Wednesday, September 6, 2017

စိတ်တေလေနှင့်အင်းဝဇ္ဇာ,(1)
===================
လူသားဘယ်ကစတင်ပေါက်ဖွား
ဖြစ်ပေါ်ပါသနည်း?ဤအမေးကို
ဗုဒ္ဓမြတ်စွာတားမြစ်တော်မှုခဲ့ပါ
သည်။ကိုယ့်ဥာဏ်နှင့်မမှီသည်
ကိုမစူးစမ်းစေချင်သည့်သဘောဟု
ကျွန်မထင်မြင်မိသည်။
လူရယ်လို့စတင်ဖြစ်ပေါ်လာပြီဆိုပါလျင် လောကီနှင့်လောကုတ္တရာဟု
နယ်ပယ်နှစ်မျိုးရှိသည်ဟုအားလုံးနီး
ပါးသိထားမည်ထင်မိပါသည်။
ထိုသို့ဆိုပါလျင် တရားသီချင်း တရားနှင့်ပတ်သက်သောစာသား
ဗုဒ္ဓနိပါါတ်တော်တို့တွင်ဝဇ္ဇာဇော်ဂျီတပ္ပသီရယ်ဟုကြားဖူးမည်မဟုတ်ပါလော။ဟုတ်ကဲ့ပါကျမ ယခုရေး
မည်မှာကျမမြင်ဖူးတွေ့ဖူးသော
ဇော်ဂျီအမျိုးတစ်ဦးအကြောင်းပင်တည်းးး
ကျမ၏ဘဝတွင်ထူးဆန်းမှု အတွေ့အကြုံအများအပြားရှိရာယခုလတ်တလောကြုံခဲ့ရသည်မှာဝဇ္ဇာအမေတစ်ဦးနှင့်တွေ့ဆုံခဲ့ရမှုပေတည်း။
ကျမသည်ငယ်စဉ်တောင်ကျေးကလေးဘဝတွင်အင်မတန်သရဲကြောက်တတ်လေရာ အဖေ့ရဲ့အဖေ ကျမရဲ့ဘကြီးကအမြဲစနောက်တတ်သည်မှာ”လုံမလေးရေ..ဘကိုရေတစ်ခွက်ခပ်ပေးပါကွယ်”… ညအချိန်အခါဖြစ်သောကြောင့် ရေအိုးစင်မှာနောက်ဖေးတွင်သာရှိသောကြောင့်ကျမ မှာသွားမခပ်ရဲ
အိမ်တွင်လည်းအဘနှင့်ကျမ နှစ်ယောက်သာရှိသည်။အဖေအမေ
အားလုံးအခြားအိမ်သို့သွားလည်ခိုက်ဖြစ်ရာ…”ဟာ…အဘကလည်း
ကြောက်တယ်…မခပ်ရပ်ဘူး”
ထိုအခါအဘသည်ဘာကိုကြောက်သတုန်းငါ့မြေးရဲ့…”သရဲပေါ့အဘရဲ့”ဟုကျမကပြန်ဖြေလျင်…အဘက
”သရဲမရှိပါဘူးကွယ်သွားခပ်ချေပါအဘရေဆာလို့ပါ”ကျမသည်အတန်
တန်ငြင်းရာအဘသည်…
”သရဲကိုမကြောက်နဲ့သမီး
သရဲကလေ…ငါ့မြေးကိုတောင်ပြန်.
ကြောက်မှာ…ငါ့မြေးသွားကြည့်
လိုက်သရဲကငါ့မြေးကိုမြင်တာနဲ့ကို
လန့်ပြီးထွက်ပြေးသွားမှာ”…
ကျမသည်အဘကိုစိုက်ကြည့်နေသည်အဘကခပ်တည်တည်ပင်ပြော
နေရာကျမသည်အဘပြောသည့်အတိုင်းယုံကြည်မိသွားလေရာ…
”အဘတစ်ကယ်လားဟင်”ဟုမေးရာအဘက”သိပ်ဟုတ်တာပေါ့သူက
