ကျနော်ဟာ
အလုပ်ပင်ပန်းတိုင်း
စိတ်ဖိစီးတိုင်း
အားအားရှိ smuleတွင်သီချင်းဆိုခြင်းကိုရပ်နားထားရပါသည်။
အဘယ့်ကြောင့်ဆိုသော်
ကျနော်တို့မြိုီ့တွင် ပွဲတော်ရှိနေခြင်းကြောင့်
ဟုတ်ကဲ့
ပွဲတော်မှအသံဗလံများကားဆူညံနေ
သောကြောင့်
ဘာဇာတ်တွေဘယ်လိုငှါးထားမှန်းမသိ
သီချင်း သံများကဖျစ်ညစ်သီဆို
လူရွှင်တော်များမှာ
ရွှင်ပျော်သောအရွှန်းအနောက်မဟုတ်
စိတ်ပျက်ဖွယ် အောက်ပိုင်းမှမတက်
အောက်ကလိအာများ ကြောင့်
လူပျက်များ၏အသံများ
ကျနော့အိမ်မှအတိုင်းသားကြား
နေရ၏။မြို့ဝန်းကျင်တွင်
ပွဲတော်များရှိလာပြီဆိုပါက
ကျနော့ဆိုင်မှာအလုပ်များပိုရှုပ်ကာ
ပင်ပန်းသည်ကတစ်ကြောင်း
လူများရှုပ်ထွေးသော
နေရာများတွင်ကျနော်မနေတတ်သည်ကတစ်ကြောင်း ကြောင့်
ပွဲတော်များကိုသွားရန်ကျနော်လုံးဝလုံးဝစိတ်မကူးပါ
ပွဲတော်သို့သွားကြရင်းလူများခိုက်ရန်ဖြစ်ခြင်း ယဉ်ရထားများကြောင့်အန္တရယ်ကျခြင်း ကာလသားများမှ နှမခြင်းမစာနာမိန်းကလေးများအနားတိုးဝှေ့တတ်ခြင်း များကြောင့် ပွဲတော်များကိုကျနော်ကြောက်ပါသည်။
No comments:
Post a Comment