Friday, August 11, 2017

စာတစ်ပုဒ်ရေးမယ်ဗျာ
ဖတ်တဲ့သူများအဆုံးအထိဖတ်ကြပါစေ
ဖတ်နေရင်းမှန်ကန်စွာသဘောပေါက်ပါစေသဘောပေါက်ပြီးနားလည်ပါစေ
😀😀😀😀နားလည်ပြီးအားလုံးဂတုံးတုံးဘုန်းကြီးမယ်သီလဝတ်ကြပါစေသား
အနော်ဟာအိမ်ထောင်ရေးကမောက်ကမဖြစ်ပြီးသည်နှင့်ဒယ်ဆီအိုးထ
ဲအကြော်ခံရသည့်နှယ်၊ပူလှသည်ဖြစ်ရကား
အေးရာငြိမ်းရာအလိုဆန္ဒရှိသည်ကတစ်
ကြောင်းစိတ်တေလေဖြစ်နေသည်ကတစ်ကြောင်းကျေးလက်ရွာတစ်ရွာတွင်
သင်္ကြန်ကာလတိုင်းသွားရောက်တရားအားထုတ်ခဲ့ပါသည်။
ထို့အချိကအနော်သည် ယောဂီဆိုသည်မှာ၏ကျင့်ဝတ်စည်းကမ်းဘာဘာမှနားမလည်ပါ။အနော့သမီးနှင့်အနော်အတူတရားစခန်းဝင်ကြသည်ဖြစ်ရာအနော်တို့နှစ်ဦး
သည်ရွာသားတို့အတွက်ထူးဆန်းထွေလာဖြစ်နေပေသည်။အနော်တို့နေပုံထိုင်ပုံကိုကြည့်၍အနော်တို့အားညီအစ်မဟုတစ်မျိုးသူငယ်ချင်းဟုတစ်ဖုံထင်ကြပါသည်တဲ့။
😀😀😀
အနော့မှာသွားလေရာရူပါလန်းချက်ခ်ခ်
ထိုသို့မြေနံ့သာဟုခေါ်သောရွာကလေးတွင်သင်္ကြန်ရက်ရောက်တိုင်းသုံးကြိမ်တိတိအားထုတ်ခဲ့ပါသော်လည်းထိုသုံး
နှစ်သာကုန်လွန်ခဲ့လေသည်အနော့မှာ
အာနာပါန သာသိခဲ့ရပါသည်။
ဘုန်း ဘုန်းကြီးမှဝိပဿနာကိုရှင်းပြပါ
သော်လည်းရေးတေးယောင်တောင်ဖြင့်
တရားပွဲသာပြီးသွားဘာဘာမှနားမလည်ဘာတရားအသိမှမဝင်။
သို့ပါသော်လည်းအနော်သည်ပုတီးကုန်းမြို့ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ၄၈၁မှာ
အမေ့ ၏လမ်းပြမှုနှင့်ဆရာကြီးဦးကျော်စိန်
တရားပြဥည့်ရက်ပတ်တိုင်းအာရုဏ်ဆွမ်းကျွေးမွေးသည်အလေ့အထဒါနအလှူကိုမူအမေနှင့်အတူလှူဒါန်း၍လာသည်မှာနှစ်များစွာပင်ရှိခဲ့ချေပြီ။
မှတ်မှတ်ရရ နှစ်များကိုရွေးထုတ်ပြသရပါလျင်ရိပ်သာတည်ထောင်စလယ်မြေကန်သင်း
တွင်မိုးကာစများခင်း၍ဆွမ်းကျွေးခဲ့ရပုံ
မည်သည့်နှစ်မည်သည့်အချိန်အနော်ကားမမှတ်မိ။နောက်တစ်ခုကရိပ်သာဘောဇနဆောင်ဆောက်လုပ်ပြီးစအချိန်နောက်တစ်ချိန်ကားအနော်မြေနံ့သာရွာတွင်သုံးနှစ်တရားစခန်းဝင်ပြီးစဆရာကြီးသက်တော်ရှစ်ဆယ်ရှစ်အချိန်ကာလ
