လိုအင်ဆန္ဒကိုမုသာနဲ့ဖုံးအုပ်ရာဝယ်
မလုံတလုံရှိခဲ့ရယ်လို့သိသိခြင်း
ရှက်ပါတယ်ကိုယ့်ကိုကိုယ်။
လိုနေသေးတဲ့အချက်တွေထဲ
ဖြူစင်စိတ်ရင်းလည်းရှိနေမယ်
ဇွဲလုံ့လ လည်းထက်သန်မယ်
ငါတွေးကြည့်မယ် မဝေးတော့ဘူး။
ရှုပ်လွန်းတဲ့အလုပ်ရယ်
ပျင်းလွန်းတဲ့အကျင့်ဆိုးရယ်
အဲ့...ခုထိတော့ဘာမှမဘာသေးပဲလေ။
အမေထားခဲ့မယ်...
သန္ဓေမဆိုးကြပါနဲ့...
လွတ်ရာလမ်းဆိုတာ...
အတတ်သိတော့မဟုတ်ဘူးကွယ်။
မှန်းဆ၍ သွားရမည့်ခရီး သမီးလည်းပါ
သားလည်းလာ သူလည်းသိပါစေ
ဘာဖြစ်ဖြစ်စိတ်အသစ်နဲ့နေပါ
ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့သမီးငယ်။
လှေလှော်မယ် တက်ကျိုးလည်းအားမငယ်နဲ့
ရှိသေးတဲ့ဇွဲကိုအသုံးချဖို့နော်
မပျင်းနဲ့မဖျင်းနဲ့ ချစ်စမ်းပါကွယ့်ကိုယ့်ကို
အဲ့သည်လိုဆို ထွက်လမ်းကိုမြန်းဖို့ဥာဏ်ကိုပိုင်
ကံကိုနိုင်မယ်...ကဲ..အလိုရမ္မက်နဲ့
စေခိုင်းမယ့်တဏှာ..ခွာရမယ့်အသင်းပင်း...သူ့ချစ်ခြင်းကိုခွဲပါစို့။
Monday, February 12, 2018

by KHANT HEIN THU | 11.10.2017

Data charges may apply
အသုံးဝင်တဲ့ အီဒီယမ် အသုံးအနှုန်းများ
အသုံးဝင်တဲ့ အီဒီယမ်အသုံးအနှုန်းကဏ္ဍလေးကို အပတ်စဉ် တင်ဆက်ပေးနေပါတယ်။
ဒီတစ်ပတ်မှာလည်း အသုံးဝင်တဲ့ အီဒီယမ်အသုံးအနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Beating around the bush

ဒီစကားစုရဲ့ အဓိပ္ပါယ်ကတော့ “အဓိကအကြောင်းအရာကနေ ရှောင်ဖယ်တယ်” လို့ ဆိုလိုတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ “The President was beating around the bush when the citizens demanded a reason for the forgery of legal documents.” ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “ဥပဒေစာရွက်စာတမ်းတွေ အတုပြုလုပ်မှုအတွက် အကြောင်းပြချက်ပေးဖို့ နိုင်ငံသားတွေရဲ့ တောင်းဆိုမှုကို သမ္မတကရှောင်ဖယ်ခဲ့တယ်” လို့ ဆိုလိုတာဖြစ်ပါတယ်။
၂။ Once in a blue moon
ဒီစကားစုရဲ့ အဓိပ္ပါယ်ကတော့ “တစ်ခါတစ်ရံမှာ ကြုံတောင့်ကြုံခဲတွေ ဖြစ်တတ်တယ်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ဥပမာအနေနဲ့ “Once in a blue moon , the blue jay can be seen in these parts of the forest.” ဖြစ်ပါတယ်။

အဓိပ္ပါယ်ကတော့ “ရှားပါးအပြာရောင်ဂျေးငှက်ကို တောထဲဒီနေရာတွေမှာ တစ်ခါတစ်ရံ တွေ့မြင်နိုင်တယ်” လို့ ဆိုလိုတာဖြစ်ပါတယ်။
Thank you for your vote.
