ကြိုတင်သိမြင်မထားခဲ့တော့..ရင်မှာဆောက်တည်ရာမဲ့ဖြစ်ခဲ့သည်။သေချာစိစစ်ပြန်လှန်တွေးကြည့်
တော့လည်း..စထည်းကယဉ်သကိုဆိုတာ..rသိခဲ့ကြုံခဲ့သားလေ။😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁😁?l?hjllhiidejuoiphjjoiyyggpuyuuy
Y
Uy
Ui)ii(@l@l(
နောက်ဆုတ်ထွက်ပြေးဖို့ရာသတ္တိမရှိခြင်းကြောင့်အခုလို
အရှက်တကွဲအကျိုးနဲရလေသည်။
ကြုံတွေ့ရသောဒီအတွေ့အကြုံဟာ
ကိုယ့်ကိုလေတေသွားစေတာတော့အမှန်။တခုလပ်ဆိုသောဘွဲ့ကို
ကိုယ်မလိုချင်တာအမှန်။
အဘယ်ကြောင့်ဆိုသော်နံပတ်တစ်..ရှက်လို့.
.နံပတ်နှစ်မကောင်းသောရာဂမုဆိုး
တို့၏သားကောင်ရှာဖွေစာရင်းတွင်
ကိုယ့်ကိုအကြည့်ပင်မခံနိုင်ရွံလွန်လွန်းလို့...
ကိုယ့်ကိုသားကောင်အဖြစ်လာချောင်းသောမုဆိုးကိုပက်ပင်းတိုးကဓားဖြင့်ထိုးမည်ဟုဓားတစ်ချောင်းကိုကိုယ်ဘယ်သွားသွားဆောင်ယူထားတာခုထိပါပဲ..
...
..
သို့သော်လည်းရရှိလာသောဘွဲ့ကိုကိုယ်
ဟာအခြားသူတို့နှင့်မတူညီစွာဆောက်တည်မည်ဟုနှလုံးသွင်းထားလိုက်သည်။လွယ်လွယ်တော့နှလုံးသွင်းရသည်မဟုတ်။
်လေပြီလားတေပြီလား..
ဘယ်လိုလေတေခဲ့သလဲသိလား..
ရေမချိုးပဲခြောက်ရက်ထိနေလာတဲ့ကိုယ့်ကိုအမေကဇွတ်အတင်းဆွဲလွဲရေချိုးပေးခဲ့သည်။စိတ်ကလွင့်နေတေနေတော့
ဟိုလူခေါ်လည်းလိုက်သွားဒီလူခေါ်လည်းလိုက်သွား...
ကိုယ်ကိုအသုံးချတာလည်းခံရလိုခံရ
ကိုယ့်လိုပဲအိမ်ထောင်ရေးမသာယာသောရင်ဖွင့်လာသူတို့ကိုစာနာထောက်ထားသနားငဲ့ညှာ..ဒါပေမယ်အချို့တွေကတော့ကိုယ့်လိုမျိုးမဟုတ်ကြဘူး
တကယ်ဖောက်ပြန်နေတာမျိုးတွေ့ရတော့အံ့သြမိတယ်..
