Sunday, September 10, 2017

အဖေကအနော့ကိုသတိပေးတယ်ဗျ
သမီးတဲ့လျောက်လျောက်မရေးနဲ့တဲ့
ခက်တာကလည်းအနော်ကကိုယ်သိ
ရင်ရေးကိုရေးရမှ..
အနော်တို့ရွာမှာဗျာ..အားလုံးအင်တာ
နက်ဆိုတဲ့ဟာကြီးသုံးကြပါတယ်..
သုံးရင်လည်းအမြင်မှန်ကိုရွေးမြင်စေချင်တယ်...🗣🗣🗣👣👣👣
အင်တာနက်ကိုသုံးသုံးစလောင်းကြီးပဲဖွင့်ကြည့်ကြည့်အမှန်တိုင်းကြည့်စေချင်တယ်...👁👁👁👀👀👀
မွေးထည်းကအမေပေးထားတဲ့ဦးနှောက်ကိုယျထာဘူတာကျကျအသုံးချစေချင်တယ်...🗣🗣🗣👥👥
ခုတော့ဗျာကြည့်စမ်းပါအုံး..😡😡
အင်္ဂလိပ်လိုဆယ့်တစ်ရက်နေ့နဲ့ဆယ့်နှစ်ရက်နေ့ကိုကုလားတွေဝင်လာမယ်ဆိုလားဘာတွေစစ်ကြောင်းဝင်မယ်ဆိုဘား..ဘာမှန်းမှဃဎဏနမသိပဲ..
ယမ်းတုတ်လော်ဘီများ၏ကောလဟာလစကားကြားဝယ်ပြေးလေသောယုန်သူငယ်သို့မျက်စိတစ်ဆုံးမကြည့်ပဲ
မျက်မွှေးတစ်ဆုံးသာကြည့်ကာ
လော်ဘီများစကားဝယ်မိမိပိုင်အတွေးအခေါ်များကိုလမ်းဆုံးကြလေ၏။ဝမ်းနဲစရာကောင်းပ...
ထို့သောကောလဟာလအကြောင်း
ကိုပြု၍ကျောင်းသားများကျောင်းမ
တက်ကြ၊ဈေးဆိုင်များပတ်သူကပိတ်ကြ
ခရီးသွားမည့်သူများမသွားကြ။
အကြောက်လွန်သူတို့အားသတင်းစကားမျှဝေထားပေးပါသော်လည်းမဖတ်ပဲနေကြသည်ထင့်ထိုသို့ဆိုလျင်အင်တာနက်တွင်သတင်းမကြည်ပဲဘာကိုကြည့်သလဲ
စလောင်းဖွင့်လျင်သတင်းမကြည့်ပဲ
ဘာကိုကြည့်သလဲ
သတင်းစာရောမဖတ်ကြလေသလား
ကျယ်မတို့က စာဖတ်ရင် မျက်ကြောတွေတက်တက်လာလို့
မဖတ်ဘူးဟုများဆင်ခြေပေးလိုသလား
ဟုတ်ကဲ့..အဲ့သည်ဆင်ခြေနှင့်အလားတူများစွာကြားဖူးပါ၏။
စာဖတ်ပါဆိုသောဆောင်ပုဒ်တွေအလကားဖြစ်ရချေသည်။
ကဲရှိစေတော့..
ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်
နိုဘယ်ဆုကြီးပြန်သိမ်းသွားချင်သွား
ဗမာစကားတောင်မတတ်သူများအား
နိုင်ငံသားပေးရန်အကြောင်းမရှိ..
သမ္မတကြီး ကပြောသည် ကုလသမ္မဂအပါအဝင်မည်သည်နိုင်ငံ
မှဝင်ရောက်စွက်ဖက်ခြင်းလက်မခံ..

ဦးမင်းအောင်လှိုင်(ကာချုပ်)မှ
မိမိနိုင်ငံနှင်လူမျိုးအားထိခိုက်စော်ကားလာပါလျင်အမြစ်မှဖြတ်အပြတ်အသတ်ဖြေရှင်းမည်...