ဟုတ်ပါတယ် အဲ့သည့်အချိန်မှာအနော်ဟာဆရာတွေ့
အကြောင်းစုံ တရားအသိမှန်ဖြစ်ပေါ်လာရန်ချည်းကပ်လာချိန်ဟုဆိုရသော်မမှား။
ထိုအချိန်ကအနော်ထိုင်နေစဉ်ကျောင်းပေါ်သို့ယောဂီများကိုတက်ကြည့်ရန်
ခိုင်းစေလိုက်သောအမှုဆောင်အစ်မ
ယခုအနော့၏ဆရာမ ၊ ဆရာမ၏လမ်း
ညွှန်ချက်ကြောင့်အနော်ဟာဓမ္မာရုံပေါ်သို့အလေးအနက်မရှိတက်လာခဲ့သည်တွင်တံခါးဝမှအတွင်းဖက်သို့လှမ်းမျှော်အကြည့်တရားအားထုတ်နေသောယောဂီများ စကြံလျောက်နေသောယောဂီများ
ကိုမြင်ရသည့်အခိုက်အတန့်သည်
အနော့ဘဝ၏ပြောင်းလဲချက်ကို
စည်တီး၍ပေးသည်နှယ်ခွန်အားတို့တိုးပွားဖို့ရာဖြစ်လာပါတော့သည်။
ဆက်ရန်

Monday, August 7, 2017



အရိပ်လည်းခိုအိပ်လိုလည်းအိပ်ပါ
===================
ကျွန်မသည်ယခုကျွန်မနေထိုင်ရာမြို့ငယ်လေးမှ
ကျမအားချစ်သောမချစ်သောလူများကိုခွဲခြမ်းစိတ်ဖြာမည်ဆိုပါလျင်ကျမအားမုန်းသူကပိုများမည်ထင်
မိပါသည်။အဘယ့်ကြောင့်ဆိုသော်ပြီးခဲ့သည့်သင်္ကြန်
ကာလဝယ်တရားစခန်း၌အရာရာအားမေ့ထားလျက်
တရားကိုရှာဖွေနေပါသောကျမသည်၊ကျမပင်မသိလိုက်သောအံ့သြစရာ၊အစွပ်အစွဲကိုခံစားလိုက်ရပါသည်။
တိုက်ဆိုင်လွန်းလှသောကံကြမ္မာကိုပို၍ပင်အံ့သြမိသေး
သည်။
ထိုနေ့ကနေ့လည်တစ်နာရီကမ္မဌာနစရိယမှဣဿာ
မိစ္ဆရိယျကိုဘယ်ကစတင်ပေါ်ပေါက်သည်ဟုအသေး
စိတ်ရှင်းလင်းဟောကြားရာ၊ကျမသည်ကောင်းစွာနာယူ
မှတ်သားလျက်တရားကိုနှလုံးဝမ်း၌သိမ်းဆည်းကာ
တရားကိန်း၍၊ဆရာတော်တရားဖြုတ်လျင်စင်္ကြံလျောက်လျက်ရှိနေသည်။ထိုစဉ်သမီးငယ်ရောက်ရှိလာရာ😔
"အမေ..စိတ်မကောင်းတော့မဖြစ်နဲ့နော်..အမေ့ကိုပြောပြစရာရှိတယ်"ဟုအစချီလာဠျေင်ကျမသည်အ
ဘယ်အကြောင်းအရာကိုသူမပြောမှာပါလိမ့်ဟုစောင့်
စားလိုက်သည်။😞"အပြင်မှာလေပြောနေကြတယ်အမေအမေ့ဆိုင်မှာတဲ့ဆံပင်လုပ်ရင်းလူသေတယ်ဆိုပြီး"
"""ဒိန်!"""ကျမသည်လောကဓံတရားတို့ကိုအများဆုံး
ရင်ဆိုင်ရသူဖြစ်ပေလင့်ကာသာကျမသည်အပြင်ရုပ်သဏ္ဍန်သည်တည်ငြိမ်ရင့်ကျက်သည်ဟုထင်ရသည်ပမာဖြစ်လင့်ကာသာမူ၊ကျမသည်အင်တာနက်အွန်လိုင်း
