Tuesday, July 18, 2017

သင်္ခါရနယ်မှာမပျော်တော့ပါဘူးရယ်နဲ့
ထူးထူးမြတ်မြတ်ပြောတယ်
လောကီနယ်မှာမငြိမ်းချမ်းပါအပူမီးတွေမို့တောထွက်ဖို့ကြံရွယ်အပြောသာကျယ်ခဲ့တယ်
ဟုတ်တယ်မထွက်နိုင်ခဲ့ပါဘူး
သမုဒယကပူးဝင် တစ်ကယ်ပင်မဂ္ဂကိုမြင်သလိုနဲ့
မခင်ချင်ခင်ချင်တစ်ကယ်ပင်
မပြတ်သားသူကလမ်းခုလတ်မှကျန်ခဲ့
နှုတ်ဆက်ချင်ပါသေးသနော်
အလွမ်းကနယ်ချဲ့ အပြောကျယ်သောဟန်ကြီးမယ်
သမုဒယနဲ့မဂ္ဂ၊ ဝိစိကိစ္စ သေချာမဖြတ်နိုင်ခဲ့လေတော့
ကျွန်းပြန်ကာမြေမှာကျရပါလိမ့်မယ်
ကြောက်လွန်း၍တုန်ခါ..သည်ဟာတစ်မျိုး
ခင်မင်စွာယုယလျက်ရယ်
မြတ်နိုးစွာခင်တွယ်
လွမ်းတယ် လွမ်းတယ်
ဒုက္ခသည် ဖြစ်ရမယ့်အရေး
လွမ်းရေးထက်ဝမ်းရေးခက်သည်က
..သည်ဟာတစ်မျိုး။

သင်္ခါရနယ်မှာမပျော်တော့ပါဘူးရယ်နဲ့
ထူးထူးမြတ်မြတ်ပြောတယ်
လောကီနယ်မှာမငြိမ်းချမ်းပါအပူမီးတွေမို့တောထွက်ဖို့ကြံရွယ်အပြောသာကျယ်ခဲ့တယ်
ဟုတ်တယ်မထွက်နိုင်ခဲ့ပါဘူး
သမုဒယကပူးဝင် တစ်ကယ်ပင်မဂ္ဂကိုမြင်သလိုနဲ့
မခင်ချင်ခင်ချင်တစ်ကယ်ပင်
မပြတ်သားသူကလမ်းခုလတ်မှကျန်ခဲ့
နှုတ်ဆက်ချင်ပါသေးသနော်
အလွမ်းကနယ်ချဲ့ အပြောကျယ်သောဟန်ကြီးမယ်
သမုဒယနဲ့မဂ္ဂ၊ ဝိစိကိစ္စ သေချာမဖြတ်နိုင်ခဲ့လေတော့
ကျွန်းပြန်ကာမြေမှာကျရပါလိမ့်မယ်
ကြောက်လွန်း၍တုန်ခါ..သည်ဟာတစ်မျိုး
ခင်မင်စွာယုယလျက်ရယ်
မြတ်နိုးစွာခင်တွယ်
လွမ်းတယ် လွမ်းတယ်
ဒုက္ခသည် ဖြစ်ရမယ့်အရေး
လွမ်းရေးထက်ဝမ်းရေးခက်သည်က
..သည်ဟာတစ်မျိုး
Saw

Tuesday, July 11, 2017

ပြောင်းလဲမှုကို လက်​ခံရတိုင်း
တုန်​လှုပ်​​ခြောက်​ခြားဖြစ်​ခဲ့ရတာချည်း
ဆို​တော့ကာ အ​နော်​သည်​ရင့်​ကျက်​ခြင်း
တရားပြည့်​စုံခြင်းဟူ​သောဂုဏ်​ပုဒ်​ကိုထမ်းမထားနိုင်​သည်​မှာ​သေချာ​သော
သက်​​သေတစ်​ခုပါ။
ကမ္ဘာမီး​လောင်းသား​ကောင်​ချနင်းဟူ​သောစကားသည်​အခက်​အခဲကြုံလာ
ခဲ့သည်​ရှိ​သော်​ မိမိ​သွေးသားကိုနာကြင်​​အောင်​လုပ်​ရက်​သူအတွက်​ထားခဲ့​သောစကားစုဖြစ်​​ပေခြိမ့်​မိမိသည်
အခက်​အခဲမည်​မျှပင်​ကြုံ​စေကာမူ
မိမိအသက်​ကိုသာ​ပေးအပ်​သွားမည်​ဖြစ်​ပြီးဘယ်​​တော့မှသား​ကောင်​ကိုချမနင်းရက်​ပါ။
ဖြစ်​ခဲ့​သောအ​ကြောင်းတရားပြီးခဲ့​သော
အတိတ်​​တွေမှာလည်းကိုယ်​သာလျင်​အနစ်​နာခံ၍သား​ကောင်​ကို​တော့ချမ်း
သာ​စေခဲ့သူပါ။
သည့်​အရာကိုသစ္စာပြု၍တိုင်​တည်​ရပါလျင်​ယုတ်​မာလှ​သောသူနှင့်​​မြွေကဲ့သို့လျာနှစ်​ခွရှိသူနှင့်​ဘယ်​​သောအခါမှမဆုံ​တွေ့မပတ်​သက်​ရပါလို၏။