ထို့ထက်ကောင်းသောစကားများမရှိတော့သည်ဖြစ်ရာအချိန်ကုန်ခံကြောက်မနေပါပဲရခိုင်ပြည်သူရခိုင်သားများကိုမေတ္တာလှိုက်လဲစွာပို့သပေးကြပါရန်...
Sawnaychyi &

စိတ်တေလေနှင့်အင်းဝိဇ္ဇာ(2)
===============
ကျွန်မသည်ဤစာကိုဆက်ရေးရန်
ကျမ်းကိုးလိုနေပါသဖြင့်ရှာဖွေရာမတွေ့နိုင်
ပဲရှိခဲ့ပါသည်။ကျွန်မသည်စာပေကိုမြတ်နိုးသူဖြစ်ရာ
ကျွမနစ်သက်သောစာအုပ်သာမက၊မည်သည့်စာ
ကိုမဆို ကျွန်မတရိုတသေ သိမ်းပါသည်။
ယခုလည်းဤစာတမ်းအတွက်လိုအပ်နေသောကျမ်းကိုး
ရမည့်စာအုပ်သည် ကျွန်မ ဘဝ၏ လောကဓံ လှိုင်းများကြားဝယ် အဘယ်တွင်ပျောက်ခဲ့သည်မသိ
ရှာဖွေမရတော့ပါ။ရှာမတွေ့တော့သော်လည်းစာရေးဆ
ရာပါရဂူရေးသားသောတစ်ထောင့်တစ်ညဝေသာလဝတ္ထုကိုတွေ့ရလျင်အဆင်ပြေနိုင်ကောင်း၏ဟု
ဝန်ဇင်း ၊ဂူဂဲလ် တို့တွင်ဝင်ရောက်ရှာဖွေပါသော်လည်း
မတွေ့ဖြစ်ရသည်မှာညစဉ်အိပ်ပျက်လေသည်။ကျွန်မ၏
ဘာလုပ်မေသည်ကိုမသိသော သူတို့စိတ်အထင်နှင့်
ထင်ချင်ရာထင်လေသော friends တွေကလည်း
Hi,
ဘာလုပ်နေလဲ,
ဘယ်သူနဲ့chat နေလဲ”
စသည်ဖြင့်မေးကြသည်ကတစ်ဖုံ၊ကျွန်မမှာရှာနေသောစာကို ဝက်ဆိုက်ပေါင်းစုံ၌ ရှာမတွေ့၍စိတ်ပျက်ရသည်ကတစ်မျိုး အိပ်ချိန်ညနက်ပြီ
ဖြစ်၍အိပ်လည်းငိုက်ကာဖုန်းသည်ပင်လက်မှလွတ်ကျအိပ်ပျော်ရသည်။
ကဲမတွေ့သည်ကိုထားမသေချာသည်ကိုပလပ်၍ရေး
ရပေမည်။ကျွန်မသည်အသက်အရွယ်ရလာသည်နှင့်အမျှ လောကဓံလှိုင်းတို့သည်ပိုပိုကြမ်းလာရာတစ်နေ့သ၌
ကျွန်မ၏အမေအရွယ်ကျွန်မကိုခင်သောကံစပ်အဒေါ်တစ်ယောက်က ကျွန်မအား” စန္ဒာထွေးရေ နင့်ကိုငါလိုက်ပို့မယ်လေ ”တဲ့ပြောလာသည်တွင်
”နေပါစေကြီးကြီးရယ်အကြောင်းကြောင့်အကျိုးဖြစ်တာပဲလေ”
ဝိပဿနာသမားတွေပဲအကြောင်းအကျိုးပေါ့လို့ငြင်းပါသေးသည်။သို့သော် ကြီးကြီး ကလက်မခံ ဟေအေးဟယ်
ဘာဖြစ်ဖြစ်ခဏတော့လိုက်ခဲ့ပါဟာ ဟုဆိုလာသော်
ကျွနိမသည် သုတပါး၏စိတ်ကိုအလိုလိုက်တတ်သူပီပီ
အင်လေသွားလေဟုအလိုလိုကိမိရာမှ အမေအင်းဝိဇ္ဇာနှင့်တွေ့ရန်အကြောင်းဖန်လာပါတော့သည်။
ဤအကြောင်းအရာကိုရေးရာတွင်ကျမသည်အမေအင်းဝိဇ္ဇာ၏နာမည်ကိုလည်းကောင်းအမေနေထိုင်ရာမြို့ကိုလည်းကောင်းဖော်ပြမည်မဟုတ်ပါ။
