ဘဝအသင်္ချေ ရေတွက်မရဘူးလေ
တွေ့ခဲ့ဖူးမှာပါ နင်ဟာငါ့အတွက်တစ်ခုခု
ပတ်သက်မှု အကြွေးတွေစုထားခဲ့ပါလျင်
ကြေပါချေပါ နောင်သံသရာမှာ
အငြိုးအတေးနဲ့ ထပ်လည်းမတွေ့ချင်တော့ဘူး
ငြိမ်းချမ်းမှု သစ္စာ မေတ္တာ ဥပေက္ခာ
ပေါက်ဖွားရာနယ်မြေငြိမ်းချမ်းမှုတွေကြားငြိမ်သက်စွာနေရပါစေသား။
Monday, February 12, 2018
မကြည့်ရက်တော့လို့ပါ
ငါဘာမှမလုပ်ခဲ့ပါဘူး
မင်းဘဝမှာနေသာသလိုနေပါ။
အဲ့သည့်ကဗျာ မွေးစားတာလို့မပြောနဲ့
ဘယ်နှစ်ကြိမ်ပြန်တွက်တွက် သုညပဲကြွင်းနေတယ်။
တစ်နှစ်မှာ
တစ်ကြိမ်လောက်သာလွမ်းပြပါရော့
အချော့တော်တေး မိအေးမှကြိုက်လိမ့်မယ်။
အေးဟုတ်ပါတယ်
ခေါင်းငြိမ့်လိုက်တိုင်း အရောင်တူပြီး
ကမ်းပုဝါကထူလွန်းလို့။
ပြန်ဖျက်မပြစ်လိုက်ပါနဲ့
အဲ့သည့်သက်သေတွေကို
နေညိုချင်ညိုပါစေ
ဇရာတွေကောက်ကွေ့ပြီ
နင်စေလိုရာစေ
တစ်ခါတစ်လေဟာတစ်ကြိမ်တစ်ကြိမ်
်သာကောင်းစမြဲမို့ သုညကြွင်းလည်း
ခွင့်လွတ်တယ်... နော်..
Sawnaychyi 💚

(အောက်ပါစာ များမှာ ကိုနေဇာထံမှကူးယူလာခဲ့ပါသည်)အနော်လည်း ယခုတစ်လောပြောပြချင်နေသည်ကဝဋ်နာကံနာပါ
အနော်ငယ်ငယ်က
တိုင်းကျော်ဟုခေါ်သော
သူငယ်ချင်းရှိခဲ့ဖူးပါသည်
သူနှင့်အနော် ညတိုင်းလမ်းမီးတိုင်များအောက်တွင်ပုရစ်ကောက်ကြပါသည်။
အနော်တို့ဖမ်းဆီးလာသောပုရစ်များကို အနော့အိမ်ရောက်သည်နှင့်
ခြေလက်များကိုအရှင်လတ်လတ်ဖဲ့ပစ်သည်
ထို့နောက်လျှပ်စစ်မီးဖိုပေါ်သို့တင်ကာ ကွိုင်ကိုဖွင့်ချလိုက်ပါသည်
ထို့နောက်နှစ်ယောက်သား
ပုရစ်မီးကင်များကိုမြိန်ယှက်စွာ
စားခဲ့ကပါသည်
ယခုသော်အနော်သည်ပုရစ်လို
အင်းဆက် မပြောနှင့်ကြက်ဥနှင့်ငါးမှလွဲ၍
,
အခြားဘာမှမစားတော့ပါ။
သို့သော် အနော့အားနုပျိုလှပါသည်ဟု
ချီးမွမ်းသူများသိလျင်အံ့သြပေမည်။
ဒေါင်ဒေါင်မြည်သောအနော့ကျမ္မာရေးကား
နာခြင်းသဘောကိုပြလေပြီ
နေ့စဉ်ရက်ဆက် မတ်တပ်
အလုပ်လုပ်ရသောအနော်
ယခုဒူးနှစ်ဖက်စလုံးကား
ယောင်ယမ်း၍နာနေပါပြီ
ထိုင်ရာမှထလျင်သေမတတ်ခံစားရသောဝေဒနာ
ခြေလှမ်းလျင်ဒူးကွေးပါက
အကြောညပ်ကာ ဝေဒနာကို
ကြိတ်မှိတ်ခံစားရသည်မှာ
သေတွင်းဝသို့ရောက်သည့်နှယ်
ထိုအခါ ပုရစ်ကိုမီးကင်ခါစားသောက်စဉ်ခြေလက်များချိုးပစ်ခဲ့သည်ကို
ဝဋ်ဟု သတ်မှတ်ကာ...
😢SAWNAYCHYI
``အရှင်ဘုရား .... တိုင်ကပ်နာရီကြီးဘယ်ရောက်သွားလဲဘုရား ... ´´
`` ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွယ့် ....´´
`` အရှင်ဘုရား ... ဒါဆို .. သူခိုးလာခိုးသွားတာဖြစ်မှာပါဘုရား .. အရှင်ဘုရား မသိလိုက်ဘူးလား ဘုရား ... ´´
`` သိပါတယ်ကွယ် .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားတယ် မတော်လွတ်ကျရင် မင်းတို့တွေနိုးကုန်ကြရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးတာနဲ့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့တောင် ပြောလိုက်သေးတယ် .. ´´
``အရှင်ဘုရားနှယ် .. သူခိုးပဲ ဘာလို့ လွှတ်ပေးလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် ....´´
`` အခုလဲ မထူးပါဘူးကွာ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးသန်းခေါင် သူများမသိအောင် လာယူတော့လဲ ... အယုတ် ၊ အလတ် ၊ အမြတ် ရွေးမနေရတော့ဘူးပေါ့ .... ´´
{အောင်ခြင်းရှစ်ပါး ဆရာတော်၊အမရပူရမြို့ }
`` အရှင်ဘုရား ... တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲမမြင်ပါ့လား ... ဘယ်နေရာမှာသွားထားပါသလဲဘုရား .. ´´
`` ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်က လာယူသွားတယ် ....´´
``အို .. အရှင်ဘုရားကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိရဦးမှာလဲ .. တပည့်တော်တို့က အရှင်ဘုရားကို လှူထားတာပဲဥစ္စာ ... အရှင်ဘုရားပိုင်တဲ့ပစ္စည်းဘဲပေါ့ ...´´
``ငါ မပိုင်လို့ပေါ့ကွာ .. ငါသာပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ ၊ ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ ... ´´
``အို ... အရှင်ဘုရားကလည်း ဝေ့လည်လည်နဲ့ပြောနေပြန်ပါပြီ ... သူခိုး ခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို အရှင်ဘုရားရဲ့ ရေဒီယို ဆုံးပြီပေါ့ ...´´
``မဆုံးပါဘူးကွယ် .... ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲ၊ပင်လယ်ထဲ ကျသွားတာတို့လို ဘယ်သူမှ သုံးခွင့်မရတော့တာမှ ဆုံးတာပါ .... ခုဟာက တစ်နေရာတော့မှာ သုံးလို့ရနေဦးမှာပါကွယ် ... ´´
{ နတ်မှီတောရ ဆရာတော်ဘုရားကြီး ၊ တောင်တွင်းကြီးမြို့ }
`` ဆရာတော် လုပ်ပါဦးဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ပုလိပ်တိုင်မှ ဖြစ်တော့မယ်ဘုရား ´´
``ဘာဖြစ်တာတုန်းဟဲ့ ကပ္ပိယရဲ့ .. မင်းဟာက အရင်းမရှိ .. အဖျားမရှိ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ...´´
``ဆရာတော့်ပစ္စည်းတွေ ညက သူခိုး ဝင်ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်ကိုတိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... ´´
`` ကပ္ပိယ ကိုယ့်ပစ္စည်း သူများခိုးတာခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ ... သံသရာမှာ ကိုယ်ပြုခဲ့ဖူးတဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါဟာ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် ... ´´
သံသရာဆိုတာ ရှိတယ် ၊ ဝဋ် ဆိုတာ လည်တတ်တယ် ...
{ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး}
ခရက်ဒစ်