အီဒီယမ် တွေက အသုံးဝင်ပါတယ်
96% (933 votes)
အီဒီယမ် တွေက အသုံးမဝင်ပါဘူး
4% (43 votes)

နင်...လူယောင်ဆောင်လိုက်တဲ့အချိန်..
ငါ့နှလုံးသားက...စည်းချက်တွေမှောက်မှားခဲ့ပေမယ့်....တဲအိုစောင့်ကမျက်နှာမချိုဘူးကွယ်...။
နင်...လရောင်တွေကိုပွေ့ဖက်လိုက်တိုင်း...ငါ့မျက်ဝန်းကတိုက်ခတ်လာတဲ့သံသယရဲ့မုန်တိုင်းတွေကြောင့်...ပွက်အံကာကျလာတဲ့..သွေးစိမ်းတွေဟာ..ွခါးသက်လှတယ်ကွယ်...။
နင်...ပန်းပွင့်တွေကိုနမ်းရိုက်လိုက်တိုင်း
....ငါ့သွေးကြောမျှင်တန်းတွေဟာ...နီရဲတာရဲ့ဟိုဘက်အလွန်..ပွက်ပွက်ဆူကာချော်ရည်ပမာ...အားသွန်ခွန်စိုက်ရက်စက်လိုက်တာမှ..မြက်များဟာပြာဖြစ်ခဲ့တယ်ကွယ်...။

မတစ်ထောင်တစ်ကောင်ဖွား
ယောကျားမြတ်အာဇာနည်။
နိမ့်ချီပျံချီပျံသန်းသည့်ငှက်ခါးလို
ဘဝတိုတိုတွင်ထိုထိုသောလောကဓံ
သည်းခံလို့ရင်ဆိုင်ကာ
ဘုရားသာသနာအနာကင်းစေဖို့
သူ့အဖော်တွေနှင့်ဝန်းရံ။
သူ့မေတ္တာသဏ္ဍာန်အေးက
ဝဲသြဃသံသရာမှာ
လည်ကာပင်မထွက်နိုင်တဲ့
သတ္တဝါတဲ့အမိုက်တွေကို
အလင်းပြလို့ကူဆောင်ပေးမည့်
ထိုကဲ့သည့်အာဇာနည်သည်
သူ့ဖြစ်ချင်ဆန္ဒတို့ကို
အဝေးတစ်နေရာချို့တဲ့စွာထားခဲ့။
ကြိုးစားကာရည်သန်
မြတ်နိဗ္ဗာန်သည်သာ
အချမ်းသာဆုံးရယ်လို့
ဆုံးမလို့ချွေးသိပ်သည်။
ကြိုးစာပါမဟာဇာနည်
စိတ်မပျက်စေချင်ပါသည်
သည်းခံပါမဟာဇာနည်
ကယ်တင်စေချင်သည်
ရှောင်ရှားပါမဟာဇာနည်
လမ်းမပျောက်စေချင်သည်။
Sawnaychicy

ယောကျားမြတ်အာဇာနည်။
နိမ့်ချီပျံချီပျံသန်းသည့်ငှက်ခါးလို
ဘဝတိုတိုတွင်ထိုထိုသောလောကဓံ
သည်းခံလို့ရင်ဆိုင်ကာ
ဘုရားသာသနာအနာကင်းစေဖို့
သူ့အဖော်တွေနှင့်ဝန်းရံ။
သူ့မေတ္တာသဏ္ဍာန်အေးက
ဝဲသြဃသံသရာမှာ
လည်ကာပင်မထွက်နိုင်တဲ့
သတ္တဝါတဲ့အမိုက်တွေကို
အလင်းပြလို့ကူဆောင်ပေးမည့်
ထိုကဲ့သည့်အာဇာနည်သည်
သူ့ဖြစ်ချင်ဆန္ဒတို့ကို
အဝေးတစ်နေရာချို့တဲ့စွာထားခဲ့။
ကြိုးစားကာရည်သန်
မြတ်နိဗ္ဗာန်သည်သာ
အချမ်းသာဆုံးရယ်လို့
ဆုံးမလို့ချွေးသိပ်သည်။
ကြိုးစာပါမဟာဇာနည်
စိတ်မပျက်စေချင်ပါသည်
သည်းခံပါမဟာဇာနည်
ကယ်တင်စေချင်သည်