၌ရှုပ်နောက်စလိုက်ပြောင်လိုက်လည်းနေတတ်သေးသည်။ဤသည်ကိုကျမနှင့်friဖြစ်ဖူးသူတို့သိကြဆုံး
ပင်အခါအယံစနောက်လွန်မိ၍ကျမမှပြန်တောင်းပန်ရသည်များလည်းရှိဖူးပါသည်။ဆိုလိုချင်သည်မှာကျမ
သည်ပျော်ပျောနေချင်သည်အေးချမ်းမှု့ကိုနှစ်သက်သည်။ဆူပူသောအာရုဏ်အနိဌာတို့ကိုဝေးဝေးမှ
ရှောင်သည်(အခါအယံရစ်တတ်သည်ကလွဲလျင်)
ကျမသည်အေးစက်ရက်စက်မကောင်းသောစိတ်
နှလုံးတို့ကိုကြောက်သည်။စကားစမြည်ပြောဆိုကြသည့်အရာတွင်၅ခွန်းမျှပြောကြ၍ နောက်ကာလတွင်လူဆိုးလောလူကောင်းလောခွဲခါးတတ်ပါသဖြင့်လူဆိုးနှလုံး
သားဆိုးသူတို့အားကြောက်လှသောကြောင့်ဝေးကရှောင်မပေါင်းဖက်ပါ။
😄ဒါလေးများသမီးရယ်..အမေတရားစခန်းကထွက်ရင်အားလုံးရှင်းသွားပါလိမ့်မယ်😀😃
မလွယ်ဘူးအမေ..😓သူတို့ကလေအင်တာနက်များတင်လိုက်လားမသိဘူး😥😪သမီးကိုအင်းမတို့
ပေါင်းတည်တို့ကတောင်ဖုန်းဆက်ပြီးမေးကြတယ်😙
လေးလေးကျော်သူစိုးကတောင်နင့်အမေတရားစခန်းမှာတကယ်ရောရှိလားသွားကြည့်ပါအုန်းငါကြားတာရဲဖမ်းသွားပြီဆိုလား😳😳😳
"""Cင့်"""
အဲ့လိုအဲ့လို လာပြောတာအမေ...😦😦
သြော်ဖြစ်မှဖြစ်ရလေ..😖😖😖အေးပါသမီးရာပြောကြပါစေ😠😠ပြောတဲ့သူစိတ်ချမ်းသာသွားရင်
အမေတို့ကုသိုလ်ရတာပေါ့သမီးကာ..ကဲကဲပြန်တော့
😪😪
ကျမသည်စင်္ကြန်လျောက်ရင်းတွေးမိသည်ကအဘယ့်
ကြောင့်ထိုသိုစွပ်စွဲသလဲ..ငါဘယ်သူ့ကိုများမကျေမနပ်
ဖြစ်အောင်လုပ်မိပါလိမ့်😗😙
ကဲရှိစေတော့အံ့သြမိသည်မှတစ်ပါးဒေါသဒေါမနဿ
များမဖြစ်ပေါ်ပဲတည်ငြိမ်နေသောစိတ်ကိုကျေးဌူးပင်တင်မိပါသေး
သြော😨😨😨ဟိုဘက်ရက်ကဆွမ်းလာကျွေးတဲ့ဒကာမတွေငါ့ကိုမြင်ပြီးအံ့သြနေကြတာ
ဒါ့ကြောင့်ကိုး😋😋
သို့သော်ဤလောကဓံအကုသိုလ်၏အကျိုးအဆက်ကိုကျမသည်အချိန်ကြာမြင့်စွာခံစားလိုက်ရပါသေး
သည်။
ယခုထိုအကြောင်းတရားအားအမြစ်ပြုလျက်ကျမရေး
ချင်ပြီးရေးခဲ့ဖူးသည့်ကျမတို့မြိုးကလေးအကြောင်း
မြို့ကလေးမှမြို့ခံများမြို့ခံများထက်အရင်းပိုကျသော
သူများမှာကျမတို့မြို့ကလေးစတင်ပေါ်ပေါက်ရာဓားမဦးချနေလယကြသူများကိုဆိုလိုသည်။