ကျမက ကျမ၏မိခင်ကို သွားမည့်ခရီးစဉ်ကိုပြောပြရာ
အမေကလိုလားနှစ်သက်ဟန်မပြ၊ ညေးကလည်းအေ
ဘုရားတရားလုပ်နေပြီးဒါတွေယုံစရာလားအေးအခု
တော့ထားပါတော့ နောင်ကိုချိန်ဆိုမလာနဲ့ဟု တားမြစ်
လေသည်။ကျွန်မသည် စိတ်ထဲမကောင်းသော်လည်း
ပြောပြီးကတိတည်ရမည်မို့ ကြီးကြီးနှင့်ချိန်းဆိုထားသည့်အတိုင်းမနက်စောစောထ
ရန်ကုန်ကားများကိုစောင့်နေသည်။ကြီးကြီးသည်ရန်
ကုန်ကားအစောဆုံးနှင့်လိုက်လာမည်ဆိုသောကြောင့်
အိမ်ရှေ့ကထွက်စောင့်နေသည်။
ရန်ကုန်ကားလေးစီးထွက်သွားပြီ ကြီးကြီးကပါမလာသောအခါကျမသည် အင်းကြီးကြီး
ရယ်မအားဘူးထင်ပါရဲ့ဒါလည်းကောင်းတာပဲလေ
အမေကသွားတာမကြိုက်တော့အတော်ပဲပေါ့
ကျွန်မသည်ရန်ကုန်ကားများကုန်ပြီဖြစ်သဖြင့်မျှော်လင့်ချက်ကိုမထားတော့ပဲဈေးသိုထွက်လာခဲ့ပါသည်။
ဆိုငိရောက်တော့တပည့်လေးက”ဟယ် အန်တီ မသွားဖြစ်ဘူးလား
မဟုတ်ဘူးကြီးကြီကပါမလာဘူးလေ
ဒါ့ကြောင့်မသွားတော့တာဟုပြောပြီး
ဆရာတပည့်နှစ်ယောက်ထမင်းစားနေလိုက်ကြသည်။
စားသောက်ပြီးပန်းကန်ခွက်ယောက်များသိမ်းဆည်း
ကာစကားစမြည်ပြောဆိုနေခိုက်ကြီးကြီးကားဘွားကနဲ
ပေါ်ပေါက်လာသည် စန္ဒာထွေးရေ ကြီးကြီးရယ်ကား
မမှီလိုက်လို့ အခုစန္ဒာထွေးလိုက်မလားအဆင်ပြေလား
ကြီး ကြီးသည်ထိုသို့မေးသော်လည်း မလိုက်မည်ကိုစိုးရိမ်ပုံပေါ်လေသည်။
ကျမလည်းစိတ်ကမလိုက်လိုသော်လည်းလိုက်မယ်လေ
ကြီကြီးဟု နှုတ်မှအလိုအလျောက်ထွက်သွားကာ
တပည့်အားမှာစရာရှိသည်များကိုမှာကြား၍ထွက်လာခဲ့ပါသည်။
လှည့်ကြည့်လိုက်သော်ကြီးကြီးကား မရှိလေတော့
အဘယ်များရောက်သွားလေသည်နည်း။
ကျွန်မကားဂိတ်ရှိရာရောက်တော့ရန်ကုန်သို့ထွက်မည့်ကားမှကျွန်မအားစောင့်မျှော်နေသည်ကိုတွေ့ရသည်။
ကားနားသို့ရောက်သော်စပါယ်ယာက ကဲကဲ
တက်တက်ဟုအမိန့်ပေး၍ မြန်မြန်ဆန်ဆန်တက်ကာ
ကားပေါ်ကကြီးကြီးကဒီကိုလာဒီကိုလာဟုခေါ်လေသည်။
ကြီးကြီးကဒါရန်ကုန်ထွက်တဲ့နောက်ဆုံးကားလေတဲ့
သြော်မြို့ကသေးပေလို့ပဲရန်ကုန်ကိုထွက်တာကားက
ငါးစီးတောင်ပါလားဟရို့ ကားတစ်စီးလုံးလည်းလူတွေပြည့်လို့ အဲယားကွန်းကား
က အဲ့ယားကွန်းဖွင့်မပေးတာတော့အလွန်ဆိုးသည်။
ကြီးကြီးကသွားဖူးသူကျမကတစ်ခါမှမရောက်ဖူးသူ။
ဆက်ရန်,...