ရှောင်ရှားပါမဟာဇာနည်
လမ်းမပျောက်စေချင်သည်။
Sawnaychicy

ကံတူ၍အကျိုးပေးသည်(၁)
%%%%%%%%%%
နေ့တိုင်း နေ့တိုင်း မှာတော့ကိုယ့်
အလုပ်အစဉ်တိုင်းလုပ်မြဲနေမြဲပေါ့။
ဒါပေသည့် ထူးခြားလှသောနေ့များ
လည်းရှိလာတတ်ပါရဲ့။ကိုယ့်အသက်လေးဆယ်ကျော်ခဲ့ပြီဆို
တော့ငါဟာရင့်ကျက်ပြီ အတွေ့အကြုံကားအများထက်ပိုတယ်
ငါမသိသေးတာမရှိသလောက်လို့
ကိုယ့်ဖာသာဘဝင်မြင့်နေမိခဲ့။
ထိုဘဝင်ကို တက်တက်စင်ရိုက်ချိုးလိုက်သည့်လောကသင်္ခန်းစာက ကိုယ့်ကိုလက်မှိုင်ချစေခဲ့ပါသည်။
ကိုယ်ဟာ ပစ္စည်းပစ္စယျများကိုသိမ်းဆည်းရာတွင်စူပါစတား ခရီးသွားရင်တောင်မှ ကိုယ့်အထုပ်ဘယ်နှစ်ထုပ် ဘယ်နှစ်မျိုး
မှတ်သား၍အမြဲသတိကြီးကြီးထားသူပါ။
ကိုယ့်ကအလှပြင်ဆိုင်နဲ့စီးပွားရှာစားနေသူလူဝင်လူထွက်ကများမှများ။
ကိုယ့်ရပ်ရွာမှာတော့ကိုယ်ကTOPပဲ။
သို့သော်လည်းပစ္စည်းဥစ္စာကတော့မရှိမရှားအဆင့်လောက်ပဲ။ကိုယ့်ဆန္ဒမွတ်သိပ်လာရင်ကိုယ်တောင့်တရင်အချိန်တန်ပြည့်စုံတဲ့ပါရမီလေးတော့ရှိပါတယ်။ဒါပေမယ့်မတန်မရာတော့မတောင့်တပါဘူးအနဲဆုံးချယ်ရီကားဖြူဖြူအသေးလေးကိုကိုယ်တိုင်မောင်းစီးနိုင်ရင်ကိုတော်ပါပြီ...😁ဟီဟီ ။
အဲပြောရင်ပြောရင်းလမ်းကလွဲတော့မယ်..ပြောပြချင်တာကဒီလိုပါ။ကိုယ်ဟာပစ္စည်းဥစ္စာကိုစည်းကမ်းနဲ့ထိမ်းသိမ်းတယ်။ကိုယ့်ဆိုင်ကိုလာတဲ့ကောင်မလေးတွေကိုသူတို့ပိုင်ဆိုင်တဲ့ဖုန်းတို့ပိုက်ဆံအိတ်တို့ဆိုအမြဲသတိပေးနေကျ။ဟဲ့..နင့်တို့ဖုန်းကိုယူထားထားချမထားနဲ့..။သူတို့ပြန်လျင်လည်း..
ဟဲ့ပစ္စည်းတွေမေ့ကျန်ခဲ့မယ်စစ်အုန်း..
ပေါ့..အဲ့သလိုကိုယ်ကသူများပစ္စည်းကိုတောက်လိုက်ပြီးထိမ်းသိမ်းပေးသေးတယ်။
ဆိုင်မှာရှိနေတဲ့သမီးတို့တပည့်တို့အမေတို့ကိုဆိုလျင်။ကိုယ့်ပစ္စည်းကိုယ်သိမ်းကြဧည့်သည်မနေတတ်တဲ့ကိုယ့်ဆိုင်ရဲ့အတွင်းမှာသိမ်းအများထိုင်တဲ့နေရာချမထားခဲ့နဲ့။
ပြောလည်းသူတို့ကခပ်ပေါ့ပေါ့ပဲ
ဧည့်သည်တွေနေတတ်တဲ့ခုံပေါ်စားပွဲပေါ်မှာခဏခဏသူတို့ဖုန်းတွေမြင်နေရတယ်နောက်ဆုံးအသည်းအူယားလာတော့..အေးနင်တို့ဖုန်းပျောက်တယ်ဆိုလျင်နော်..ငါ့ကိုလာမပြောနဲ့..