ကျမတို့မြို့ကလေးမြို့ငယ်လေးမှမြို့၏ဓားမဦးချနေခဲ့သူများကားယခုသော်ရှားပါးလေပြီ။နှောင်းလူတို့လဲလှယ်လယခဲ့ရာမြို့ခံများထက်အခြားရပ်ရွာနယ်မြေမြို့တွေကရေကြည်မြက်နုရောက်လာသူများကပိုများနေပေပြီ။
ထို့ကြောင့်ကျမရေးလိုသောအကြောင်းတရားမှာမြက်နုရေကြည်လာရှာရင်းကျမတို့မြို့ကဟုနာမည်ခံကာဖြစ်ပေါ်လာသည့်အကြောင်းတရားများသာတည်းးးးး
😡😡😤ဆက်ရေးပါဦးမည်😡😡😤
Coming soon
ခပ်သင်းသင်းအားပြင်းဆော်သောအဖေ
======================
ယခုတစ်လောရေးချင်နေသဘ်ကအမေ့အကြောင်း၊
ဟောကြည့်အခုရေးနေတာကအဖေ့အကြောင်းဖြစ်ရပြန်သည်။အဖေ့အကြောင်းရေးရတာက၊ခပ်သင်းသင်းအားပြင်းဆော်တတ်သောကြောင့်ဟုဆိုလျင်မမှား။
အဖေသည်ကျွန်မအားစောင့်ကြည့်နေလျင်မချစ်သလိုထင်ရသည်။သို့ပေသည့် သူ၏အားပြင်းသော
ဆော်ချက်တိုက်ချက်တွေက ကျွန်မအား ဂရုစိုက်နေသည်မှာသိသာလှသည်။
ကျွန်မဆယ်ကျော်သက်ကဖြစ်ပါသည်၊သူငယ်ချင်းတစ်ဦးအိမ်သို့ရောက်လာ၍ စန္ဒာထွေးရေ ငါ့ရဲ့ဒီ Note-bookထဲမှာ မှတ်ချက်လေးရေးပေးပါလား။
"ဟေ😙သြော်အေးပေးပေးရေးပေးမယ်"ကျွန်မသည်မှတ်ချက်ရေးပြီးလက်မှတ်ထိုး၍သူငယ်ချင်းအားပြန်ပေးလိုက်ပြီးထိုသူငယ်ချင်းနှင့်ဆက်လက်၍ စကားစမြည်ပြောဆိုနေခိုက်အဖေသည်ဤကဲ့သို့
လှမ်းပြောလေသည်။
"အဟွန့်~အဖေထက်သားတစ်လကြီး😂ဖြစ်နေပါလား
ကြီးကြီးကျယ်ကျယ်နဲ့"
ဟုသင်းလိုက်လေရာကျမ မှာသူငယ်ချင်းရှေ့ဝယ်ရှက်တက်နှင့်ရယ်ချင်ယောင်ပ်ါဆောင်ခဲ့ရလေသည်။စိတ်ထဲတွင်တော့နှုတ်ခမ်းကရှစ်တောင်လောက်ဖြင့်ဆူနေ
ချေသည်။
လူငယ်သဘာဝပေမို့😚ဂစ်တာလေးတီးယောင်ယောင်သီချင်းလေးညည်းယောင်ယောင်များမလုပ်လေနှင့်ဘယ်ကရှာလာမှန်းမသိသောခွက်တစ်လုံးရှေ့သို့
ရောက်လာပေမည်။
ကျွန်မအသက်အရွယ်၃၅ ဝန်းကျင်ကဖြစ်ပေမည်။တစ်
နေ့သောအခါအဖေ့အားခပ်ကြွားကြွားကျမဆိုပါသည်၊
အဖေ..အဖေ့..ကျမကိုလေ..လမ်းသွားရင်လေ..လူတွေ
ကအရမ်းကြည့်ကြတာပဲသိလားအဖေ...
ကျမဆိုလိုသည်က ကျမချောလွန်း၍ လူတွေငေးကြသည်ဟု။သို့သော်အဖေသင်းလိုက်သည်က
..အေးပေါ့ဟယ်..ကောင်းကောင်းကြည့်တာဆို..