ဘုရား၏တရားသည်သာငြိမ်းအေးရာဟုသတ်မှတ်ပြီးစိတ်ကိုအဖြူဆုံးထား ဘုရားယောင်တရားယောင်ပြပြီးကိုယ့်သဒ္ဒါကိုအသုံးချ
ကိုယ့်ဆီကနှိုက်ယူ ဆရာယောင်မိတ်ဆွေယောင်များ၏ သားကောင်လည်းဖြစ်ခဲ့ရ။ နောက်ဆုံးမှ ကိုယ့်ပန်းတိုင်ကအနီးလေးတွင်ပါ တရားစခန်းကအမှုဆောင်အစ်မက ပရမ်းပတာဖြစ်နေတဲ့ယောင်ခြောက်ဆယ်ကိုယ့်ဘဝကို တည်ငြိမ်အောင်ပြုပြင်ဆုံးမပေးခဲ့တယ်။ဝေယျာဝစ္စလုပ်စေခြင်းဖြင့်ကိုယ့်ကိုသူထိမ်းထားလိုက်တယ်။ဇလွန်ကဆရာကြီးဆီခေါ်သွားပြီးတရားစစ်တရားမှန်နဲ့ထိတွေ့ ပေးလိုက်သောအခါ
ကိုယ့်မှာတည်ငြိမ်သင့်သလောက်တည်ငြိမ်လာခဲ့တယ်။အဖေအမေနဲ့ဆရာသမားတွေပြီး
ရင်အမှုဆောင်အစ်မဟာကိုယ့်ကျေးဇူးရှင်ပါပဲ။အစ်မကပြောတယ် သူလည်းတရားစခန်းအလုပ် ယောဂီကောင်းစားရေး တရားရှာသူတွေအဆင်ပြေရေးလုပ်နေတာပါပဲ
အရိုးသားဆုံးကြိုးစားလုပ်နေတာပဲ သူ့ကိုလည်းလူတွေအမျိုးမျိုးဟာကွက်ပဲရှာပြီးအပြစ်ပြောဝေဖန်ခံနေရတာပဲ
ဒါပေမယ့်နောက်ဆုံးတရားကသာနိုင်သည်မို့သူကတော့ မကောင်းသူတွေပြောစကားကိုဂရုမစိုက်ဘူးတဲ့ သူ့ကိုယ်သူလည်း အစွန်းမထွက်အောင်နေတယ်တဲ့လေ။ ဟုတ်ပါတယ်ကိုယ်အစ်မအနားနေစဉ်တလျောက်လုံးလူတွေဟာအစ်မကိုပဲတိုက်ခိုက်ဖို့ချောင်းမြောင်းနေတာ အစ်မကိုသနားမိတယ်လေ။အစ်မကဆိုရင်ကိုယ့်ကို တရားစခန်းအလာအသွား ကစ အချိန်အခါတော်၏လျော်၏ ကိုသုံးသပ်ဆုံးဖြတ်ပေးတယ်။
ဥပမာ ညဖက်မှာဘယ်မှမသွားရဘူး
ပြန်မယ်ဆိုလျင်လူမြင်သူမြင်စောစောပြန် စခန်းမှာနေစဉ် ယောက်ကျားအဆောင်ဖက်ကိုအလုပ်မပေးဘူး မိန်မအဆောင်ဖက်မှာပဲအလုပ်လုပ်ခိုင်းတယ်။
အစ်မရဲ့တန်ဖိုးထားစောင့်ရှောက်မှုကို ကိုယ်ကလည်းဘယ်သောအခါမှဖောက်ပြားရန်စိတ်မကူး။ဒါ့ကြောင့်သာယာသောလောကကြီးမှအကြင်နာတရားရှိသူ သူတော်စင်များဖြင့်သာ
ပေါင်းဖော်မှီဝဲဆည်းကပ်ရပါလို၏။
အနော့ရဲ့ History ကဤတွင်ပြီးပါပြီ
ယခုအချိန်မှာတော့အနော်ဟာအဖေအမေကိုကြွေးဟောင်းဆပ်၍ သားသမီးရတနာများကိုကြွေးသစ်ချ
အင်းးးမဟုတ်ဘူး ပေးဆပ်နေရတယ်ပဲပြောပါတော့..အခါအရံမှာတော့
ထမ်းရတဲ့ဝန်ကလေးသားဗျာ
အခြားသူတွေသားသမီးတာဝန်ထမ်းတာလင်တစ်ထမ်းမယ်တစ်ရွက်ဆိုတော့တော်သား ကိုယ့်မှာတော့တစ်ထမ်းရောတစ်ရွက်ပါတစ်ယောက်ထည်းပါ
....ထမ်းရတဲ့ဝန်တွေလေးလာတိုင်းမျက်စိတ်ထဲမြင်ယောင်မိတာက..
တောင်တန်းတောတန်း ထုံးဖြူဖြူစေတီလေး အေးချမ်းသောတရားရိပ်သာ
အစားအစာချို့ချင်ချို့ပါစေ တရားအဟာရမချို့လျင်အနော်နေနိုင်ပါမည်နေတတ်အောင်ကြိုးစားပါမည်။
No comments:
Post a Comment