ဟော့သလိုဟားဟားဟားရယ်ပစ်လိုက်မယ်သိလား...
ထိုအခါသူတို့ကအနော့ကိုမျက်စောင်းထိုးကြပါ၏။ကိုယ်တို့မြို့ကတောမြို့လေးဆိုတော့အေးဆေးပါလူစိမ်းမရှိပါဘူးမြို့သူမြို့သားတွေကလည်းနှပ်ချေးငပိလုပ်စားရလောက်အောင်ကပ်စေးနဲတာကလွဲလျင်ကံငါးပါးကိုလုံသလောက်ရှိကြပါတယ်။
အဲ့ခက်တာကတစ်ခါတစ်ခါလူစိမ်းတွေရောက်ရောက်လာတတ်တယ်။
ရောက်လာမှဖြင့်အနော့ဆိုင်ကိုလည်းခေါင်းလျော်ရန်အလိုဆန္ဒရှိ၍လာတတ်ပြန်သေးတယ်။အနော်ကလည်းတောမူတောကျင့်ရှိနေသည့်အလျောက်သူစိမ်းတစ်ဆံများနှင့်မပတ်သက်မဆက်ဆံလိုပါ။သို့သော်လည်းအနော်ကားစီးပွားရှာစားနေရသူမဟုတ်ပါလား။သင့်တင်မျှတစွာဆက်ဆံရမည်ပေါ့။
ဖြစ်ပုံကသည်လိုပါ..အဲ့သည်နေ့ဟာ
ထူးခြားနေ့ပေါ့..မိန်းမတစ်ယောက်.
ရောက်လာတယ်အနော်သူ့ကိုမမြင်ဖူးဘူး။အသက်က၃၇နှင့်၄၃အကြားထင်ရပါသည်။အသားအရေကညိုညို၊ဆံပင်ကို
ရွှေရောင်လိုလိုနီသလိုလိုနီကျင်ကျင်ဆိုးထားပါသည်။ဆံပင်ဖားလျားကျောလယ်ချအဝတ်အစားကသပ်သပ်ရပ်ရပ်ဝတ်ထားသည်။
ရွှေငွေလက်ဝတ်လက်စားဝတ်မထားပါ
နားတွင်နားကပ်ပင်မရှိ။အထည်ကြီးပျက်အိုက်တင်ပုံစံ၊ထုံးစံအတိုင်းအနော့ဆိုင်ကလူရှုပ်နေသည်။အနော့သမီးကားအဝေးသင်စာဖြေရန်
သွားပါသဖြင့်ဆိုင်တွင်အနော်နှင့်အမေသာရှိလေသည်။တပည့်လည်းခုနှစ်ယောက်ရှစ်ယောက်မွေးပြီးအတွေ့အကြုံအရ..အော့ကျောပက်လက်လန်အောင်စိတ်ပျက်သဖြင့်နောက်ထပ်တပည့်အသစ်မွေးမထား..နိုင်သလောပဲအလုပ်လုပ်မယ်ဆန္ဒကြောင့်လူရှုပ်သောအနေအထားတွင်အမေနှင့်အနော်သာဆိုင်မှာရှိပါ၏။
ထိုမိန်းမကအနော့ကိုစေ့စေ့ငုငုကြည့်လျက်.''.အမ ခေါင်းလျော်ချင်လို့..''