ဲတော်သေးတာပေါ့...အကြည်ရဆိုးလို့ကြည့်တာဆိုရင်
သေဖို့သာကောင်းသေး...တဲ့လေ။
တစ်ခါကအဖေနှင့်ကျမTVအတူကြည့်ကြစဉ်TVအစီအစဉ်မှ မြစ်ကမ်းနဘေးနေသောရွာမှရွာသူတို့
လုပ်ကိုင်စားသောက်ခက်ကြရပုံတို့ကိုတင်ဆက်နေလေရာ အဖေမရှိအမေမရှိအဖွားသာရှိ၍ခက်ရင်းသောစားသောက်ရေးဖြင့်မောင်နှမငယ်တွေကိုရှာဖွေကျွေးနေရသောတံငါသယ်မလေးတစ်ယောက်အကြောင်းပင်တည်း..ကျမကြည့်ရင်းမျက်ရည်ဝဲလာသည်။
အဖေ့ဘက်လှည့်၍..😰😥😥😥ကြည့်ပါအုန်းအဖေရယ်..သူကသမီးထက်တောင်ဆိုးသေးတယ်နော်လို့
ပြောတော့အဖေသည်ကျမအားခပ်တည်တည်ပြန်
ကြည့်ကာ..😒😠😠ဟဲ့ကောင်မမော့မကြည့်ရဘူးဟဲ့
ငုံ့ကြည့်ရတယ်ဟ😀😃😄ထိုသို့ပြောသောကြောင့်
မောင်နှမတွေဝိုင်းရယ်ကြလေသည်။
ယခုလည်းအကြောင်းတရားကတိုက်ဆိုင်ပြန်ပြီ..အမှတ်
မရှိသောကျမပင်လျင်အမှားပေတည့်။..အဖေရေခုတစ်
လောလေမြို့ထဲကလူတွေကျမကိုပြောကြတယ်အဖေ..
ဆိုစမ်းပါအုန်းဘာတဲ့တုန်း..မစန္ဒာထွေးရေးတဲ့စာတွေဖတ်ရတယ်..အရမ်းကောင်းတာပဲ..ဆက်ရေးပါအမ..အားပေးနေမယ်နော်တဲ့လေ..ဟီဟီ..
အဖေသည်ခပ်ပြုံးပြုံးအမူအရာဖြင့်..နင်ကဘာစာတွေ
ရေးနေလို့တုန်း..ကျွန်မသည် ကျွန်မရေးနေသောစာကို
ဖွင့်မပြောလိုကွယ်ဝှက်၍၊ဒီလိုပဲလေဟိုအကြောင်းဒီအကြောင်းပေါ့..
အေးဟယ်..ငါဟိုဟာသွားသတိရတယ်ဟ...ဘယ်ဟာတုနိးအဖေရ..ကျွန်မနဲနဲရိပ်မိချင်လာပြီ..အဖေကျွန်မအားကဲ့ရယ်တော့မည်။
မင်းတုန်းမင်းကြီးလက်ထက်ကဟယ်ဟိုအမတ်ကြီး.
သိပြီအဖေ..ယောမင်းကြီးဦးဖိုးလှိုင်ကိုပြောနေတာမို့လား..အဖေက.ပြန်မပြောရယ်နေသည်..
ကျွန်မကပင်ဆက်ပြောလိုက်သည်..ယောမင်းကြီး
ဦးဖိုးလှိုင်ကဥတုဘောဇနကျမ်းကိုရေးတော့
မြင်းထိမ်းသည်ကချီးမွမ်းတာလေ...ယောမင်းကြီးက
အဿပြာတစ်ထောင်ပေးပြီးတားခဲ့တာမို့လား...
အဖေကား😀အေးဟုတ်တယ်လေ..နင်အဲ့လိုလည်း
ဖြစ်နေအုန်းမယ်..
ကျွန်မသည်ငိုမယ့်မယ့်မျက်နှာဖြင့်😢😢😢.
