Monday, February 12, 2018

တစ်ဖက်မေတ္တာက
တစ်သက်ချစ်ပါတယ်လို့
သက်သေကခိုင်
မမြင်နိုင်တဲ့လူ့ဗာလ
အကြောက်တရားလည်းမရှိ
တွင်းတူး၍မိုက်၊
မိုက်တွင်းကနက်လှသည်။

အညှီအဟောက်မှာပျော်သောသူ
မသိမှု၏အဆုံး
အရှုံးနောင်တများစွာ
အဲ့သည့်အခါ
မြည်တမ်းလာမည့်တသသံ
မကြားချင်ပါဘူးရယ်ဘယ့်အတွက်
ဘယ်သူ့ကြောင့်မို့
ငါတို့အမေ
အသက်ရှည်နေသလဲ
တွေးစေချင်သည်သာပ။

သူမိုက်၏စကားနားဝင်အမေ့ကိုပစ်ချင်သည့်ထိုအမိုက၊်
ခက်လိုက်ပါသည့်အဖြစ်။

ဖြူဖြူစင်စင
်ဟိုယခင်ကလိုနို့ချိုနှင့်ထွေးပိုက်
်ပြုံးလိုက်သည့်ရယ်သံ
ံသောသောညံခဲ့။

ရင်နှစ်သည်းခြာ
အသဲပါပေါက်မတတ်
ချစ်တတ်လွန်းလို့သာ
ယနေ့မှာငါရှိခဲ့တာ၊။

ဖယောင်းတိုင်
်မီးစာမကုန်သေးပါဘူးနားယောင်ကာ
မိုက်လိုက်တဲ့သူ
ထီးဖြစ်စေဖို့
အတွေးတို့ကအိပ်မက်
နိပ်စက်လာသောမီး။

No comments:

Post a Comment