"သြော်..ဟုတ်ကဲ့ရှင့်..ခဏလေးထိုင်စောင့်ပေးပါနော်..ဒီတစ်ခေါင်းပြီးလျင်လျော်ပေးပါမယ်နော်''
လျော်ဖွတ်၍ပြီးသောအခါထိုမိန်းမကမပြန်သေးပဲ"အမရေခဏထိုင်အုန်းမယ်နော်ကျမကိုလာခေါ်မယ့်အဖော်ကမလာသေးလို့ပါ"
"သြော်..အေးအေး..ရပါတယ်ထိုင်ပါ"
ဆက်ရေးပါမည်
Sawnaychyi

ကံတူ၍အကျိုးပေးသည်(၂)
%%%%%%%%%%
ထိုမိန်းမသည် သူ့အဖော်ကလာမခေါ်သေးသဖြင့်ဟု
အကြောင်းပြလျက်မနက်ဆယ်နာရီခွဲမှထိုင်လိုက်ရာညနေလေးနာရီထိုးသည်အထိ။
ထိုအခါကျမှသှူ့အဖော်လာမခေါ်၍
ကိုယ့်ဖာသာပဲပန်မည်ဟုဆိုလျက်ပြန်သွားလေသည်။
အဖော်ကဘယ်သွားတာလဲဟုမေးသောအခါမှာလည်းတိကျစွာမပြော
ဝါးတားတားဖြေသည်ဘယ်ပြန်ရမှာလဲဟုမေးသောအခါတွင်လည်းဒီနားကရွာကိုတွင်ပါဟုဝေဝေဝါးဝါးဖြေသည်။
ကိုယ်တွေကလည်းမစပ်စုတတ်သံသယမဖြစ်တတ်သူများမို့ဆက်လက်မေးမြန်းခြင်းမပြု။ထိုနေ့ကားသူစိမ်းမိန်းမ၏အကြံအစည်များမအောင်မြင်၍ပြန်သွားခြင်းဖြစ်လေမည်။ကြားတွင်နှစ်ရက်သာခြား၍ထိုမိန်းမပြန်ပေါ်လာသည်။အနော့ကိုပြုံးပြလိက်ဆိုင်အတွင်းဝင်လာသည်။
ထုံးစံအတိုင်းအနော့ဆိုင်ကလည်းလူရှုပ်လျက်ဆံပင်တစ်ခေါင်းညှပ်နေလျက်မှအနော်ကလှမ်းမေးလိုက်သည်။
"ဘာလုပ်ချင်တာလဲညီမလေး''
မနေ့တနေ့မှခေါင်းလျော်ထားသည်ဖြစ်ရာဤယနေ့ခေါင်းလျော်ရန်မဖြစ်နိုင်သည်မို့မေးလိုက်သည်။"ခေါင်းလျော်အုန်းမယ်အစ်မ"အနော်အနဲငယ်တော့အံ့သြသွားသည်နှစ်ရက်နှင့်ခေါင်းပြန်လျော်သည်မှာမကြုံဖူးပါ။ခေါင်းလျော်ခမှာနှစ်ထောင်၊နှစ်ထောင့်ငါး
ရာဖြစ်သည်မို့ရွှေဆိုင်ပိုင်ရှင်သည်ပင်ဤသို့မဖြုန်းတီးပါ။သို့သော်ရှိစေတော့ဟုအတွေးကိုရပ်ကာဆိုင်တွင်လူလည်းရှုပ်နေသည်မို့ဆက်မတွေးအားပေ။
ထိုမိန်းမကိုခေါင်လျော်သောအခါသူ့ထံမှစကားစမြည်များပြားစွာပြောလာသည်။အနော်ကားစကားနည်းသူဖြစ်သလို
မခင်မင်မရင်းနီးသူကိုအပိုစကားမပြောတတ်။သူပြောသမျှစကားတို့ကိုသာအလိုက်သင့်အင်း,သြော်,ဟယ်,ဟုတ်လား
သြော်အင်းပေါ့ဟုတ်တာပေါ့ဟုအလိုက်သင့်လေပေးနေရသည်။
ထိုမိန်းမသည်ခေါင်းလျော်ပြီးသော်လည်းမပြန်အဖော်စောင့်ပါရစေဟုဆိုကာ
ယခင်တစ်ခေါက်နည်းတူထိုင်နေပြန်၏။အနော်လည်းသူ့နောက်တစ်ယောက်ကိုဆက်၍ခေါင်းလျော်နေလိုက်သည်။