အလိုမရှိခြင်းရဲ့ဖြစ်တည်မှုနဲ့
တစ်နေ့ထက်တစ်နေ့ပြသလာသော
မနှစ်မြို့ခြင်းတွေ
ပျော်ရွှင်မှုတွေမြင်ရလည်း
တစ်ဖက်မည်းရဲ့ကမ္ဘာဟာ
တစ်ခြမ်းတည်းသာ
သူပိုင်ခဲ့
မရောင့်ရဲနိုင်မှုကိုနင်အလိုရှိသေးလား
တစ္ဆေခြောက်သောညနှင့်မေးခွန်း
အဖြေမရှိသရွေ့သွားနေရမည့်ငရဲလမ်း
နင်ထပ်လှမ်းရဲသလား
Sawnaychyi

တစ်နေ့ထက်တစ်နေ့ပြသလာသော
မနှစ်မြို့ခြင်းတွေ
ပျော်ရွှင်မှုတွေမြင်ရလည်း
တစ်ဖက်မည်းရဲ့ကမ္ဘာဟာ
တစ်ခြမ်းတည်းသာ
သူပိုင်ခဲ့
မရောင့်ရဲနိုင်မှုကိုနင်အလိုရှိသေးလား
တစ္ဆေခြောက်သောညနှင့်မေးခွန်း
အဖြေမရှိသရွေ့သွားနေရမည့်ငရဲလမ်း
နင်ထပ်လှမ်းရဲသလား
Sawnaychyi

သတိရတိုင်းလည်းငါရေးနေခဲ့တယ်နင့်အကြောင်းတွေ
သီချငိးသံကြားလည်းငါတွေးနေမိတယ်နင့်အကြောင်းတွေ
ငါရောက်နေတယ်နေရာတိုင်းငါမြင်နေတာကနင်ပါ
ငါ့အိပ်မက်ထဲအမြဲနင်ပဲပါ နေတယ်ဆိုရင်
နင်နေကောင်းရဲ့လား ငါအမြဲမေးနေတဲ့
မေးခွန်းက ဟောင်းမသွားခဲ့ဘူးချစ်သူ
အခုဆိုရင် ဆောင်လေတွေဝှေ့ခတ်လာပြီ နှင်းမှုံတွေလည်း ဝေ့ဝဲလာပြီ
သတိရခြင်းငှက် သစ်ပင်ထက်မှာသံသာဥသြ
သူတွန်သည်
မမေ့သေးဘူး မမေ့နိုင်သေးဘူးချစ်သူ။

Subscribe to:
Posts (Atom)