Monday, February 12, 2018

တရုတ် ရုပ်ရှင်ဇာတ်ကား
ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေမှာ
အထူးသတိပြုမိခဲ့တာလေးတစ်ခုရှိတယ်အဲ့သည့်အရာကတော့..
မိသားစုတစ်စုအတွင်းအသက်အရွယ်အကြီးဆုံးသူကိုအထူးဂရုစိုက်ရိုသေခြင်းပါပဲ။ဤအရာက မြန်မာများအတုယူသင့်ဖွယ်ဟု ထင်မြင်မိပါတယ်။
အားလုံးမဟုတ်ဘူးဆိုလျင်တောင်အများစုကတော့ သက်ကြီးရွယ်အိုအဖိုးအဖွားများကို မထေ မဲ့မြင် အကြင်နာကင်းလာကြတာကို တွေ့မြင်နေရပါတယ်။
သည်လိုတွေ့မြင်လာရတော့ ကိုယ်သည်ပင် အသက်ကြီးလာပါက မည်သူ၏စွန့်ပစ်ခြင်း ကို ခံရမှာလဲဟုကြိုကြိုတင်တင်ထိတ်လန့်နေမိပါတယ်။
ကိုယ်တိုင်ကရောအဖိုးအဖွားများရှိစဉ်က မည်မျှစောင့်ရှောက်ကြင်နာခဲ့ပါသလဲ ပြန်တွေးကြည့်သည်။မစွန့်ပစ်ဘူးဆိုလျင်တောင် ပြန်အော်တာမျိုး
ပြုစုပေးတယ်ဆိုပေမယ့် လေးနက်မှုတော့မရှိခဲ့ အဖိုးအဖွားတွေရဲ့စိတ်နေခံစားချက်ကိုလည်းနားလည်မှုမပေးခဲ့သည်များကို အထင်းသားပြန်ပေါ်လာတော့သည်။ ဤသို့ပြန်တွေးမိတိုင်း
စိတ်မကောင်းခြင်း နောင်တများသာ
လွှမ်းလာရသည်။
ထိုစဉ်က ကိုယ်သည်ပင် ဤသို့နေခဲ့သည်ဆိုပါလျင်အဖေတို့အမေတို့ကရော
သူတို့လည်း ထိုနည်းလည်းကောင်း
စီးပွားရှာရခြင်းကြောင့်ဂရုမစိုက်အားပုံပါပဲ။
ငယ်စဉ်က အဘနှင့်အတူတောရွာမှာကျောင်းပိတ်ရက်တိုင်းသွားနေခဲ့ရသည့်
အမှတ်တရများကိုပြန်တွေးကြည်လျင်
ပျော်စရာတော့အကောင်းသား။
အဘနှင့်အတူ စပါးတလင့်းနယ်သည်။
အဘနှင့်အတူ စပါးဒိုင်သို့တာဝန်ကျေစပါးအချသွားရပုံ။ အဘကတစ်ရွာကျော်သို့ကြွေး တောင်ရန်သွားသောအခါ
အဘုပန်အလာကိုရွာထိပ်မှစောင့်ကာမျှော်ရပုံ ရွာမှာနေသဖြင့် ပေတူးစုတ်ပြတ်နေသောညှက်စိပက်စိကိုယ်သဏ္ဍာန် များ အဘက လုံမလေးရေ
ကြက်သားစားချင်လျင် ဟော့ဟိုကြက်ကို တုတ်နဲ့လိုက်ရိုက်ချေကွဲ့ဟု ခိုင်းသဖြင့် တစ်နေကုန်ကြက်နောက်ကို လိုက်ရိုက်နေသော ကိုယ့်ကို ရွာသူရွာသားတို့ကြည့်ကာတဟားဟားရယ်သွားကြပုံ အဘနဲ့အတူ ထန်းမြစ်တွေတူးဖုတ်စား အတူမီးလှုံကာ နေခဲ့သောရက်များ အဘချက်ကျွေးသော ငါးဖျင်းသလက်ခြောက်နှင့်ေုမပုံသီးဟင်မှာယနေ့အထိ ဟင်းနံ့ရနေတုန်း အိမ်ထဲသို့တစ်ယောက်ထဲမဝင်ရဲတဲ့ကိုယ့်ကို အဘက လုံမလေးရယ်သရဲကိုမကြောင့်နှင့် သရဲကလုံမလေးကိုကြောက်တယ် လုံမလေးကိုမြင်လျင်သရဲကထွက်ပြေးလိမ့်မယ် မယုံလျင် သွားကြည့်ပါဟု ရဲဆေး တင်ပေးပုံမှာ နောင်မှသိရသည်က ကိုယ့်ကိုအရုပ် ဆိုးလွန်းလို့ သရဲထက်ရုပ်ဆိုးသောသူဟု ပြောခြင်းကို နောင်မှသဘောပေါက်ခဲ့ရသဖြင့် သဘောပေါက်မှသာ ရယ်ရခက်ငိုရခက်ဖြစ်ခဲ့ရ
သည်။ အခုများသာအဘအနားမှာရှိခဲ့လျင် အဘကိုရိုသေပါ့မည် အဘကြိုက်သောအစားအစာတွေဝယ်ကျွေးမည်။အဘကို နင်းနိပ်ပေးမည် သို့သော်အဘကားမရှိတော့ပြီ အိပ်မက်တွင်တော့တစ်ခါတစ်ရံအဘကိုတွေ့ရ၍ပျော်လိုက်သည်မှ။အိပ်မက်မှနိုးသောအခါ သြော်မနိုးပါနဲ့လားအိပ်မက်ရယ်ဟုသာ
သည်လိုသည်လိုနောင်တများကို
ကိုယ်ဟာမသိလို့သာ လွန်ခဲ့ရတာမဟုတ်လား။ဒါ့ကြောင့် အသိတရားရှိရှိမွေးဖွားလာသူဖြစ်ဖို့ပါရမီရှိဖို့လိုတာပေါ့။
သို့သော် ယနေ့ အခု ခေါတ် လူငယ်များထံတွင်တော့ သားသမီးအဖြစ် မမွေးဖွားလိုတော့ပြီ။သူတို့ကိုယ်တိုင်မလိမ်မာလျင် ကိုယ်သည်လည်းလူမိုက်သာ
ဖြစ်အုန်းမှာမို့လား။
SAWNAYCHYI

No comments:

Post a Comment