင်းမား ဖြစ်လုလုအခြေအနေကိုတွန်းပို့ခဲ့တာ။
သည်လိုသင်ခန်းစာတွေကပဲ
ကိုယ့်ကို တရားရှာရာစခန်းဆီ တွန်းပို့ခဲ့တာမို့နောက်ဆုံးတရားရေအေးရဲ့
သွေးကြောမျှင်တွေကိုဆုပ်ကိုင်မိလာပါ
မှသြော်..ဒါတွေက..ငါတစ်ယောက်တည်းကြုံရတာမှမဟုတ်ပဲ...
ရုပ်နှင့်နာမ်ကို ရလာပြီးသည်မှကြုံရသည့်ဒုက္ခမို့ ထပ်ရလျင်ထပ်ခံရမည်ကို ဆရာသခင်တို့၏ဆုံးမစကား အထပ်ထပ်ကြားနာ၍
ဆင်ခြင်မိသော်မှသာ မရချင်မလိုချင်
ဆိုသည့်စိတ်ကို မတတ်သာ၍ ဆုံးရသည်။ ထိုမတတ်သာ၍ဆုံးရသည်ဆိုတာကိုက ကိုယ်ဟာတဏှာ၏စေစားရာနယ်မြေထဲမှာ
မလွတ်နိုင်သေးပဲ သတိကင်းသောအခါတိုင်း တဏှာ၏အခိုင်းကိုခံ၍
တဏှာ၏အလုပ်ကိုပေးဆပ်နေတုန်းပါပဲ။
Next post...
SAWNAYCHYI

ကိုယ့်အမေသော်မှကိုယ့်ကိုနားမလည်တာ အခြားသူများဆီမှ နားလည်မှုကို
ဘယ်ကဲ့သို့ရနိုင်မှာနည်း။အနည်းဆုံးတော့ဂေါက်နေသည့်သူ ရူးနေတာဟု
ပြောကြမည်သာ။
ဟုတ်တယ်လေ...ကိုယ့်လုပ်ပုံကိုကြည့်လိုက်အုန်း...
ကွာရှင်းကာပြတ်ဆဲပီးသော်လည်း...
ဆက်လက်၍ပေးကျွေးနေသေးသော
ကိုယ်...အခါအရံ...သူ့ဆီကိုသားသမီးကိစ္စအခြားကိစ္စများကြောင့်ဖုန်းဆက်ဖြစ်သည်။..
လမ်းမှာတွေလျင်တော့စကားတလုံးနှလုံးလှမ်းပြောလျင်လည်းပြောသည့်အခါရှိသည်။
...ထိုအခါ..ပတ်ဝန်းကျင်၏..နားမလည်သောအကြည့်..ကမပြတ်ဘူးဆိုသောအကြည့်။
ကိုယ့်ဖာသာတွေးကြည့်သည်..ဟုတ်လား..မပြတ်တာလား..ပေါ့။
အဲ့သည်တော့အဖြေထွက်လာတာက
မဟုတ်ဘူး..ပြန်ပေါင်းချင်တာမဟုတ်ဘူး
...
ပြတ်တယ်...နာတယ်..သို့သော်မမုန်းဘူး..
အဘယ့်ကြောင့်နည်း....အတူယှဉ်တွဲ
ရွှေလက်တွဲခဲ့စဉ်အခါက...သူကောင်းခဲ့တာရှိသည်..သူဆိုးခဲ့တာများပေမယ့်
ကိုယ်ကတော့သူကောင်းခဲ့တာကိုဦးစားပေးမှတ်သည်။
ပြတ်ပြတ်သားသားခါးခါးသီး နေရအောင်လည်း..ကိုယ်ကနောက်ယောက်
ကျားယူရန်အစီအစဉ်မရှိ...
အိမ်ထောင်..ဟူသောဝေါဟာရကိုကြောက်သည်နောက်ထပ်သူများစိတ်နှင့်ကိုယ့်ကိုယ်..မနေနိုင်မနေတတ်..
ဒါဆိုရင် ဘာဆက်လုပ်မှာလဲ...
ဟုတ်တယ်အဲ့သလိုသူ့ကို..သူမသေမချင်းထောက်ပံ့ထားမည်။ရောဂါဘယဖြစ်လာလျင်လည်းတတ်နိုင်သလောက်ကုသပေးမည်..သူဟာကိုယ့်ရဲ့အစ်ကိုတစ်ယောက်လို့သတ်မှတ်ထားသည်။သူ့ဆီမှမေတ္တာကိုငံ့လင့်တာသူ့ဆီကဘာမှရလိုတာမရှိသလို
အခုလိုပေးကမ်းထောက်ပံ့နေရသည်ကိုလည်းအလှူတစ်ခုဟုသာသတ်မှတ်ထားသည်လေ။
အခြားသူတွေ၊အလှူဌာနတွေကိုတောင်ကိုယ်တော်သလိုသင့်သလို လှူနေပါသေးလျင်သူ့ကိုလည်းမလှူနိုင်စရာမရှိ
မပေးနိုင်စရာမရှိ။
အခြားသောကိုယ်ကိုပဂ္ဂိုလ်ရေးပြိုင်ဆိုင်မုန်းတီးနေသောသူတွေကိုတောင်ကိုယ်
ပြန်မမုန်းဘူးဒါပေသိ၊ကိုယ့်ကိုမလိုအပ်သူအနားမှာဒွေးရောယှက်တင်မလုပ်
ဝေးဝေးရှောင်သည်..မပတ်သက်အောင်နေသည်။ကိုယ့်ကိုအကြံဥဏ်ဖြင့်ချည်းကပ်လာလျင်လည်းသတိကြီးစွာဖြင့်ပြန်လည်ဆက်ဆံမှုပေးပါသည်။ကိုယ့်ဆီက..ကူညီမှုကို
ကိုယ့်ကိုမုန်းနေသူကတောင်းတောင့်း
ကိုယ့်ကိုချစ်သူကပဲတောင်းတောင်း
ကိုယ်တတ်နိုင်သည်လောက်ကူညီမည်သာ။
ဒီစိတ်ကို ကိုယ်က တရားအသိ ရှာရာမှ
ရခဲ့ခြင်းမဟုတ်ပါ။ဆရာတော်ဦးသြဘာသရေးထားသော ဝေသံသရာ
ဇာတ်တော်စာအုပ်ကိုဖတ်၍ပြီးသောအခါထည်းက ရလာခြင်းပင်။
စာဖတ်ပြီးပြောင်းလဲသွားသောကိုယ့်သဏ္ဍာန်ကို ကိုယ်တိုင်လည်းအံ့သြမိပါတယ်။ယခင်ကဆို ကိုယ်ဟာ
ဒေါသအရာမှာ အာဠာဝက အရှုံးပေးရသူ။ကိုယ်မုန်းတဲ့သူဆိုလျင် လှလှပပ လက်စားချေတတ်ပြီး ။
မထီမဲု့မင်လုပ်တတ်သည့်အမူအရာကလည်းပြိုင်သူတကာရှုံးစေမည်။ခွင့်လွတ်ခြင့်းစိတ်ကင်းသည်တေးကာမှတ်ထားတတ်သည်။ကိုယ်မုန်းနေသောသူအရေးနိမ့်သည်ကိုလှလှပပဝမ်းသာနေတတ်သူ။ဤသို့မကောင်းသော ကိုယ်ဟာ
ဝေသံသရာ ဇာတ်ကိုဖတ်ပြီးသောအခါ
ပြောင်းလဲမှုကို တဖြည်းဖြည်းသတိပြုမိလာသည်။
မုန်းရမည့်သူကိုမုန်းမရ သို့သော်မကောင်းသည့်သူလို့သိလိုက်ရလျင်
တော့ထိုသူကိုဝေးဝေးကရှောင်သည်
မကောင်းသောသဘောထားရှိသူကို
သရဲသဘက်ထက်ကြောက်သည်။
ဒါပေမယ့် ပေပေတေတေနေတတ်သောမွေးရာပါဗီဇကိုတော့ဖျောက်ဖျက်၍မရပါ။
Next post