အဖေရယ်အဖေပြောလိုက်ရင်လေ..ကျွန်မမှာမပဋာလည်းဖြစ်ရလိုဖြစ်ရ..ခုလည်းပဲ😗😚😪😪သမီးပရိတ်သတ်တွေကစာတတ်
ပေတတ်ဘွဲ့ရတွေပါအဖေရ..ဟုကျွန်မပြန်ချေပရလေ
သည်။
အဖေကားပြုံးရင်းဖြင့်.."အေးပါဟယ်အဲ့သလိုဆိုရင်တော်
သေးသာပ..".အဖေ့ကိုကြညSandar Htweိတ်ထဲကပြောလိုက်သည်..အမယ်မယ်မယ်ဒSandar Htweပတာ
တောင်လက်ခံချင်ပုံမရ ..အာဂအဖေဖေ။ ။

Sun7August😀😜

Sunday, August 6, 2017

အနော်ပြောပြပါရစေနော်တရားတွေကို
လေ့လာလိုက်စားတယ်ဆိုပေမယ့်
အနော်မြတ်နိုးသူရောနားရင်းပါးရင်းရိုက်ချင်သူရောရှိတယ်ဗျတရားကိုဆောင်ပေမယ့်မဂ်မမြင်သေးဘူးလေဗျာကိလေသာရှိနေတာပေါ့၊ကဲပြောပြမယ်၊အနော့ဆိုင်ကိုအသက်သုံးဆယ်
အရွယ်ကောင်မလေးတစ်ဦးရောက်လာတယ်။ရုပ်ရည်လေးကအသင့်အတင့်
လေးအနော်နဲ့မိတ်ဆက်စကားပြော
ကြရင်ခင်တာရင်းနီးတာပိုလာပါတယ်။
များသောအားဖြင့်ဘုရားတရားအကြောင်းပြောရမယ်ဆိုရင်ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်သူကအနော်ပါ။ဟိုးအရင်အနော့ယောက်ျားနဲ့မကွဲကွာခင်တုန်းကလည်းဧည့်သည်နဲ့အနော်နဲ့
ဘုရားတရားအကြောင်းပြောလျင်
အနော့ယောက်ျားကအနော့ကိုအမြင်ကတ်တယ်တဲ့ဗျ။အခုလည်းအနော့သမီးကအနော့ကိုအမြင်ကတ်တယ်တဲ့လေ။အနော်ကမေးတယ်ကောင်းတဲ့စကား
ပြောတာဘယ့်နှယ်ကြောင့်အမြင်ကတ်ပါသနည်း။စကားပြောဆိုရာတွင်မျက်နှာကိုရှုံ့ လိုက်တွန့်လိုက်လုပ်နေတာကိုလည်း
ကြည့်မရဘူးတဲ့နောက်တစ်ခုကအရာရာသူများထက်ကျော်သိနေပြီးပုံစံကဆရာကြီးပုံစံမို့ပါတဲ့လေ။
ဒါပေါ့လေ ဝေဖန်သူရှိလာတော့လည်းဆင်ခြင်ရမှာပေါ့၊အခုပြောချင်တာကအဲ့ဒီ့အနော်နဲ့ခင်တဲ့ကောင်မလေးကပြောလာတယ်။
သူ့ကြီးကြီး(အဒေါ်) တရားစခန်း ဝင်နေပါတယ်တဲ့။သြော်ဟုတ်လားဘာလားပေါ့အလာဘသလာဘပြောဆိုပြီးသကာလနောက်
ရက်အတန်ကြာသောအခါသူမ
နှင့်အနော်ထပ်မံဆုံကြပြန်လေသည်။
ဟုတ်ကဲ့ အနော့ချစ်ခြင်း အနော့ဒေါသ
အဲ့ဒီမှာစတာဗျ၊ဒီကောင်မလေးဟာအတော်ကိုအပြောအဆိုမတတ်တဲ့ကောင်မလေးပါလားလို့
အနော်ဒေါသထွက်မိတယ်လေ။
ဒါပေမယ့်သူ့ရဲ့ကြီးကြီးဆိုတာဘယ်သူ
ဘယ်ဝါအနော်မသိလိုက်ပေမယ့်
ရင်ထဲကနေ လှမ်းပြီးအာဘွားတွေအခါတစ်ရာမကပေးမိပါရဲ့..