နောက်တစ်ယောက်မှာကျောင်းဆရာမတစ်ဦးဖြစ်သလိုအနေည်နှင့်လည်းဓမ္မမိတ်ဆွေအဖြစ်ခင်မင်နေသူဖြစ်ပါသည်။
အနော်ကားထုံးစံအတိုင်းဓမ္မ္မမိတ်ဆွေနှင့်တွေ့လို့ကတော့စကားများပြောသည်မှာရေပက်မဝင်။အနော်အလုပ်လုပ်နေသည်မှာအနော့ပိုက်ဆံနှင့်တယ်လီဖုန်းထားရာသေတ္တာဘီရိုကိုကျောခိုင်းလျက်အနေအထားဖြစ်နေသည်။ထိုအခါအခါအခွင့်ကိုထိုင်ချောင်းနေသောထိုမိန်းမသည်အနော်မထင်မှတ်သည်ကိုရုတ်တစ်ရက်လှုပ်ရှားလိုက်လေသည်။အနော်လည်းကျောင်းဆရာမနှင့်စကားစီးမြောနေချိန်ရုတ်တရက်အငိုက်မိသည်ကဲ့သို့ဖြစ်သွား၏။
"အစ်မသည်သေတ္တာပုံးလေးလှတယ်နော်ဘယ်ကဝယ်တာလဲဟင်ဟု"
ပြောလည်းပြောတဆက်တည်းအနော့သေတ္တာပုံးကိုဆွဲဖွင့်လေသည်။
အနော်သည်ထိုမိန်းမကမလုပ်သင့်သည်ကိုလုပ်သည်ဟုစိတ်ထဲထင်တွေးလျက်ချက်ချင်းသေတ္တာဖက်ကိုမျက်နှာပြန်အလှည့်။ထိုမိန်းမကသေတ္တာနားမှလျင်မြန်စွာခွာလေ၏။
အနော်သည်အနော့်ငွေများကိုစစ်ဆေးရာစေ့ငုသဖြင့်ထိုမိန်းမကိုဘာမှမပြောပဲနေလိုက်သည်တွင်ထိုမိန်းမက
"အစ်မရေအဖော်ကလာမခေါ်သေးခင်မုန်းသွားစားအုန်းမယ်နော်"
"သြော်အေးအေး"
ထိုမိန်းမထွက်သွား၏မှပြန်မလာတော့ပေ။
အနော်လည်းနေမှောင်ပြီဖြစ်၍ဆိုင်လည်းနောက်ဆုံးဆံပင်အလှပြင်ပေးရသည့်သူများပြီးသွားပြီဖြစ်၍ခြေလက်ဆေးကာဆိုင်သိမ်းရန်ပြင်တော့၏။
ဆိုင်သိမ်းလျင်အဖေလာကြိုနေကျဖြစ်သဖြင့်အဖေလည်းရောက်နေပါသည်။
အဖေနှင့်စကားစမြည်ပြောရင်းဆိုင်သိမ်းရင်းငွေတို့ကိုရေတွက်အိတ်ထဲထည့်အြီးဖုန်းကိုရှာလေရာပျောက်ချင်းမလှပျောက်တော့သည်။
အနော့တွင်ငွေလွဲလုပ်ငန်းလုပ်ဆောင်
သည့်အခြားဖုန်းတသ်လုံးလည်းရှိသဖြင့်ဖုန်းပျောက်ကိုခေါ်ဆိုကြည့်သောအခါ။"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာစက်ပိတ်ထားပါသည်ရှင"့်တဲ့
"ဟာ..သွားပြီ"
အဖေရောအဖေပါအနော့ကိုကြောက်ကြည့်နေရင်းအဖေကား"ဟူးးး "ကနဲသက်ပြင်းချလေ၏။"
အနော်လည်းတစ်နေကုန်ကြိုးစားပမ်းစားအလုပ်လုပ်ရသဖြင့်စိတ်မောလူမောဖြစ်သွားရတော့သည်။
တဒင်္ဂအတွင်းတွင်နော့အနော်လည်းတရားမှသတိလက်လွတ်ဖြစ်ရသည်ဖြင့်
ပူလောင်ခြင်းသောကအပူမီးသည်အနော့အားလောင်မြိုက်လေတော့၏။

Subscribe to:
Posts (Atom)