Wednesday, September 6, 2017

စိတ်တေလေနှင့်အင်းဝဇ္ဇာ,(1)
===================
လူသားဘယ်ကစတင်ပေါက်ဖွား
ဖြစ်ပေါ်ပါသနည်း?ဤအမေးကို
ဗုဒ္ဓမြတ်စွာတားမြစ်တော်မှုခဲ့ပါ
သည်။ကိုယ့်ဥာဏ်နှင့်မမှီသည်
ကိုမစူးစမ်းစေချင်သည့်သဘောဟု
ကျွန်မထင်မြင်မိသည်။
လူရယ်လို့စတင်ဖြစ်ပေါ်လာပြီဆိုပါလျင် လောကီနှင့်လောကုတ္တရာဟု
နယ်ပယ်နှစ်မျိုးရှိသည်ဟုအားလုံးနီး
ပါးသိထားမည်ထင်မိပါသည်။
ထိုသို့ဆိုပါလျင် တရားသီချင်း တရားနှင့်ပတ်သက်သောစာသား
ဗုဒ္ဓနိပါါတ်တော်တို့တွင်ဝဇ္ဇာဇော်ဂျီတပ္ပသီရယ်ဟုကြားဖူးမည်မဟုတ်ပါလော။ဟုတ်ကဲ့ပါကျမ ယခုရေး
မည်မှာကျမမြင်ဖူးတွေ့ဖူးသော
ဇော်ဂျီအမျိုးတစ်ဦးအကြောင်းပင်တည်းးး
ကျမ၏ဘဝတွင်ထူးဆန်းမှု အတွေ့အကြုံအများအပြားရှိရာယခုလတ်တလောကြုံခဲ့ရသည်မှာဝဇ္ဇာအမေတစ်ဦးနှင့်တွေ့ဆုံခဲ့ရမှုပေတည်း။
ကျမသည်ငယ်စဉ်တောင်ကျေးကလေးဘဝတွင်အင်မတန်သရဲကြောက်တတ်လေရာ အဖေ့ရဲ့အဖေ ကျမရဲ့ဘကြီးကအမြဲစနောက်တတ်သည်မှာ”လုံမလေးရေ..ဘကိုရေတစ်ခွက်ခပ်ပေးပါကွယ်”… ညအချိန်အခါဖြစ်သောကြောင့် ရေအိုးစင်မှာနောက်ဖေးတွင်သာရှိသောကြောင့်ကျမ မှာသွားမခပ်ရဲ
အိမ်တွင်လည်းအဘနှင့်ကျမ နှစ်ယောက်သာရှိသည်။အဖေအမေ
အားလုံးအခြားအိမ်သို့သွားလည်ခိုက်ဖြစ်ရာ…”ဟာ…အဘကလည်း
ကြောက်တယ်…မခပ်ရပ်ဘူး”
ထိုအခါအဘသည်ဘာကိုကြောက်သတုန်းငါ့မြေးရဲ့…”သရဲပေါ့အဘရဲ့”ဟုကျမကပြန်ဖြေလျင်…အဘက
”သရဲမရှိပါဘူးကွယ်သွားခပ်ချေပါအဘရေဆာလို့ပါ”ကျမသည်အတန်
တန်ငြင်းရာအဘသည်…
”သရဲကိုမကြောက်နဲ့သမီး
သရဲကလေ…ငါ့မြေးကိုတောင်ပြန်.