ကောင်မလေးပြောပုံကကြည့်အုန်း
သူ့ကြီးကြီးတရားစခန်းကနေပြန်လာပြီတဲ့
နင်ပြောပြောနေတဲ့မစန္ဒာထွေးဆိုတာ
ညနေဆိုရောက်လာပြီး မနက်အာရုဏ်ဆွမ်းကျွေးပြီးချိန်
အိတ်သေးသေးလေးလွယ်လျက်
စက်ဘီးလေးနဲ့ပြန်သွားတဲ့ကောင်မလေးလားတဲ့
ဒီတော့သူကဟုတ်တ်ာဟုတ်တယ်လို့ပြောလိုက်တော့လျင်
သူ့ကြီးကြီးက...
😮ဟယ် 😮😮
နင်ပြောတော့အသက်ကြီးနေပြီဆို
ငါမြင်ရတာတော့ငယ်ငယ်လေးပါလား
🤣😄😄😄တဲ့
ဟဟားအနော်ပီတိဖြစ်သွားတာလေ
😫😫😫ဒါပေမယ့်သူမပြောလိုက်တာက
ဘာဘယ်ကလာငယ်ရမှာလဲ
သူ့သားသမီးတွေတောင်
အကြီးကြီးတွေဖြစ်ကုန်ပြီ.😠😠😠မငယ်ဘူးအသက်ကြီးပြီလို့
ပြန်ပြောလိုက်ပါသတဲ့လေ
😒😒😒😒ကဲကဲ အဲ့သဟာပဲဗျ
တော်အလိုက်ကန်းဆိုးမသိတဲ့ကောင်မလေး။။

Tuesday, August 1, 2017

စိတ်တေလေနှင့်အင်းဝိဇ္ဇာ(7)
==================
အမေအင်းဝိဇ္ဇာသည်အသက်အရွယ်ကားရှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီထင်ပါသည်။ကျမ၏ရှေ့တွင်စစ်ဗိုလ်လင်မယားရှိ
နေလေရာ ၎င်းတို့သည်အသက်အရွယ်၂၇ခန့်သာရှိကြပေလိမ့်ရာ
အမေအင်းဝိဇ္ဇာ၏အပေါ်တွင်အလွန်အမင်းယုံကြည်ကိုးစားဟန်ရှိလေသည်။ ကျမကတော့ လေ့လာမှုသက်သက်သာဖြစ်၍နားလည်နိုင်အောင်ကျိုးပမ်းနေဆဲအဆင့်သာဖြစ်ပါသည်။ကျမသည်မည်သည့်အရာတွင်မဆိုရှေ့နောက်ကြောင်း
ကျိုးစပ်ဆက်၍ စဉ်းစားသည်ကများလေရာ အမှားကြုံ
၍သင်ခန်းစာရခဲ့သည်လည်းရှိဖူးပါသည်။
ကိုးကွယ်မှား၍ဖွတ်ထွက်မှတောင်ပို့မှန်းသိခဲ့ရသည်လည်းရှိပါသည်။ စစ်ဗိုလ် လင်မယားတို့ပြန်ခါ နီးအချိန် အမေ့အားရှိခိုးကန်တော့ကြလေသည်။
ထိုသို့ရှိခိုးကန်တော့ရာ ဗိုလ် ကတော်လေးသည် အမေ့၏
ခြေအစုံကိုဆုပ်ကိုင်၍ဦးတိုက်လေသည်။
ထိုအခါ အမေသည်အံ့သြ၍ ”ဟယ်…ကြည့်ကြစမ်းပါ
ကွယ်ရို့ ဒီကလေးမလေးက ငါ့ကို ခြေကိုထိပြီးရှိခိုးတယ်
ဒါဟာ သားတပည့်တွေလုပ်ကြရတဲ့ထုံးတမ်းအစဉ်အလာဖြစ်
တယ်ကွယ်”
”ဒီတော့…သူဟာငါ့တပည့်ဖြစ်ခဲ့ပြီ…ဒီတော့ငါကဂါထာစုပ်
ရပေလိမ့်မည်။ဒီဂါထာက…အရမ်းအစွမ်းကြီးတယ်ကွယ်
ရွတ်ရတဲ့အတူတူ…ငါဟာမင်းတို့ကိုပါရွတ်ဖတ်စုပ်ချပေးမယ်…ကဲ…အားလုံးငါ့ရှေ့လာကြကွာ”