သူထက်ရုပ်ဆိုးတဲ့သူကိုကြောက်တာပေါ့သမီးရဲ့”ဟုပြောပြီးမျက်နှာကိုတစ်ဖက်သို့လှည့်ထားသဖြင့်အဘမျက်နှာမည်သို့ရှိသည်ကျမ မသိပါ။ကျမသိသည်ကကျမသည်
ကျမကိုယ်ကျမယုံကြည်မှု့ရှိသွား
သည်။”အင်း…သရဲကငါ့ကို…
ကြောက်တယ်ဆိုပဲ”
ကျမသည်ရဲရဲတင်းတင်းသွက်သွက်လက်လက်အဘအတွက်ရေတစ်ခွက်ခပ်ပေးလိုက်သည်တွင်အဘသည်ရေဆာလှပြီဖြစ်သောကြောင့်အငမ်းမရသောက်လေသည်။”…အား…
အေးသွားတာပဲကောင်းလိုက်တာငါ့မြေးရယ်…”အဘသည်မျက်နှာမှာ
ပြုံးရွှင်နေသည်”ငါ့သမီးလေး…
နောက်ဘဝကျရင်နတ်သမီးလေးလိုလှပါစေကွယ်”…”အင့်အင့်ရေခွက်
သွားထားချေ”
ထိုနေ့မှစ၍ကျမသရဲမကြောက်တော့ပါ တနေ့ညဖက်အမေကမေး
သည်မိသားစုအားလုံးရှိသည့်အပြင်
ဧည့်သည်တို့လည်းရှိ၍ထွေရာလေးပါးစကားပြောဆိုနေကြစဉ်အမေက
”သမီးရေနောက်ဖေးကတံပျက်စည်း
သွားယူပေးပါကွယ”်ဟုခိုင်းလျင်
ကျမကမြန်မြန်ဆန်ဆန်ယူပေးလိုက်ရာအမေကအံ့သြစွာဆိုသည်။
”ငါ့သမီးသရဲမကြောက်ဘူးလား”
ကျမကရဲရဲဝံ့ဝံ့ ရင်ကော့၍ဖြေလိုက်သည်
”ဟားအမေရာ သရဲကလေသမီးကို
ကြောက်တယ်  သမီးကိုမြင်ရင်ထွက်ပြေးရော”
ကျမစကားအဆုံးတွင်အိမ်းရှိလူ
ကုန်အားလုံးဝိုင်းဟားရယ်မောကြသည်။သူတို့ဘာ့ကြောင့်ရယ်သလဲကျမ
မတွေးတတ်ပါ။
အမေကအံ့သြစွာမေးသည်
”သမီးကိုဘယ်သူကပြောလဲသမီးရဲ့”
အ”ဘရယ်ပြောတာလေအမေ”
”အဖေကတော့လေကလေးကို”ဟု
အမေကညည်းငြူသည်။
ဤစကားအဓိပ္ပါယ်ကိုကျမမတွေးတတ်ပေမယ့်ကျမသရဲတော့မကြောက်
တတ်တော့ပါ။ဟုတ်ကဲ့ကျမဧကန်စင်စစ်သရဲနှင့်ရင်ဆိုင်တွေ့ရသောအခါတွင်မှုသရဲကို
သရဲမှန်းမသိခဲ့ပါ။ကဲထားပေအုန်း
ကျမရေးချင်သောလမ်းကြောင်းမှ
လွဲချော်မည်စိုးသောကြောင့်
ဝိဇ္ဇာဓိုရ် အမေ တစ်ယောက်အကြောင်းရေးပါမည်
ရေးမည်ဆိုသော်လည်း
Coming soonဟုရေးခဲ့ပါရစေ
မကြာမှိပြန်လည်တင်ဆက်ပါ့မည်။
Sandar Htwe

No comments:

Post a Comment