ကြောက်မှာ…ငါ့မြေးသွားကြည့်
လိုက်သရဲကငါ့မြေးကိုမြင်တာနဲ့ကို
လန့်ပြီးထွက်ပြေးသွားမှာ”…
ကျမသည်အဘကိုစိုက်ကြည့်နေသည်အဘကခပ်တည်တည်ပင်ပြော
နေရာကျမသည်အဘပြောသည့်အတိုင်းယုံကြည်မိသွားလေရာ…
”အဘတစ်ကယ်လားဟင်”ဟုမေးရာအဘက”သိပ်ဟုတ်တာပေါ့သူက
သူထက်ရုပ်ဆိုးတဲ့သူကိုကြောက်တာပေါ့သမီးရဲ့”ဟုပြောပြီးမျက်နှာကိုတစ်ဖက်သို့လှည့်ထားသဖြင့်အဘမျက်နှာမည်သို့ရှိသည်ကျမ မသိပါ။ကျမသိသည်ကကျမသည်
ကျမကိုယ်ကျမယုံကြည်မှု့ရှိသွား
သည်။”အင်း…သရဲကငါ့ကို…
ကြောက်တယ်ဆိုပဲ”
ကျမသည်ရဲရဲတင်းတင်းသွက်သွက်လက်လက်အဘအတွက်ရေတစ်ခွက်ခပ်ပေးလိုက်သည်တွင်အဘသည်ရေဆာလှပြီဖြစ်သောကြောင့်အငမ်းမရသောက်လေသည်။”…အား…
အေးသွားတာပဲကောင်းလိုက်တာငါ့မြေးရယ်…”အဘသည်မျက်နှာမှာ
ပြုံးရွှင်နေသည်”ငါ့သမီးလေး…
နောက်ဘဝကျရင်နတ်သမီးလေးလိုလှပါစေကွယ်”…”အင့်အင့်ရေခွက်
သွားထားချေ”
ထိုနေ့မှစ၍ကျမသရဲမကြောက်တော့ပါ တနေ့ညဖက်အမေကမေး
သည်မိသားစုအားလုံးရှိသည့်အပြင်
ဧည့်သည်တို့လည်းရှိ၍ထွေရာလေးပါးစကားပြောဆိုနေကြစဉ်အမေက
”သမီးရေနောက်ဖေးကတံပျက်စည်း
သွားယူပေးပါကွယ”်ဟုခိုင်းလျင်
ကျမကမြန်မြန်ဆန်ဆန်ယူပေးလိုက်ရာအမေကအံ့သြစွာဆိုသည်။
”ငါ့သမီးသရဲမကြောက်ဘူးလား”
ကျမကရဲရဲဝံ့ဝံ့ ရင်ကော့၍ဖြေလိုက်သည်
”ဟားအမေရာ သရဲကလေသမီးကို
ကြောက်တယ်  သမီးကိုမြင်ရင်ထွက်ပြေးရော”
ကျမစကားအဆုံးတွင်အိမ်းရှိလူ
ကုန်အားလုံးဝိုင်းဟားရယ်မောကြသည်။သူတို့ဘာ့ကြောင့်ရယ်သလဲကျမ
မတွေးတတ်ပါ။
အမေကအံ့သြစွာမေးသည်
”သမီးကိုဘယ်သူကပြောလဲသမီးရဲ့”
အ”ဘရယ်ပြောတာလေအမေ”
”အဖေကတော့လေကလေးကို”ဟု
အမေကညည်းငြူသည်။
ဤစကားအဓိပ္ပါယ်ကိုကျမမတွေးတတ်ပေမယ့်ကျမသရဲတော့မကြောက်
တတ်တော့ပါ။ဟုတ်ကဲ့ကျမဧကန်စင်စစ်သရဲနှင့်ရင်ဆိုင်တွေ့ရသောအခါတွင်မှုသရဲကို
သရဲမှန်းမသိခဲ့ပါ။ကဲထားပေအုန်း
ကျမရေးချင်သောလမ်းကြောင်းမှ
လွဲချော်မည်စိုးသောကြောင့်
ဝိဇ္ဇာဓိုရ် အမေ တစ်ယောက်အကြောင်းရေးပါမည်
ရေးမည်ဆိုသော်လည်း
Coming soonဟုရေးခဲ့ပါရစေ
မကြာမှိပြန်လည်တင်ဆက်ပါ့မည်။
Sandar Htwe
http://sawnaychyiblogpotadd.blogspot.com/search?q=New+post&m=0