ဟုပြောဆိုပြီးအမေသည်ဂါထာစုပ်လေသည်။အမေစုပ်သောဂါထာသည်အချိန်ဆယ့်ငါးမိနစ်ခန့်ကြာရာ
အောင်ခြင်းရှစ်ပါးဂါထာကိုအကျယ်ဖွဲ့သီထားခြင်းဖြစ်ပေသည်။အမေ့တွင်ရှိသောအခြားအစွမ်းထက်မြက်မှုများမှာ
သားချည်းမွေးနေတာခြောက်ယောက်ဖြစ်၍သမီးရတနာလိုချင်သူကိုရအောင်လုပ်ပေးခြင်း၊လေမုန်တိုင်းကိုရအောင်တားဆီးနိုင်ခြင်း(ထိုအကြောင်းအရာကိုvideoဖြင့်မှတ်တမ်းတင်)ထားသည်ကိုတွေ့ရပါသည်။
ငွေရေးကြေးရေးအခက်ခဲဖစ်နေသူကိုပြေလည်အောင်
စာမေးပွဲဖြေသူကိုအောင် အောင် ပြန်မရသောကြွေးမြေများပြန်ရအောင်၊ရာထူးတက်အောင်
အလုပ်အကိုင်အဆင်ပြေအောင်၊ပညာဖြင့်ပြုစားထားသည်ကိုဖြေအောင်စသည်စသည်ဖြင့်
စုံလွန်းသောလူ့လောကဓံများကိုသဘာဝကိုကျော်၍အင်းအိုင်လက်ဘွဲ့ခလှဲ့တို့ဖြင့်စေစားကာကျွမ်းဝင်ထက်မြက်မှုများဟုကျွန်မကောက်ချက်ချမိပါသည်။
အမေကိုယ်တိုင်က သူသည်အင်းပေါင်းခြောက်ရာကျော်ကို
ထုံကူးကာကစားနိုင်သည်ဟုပြောပါသည်။
နောက်ထပ်မည်သည့်အရပ်မှာနေသည်မသိရသောမိန်းမ
တစ်ဦး သူ့ယောကျားက မယားအငယ်ထံမှပြန်မလာ၍
လာအောင်လုပ်ပေးရန် စေစားနေသည်ကိုတွေ့ရပါသည်။
နောက်တစ်ယောက်က စီးပွားငွေမစုမိ၍စုမိအောင်ဟုစေလာပါသည်။
ထိုတွင်အမေပြောသောစကားများကိုကျမနှစ်သက်မိပါသည်”မင်းတို့ကိုငါပြောမယ်…ငဒို့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေဟာငဒို့နိုင်ငံကရွှေငွေကျောက်သံပတ္တမြားတွေကိုလိုချင်ကြတယ်…သူတို့ဟာငဒို့နိုင်ငံ
သားတွေရဲ့မသိမှုကိုအခွင့်ယူပြီးချဲနှစ်လုံးလောင်းကစား
ထီကိုတီထွင်ပြီးငဒို့နိုင်ငံထဲပို့ထားတာ…မင်းတို့ကချဲတွေ
ထိုးနေတော့မင်းရှာတဲ့ငွေစုမိပါ့မလား”
”ငါပြောတာမှန်ရဲ့လား·မင်းချဲထိုးနေတာရပ်လိုက်ပါ”
ထိုအခါထိုမိန်းမက”ဟုတ်ကဲ့…ကျမကိုငွေစုမိအောင်လုပ်ပေးပါ”ဟုထပ်မံ၍တောင်းဆိုလေသည်အမေက”ငါဘာလုပ်ပေးစရာ…လိုလို့လဲညေး.ချဲမထိုးပဲနေရင်စုမိပြီပဲ”ဟုပြန်ဆိုလေသည်။
ကျမအမေ့အားနှစ်သက်သေညအရာများရှိသလိုမနှစ်သက်သောအရာများလည်းရှိရာဆက်လက်၍တင်ပြပါမည်။
ဆက်ရန်
မြကေသီလွင်၊စောနေခြည်၊စန္ဒာထွေး(မြတ်လေး)