ဘယ်သူ့နှလုံးကိုမှညှိုးချုံးးအောင်မပြုရက်သူပါ
ကျောတစ်ရာရင်တစ်ရာဒဏ်ခတ်ကာရိုက်စေအုန်းတော့
ဒီမယ်မှာမတတ်သာသည်ပ။
အခွင့်သည်မျှရှိခဲ့ပါလျင်
နောက်ပြန်ကာလှည့်ရစ်ပါလို့
အကောင်းအတိုင်းဖြစ်စေ။
ဘဝတွေအတီတန်တေ
ဝဋ်ကြမ္မာကိုယ်သာဖန်ခဲ့သည်မို့
အကြွေးတွေဆပ်ကာချေရ
အားပါဘူးကွယ်။
သတိရခြင်းလည်းကိုယ့်မှာ
သံယောဇဉ်ဖြစ်ရခြင်းလည်းကိုယ့်မှာ
ဖြစ်၍သာလာစေအုန်းတော့
ပြုံးပီတိမဖြာနိုင်ပါ။
ဒီမယ်မှာ တွေ၍သာလာဆရာသခင်အပေါင်းကို ပေါင့်းစု၍အဖြေထုတ်သော်
အနိစ္စရယ်ဒုက္ခရယ်အနတ္တကို
သူတို့သေချာသင်ကြားပြတာမို့
နားဝင်တွင်ဖန်တေထကာ
အကြောက်သာစိုးမိုးတယ်
ဒါ့ကြောင့်လေ ''ခွင့်လွတ်''။

Subscribe to:
Posts (Atom)