Sunday, July 9, 2017

လူ​တော်​​တော်​များများကမုသာဝါဒကို
အလွယ်​​လေးကျင့်​သုံး​နေကြတယ်​။တွေ့ရတဲ့အထဲမှာ​တော်​​တော်​များများဟာ​ငွေ​ကြောင့်​​ငွေရလိုမှုနဲ့လိမ်​ညာ​နေကြတာ​ပေါ့။ဒါ့​ကြောင့်​​ငွေဟာအရာရာ​စေစား​သောအသက်​မရှီ​သောအရာဖြစ်​​ပေမင့်
၎င်း​ကြောင့်​ပင်​ဖြစ်​တတ်​သည့်​​ဒေါသ​မောဟများကိုပါယ်​ရှားရန်​ခက်​လှ​ပေသည်​။တရားဘာဝနာကိုအ​တော်
အတင့်​​လေ့လာအားထုတ်​ထား​သောအ​နော်​သည်​ပင်​​ငွေ​ကြောင့်​မို့စိတ်​ပင်​ပန်းကြီးရ​လေသည်​။ငွေသည်​လူအား​ပျော်
ရွှင်​မှုဖြစ်​​ပေါါ်​စေ​အောင်​ပြုနိုင်​သကဲ့သို့
တစ်​အူတုံဆင်းညီအစ်​မအရင်းကိုပင်
သူစိမ်းထက်​ဆိုး​အောင်​ခွဲစိတ်​ဖြာ​သော
ဓါးထက်​ထက်​တစ်​​ချောင်းဖြစ်​​စေတတ်​ပြန်​သည်​။
တရားဘာဝနာကိုအမြင်​အားကြီးစွာစူးစူးရှရှအားထုတ်​ပွားများမထားပါက။ငွေ၏အခိုင်းအ​စေ
ဘဝ ကိုယ့်​ကိုယ်​ကို ထိမ်း​ကျောင်း၍ရနိုင်​အံ့မထင်​။
မည်​မျှပင်​အရင်းအခြာဖြစ်​​စေ ​ငွေ
နှင့်္ပပတ်​သက်​လာပါကစာချုပ်​စာတမ်းသက်​​သေအခိုင်​အမာရရန်​လိုအပ်​ပါသည်​။

Friday, July 7, 2017

#ဝါတွင်းသုံးလမှာ ကိုးနဝင်းပုတီးစိပ်ပြီး ကုသိုလ်ယူနိုင်ကြပါစေ…

ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့
အဓိဌာန် ပုတီးစိပ်နည်းလေးပါ ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိဖြစ်ပါတယ်။

သက်သက်လွတ်လွတ်လည်း စားစာရာမလိုပါဘူး။ နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင်။

အရဟံ                (၁)ပါတ်
သမ္မာသမ္ဗုဒ္ဓေါ         (၁)ပါတ်
ဝိဇ္ဇာစရဏသမ္ပန္နော  (၁)ပါတ်
သုဂတော              (၁)ပါတ်
လောကဝိဒူ            (၁)ပါတ်
အနတ္တရောပုရိသမ္မသာထိ (၁)ပါတ်
သတ္ထာဒေဝမနုဿာနံ   (၁)ပါတ်
ဗုဒ္ဓေါ                        (၁)ပါတ်
ဘဂဝါ                       (၁)ပါတ်
8 . 7 . 2017 . မှ  16 . 7 . 2017
----------------------
အရဟံ  သိဒ္ဓိ    (၉)ပါတ်      - 17 . 7 . 2017 မှ 25 . 7 . 2017
---------------------
သမ္မာသမ္ဗုဒ္ဓေါ  သိဒ္ဓိ  (၉)ပါတ်    - 26 . 7 . 2017 မှ 3 . 8 . 2017
---------------------
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ  (၉)ပါတ် - 4 . 8 . 2017 မှ 12 . 8 . 2017
---------------------
သုဂတော သိဒ္ဓိ  (၉)ပါတ် - 13. 8 . 2017 မှ  21 . 8 . 2017
---------------------
လောကဝိဒူ  သိဒ္ဓိ  (၉)ပါတ် - 22 . 8 . 2017 မှ   30 . 8 . 2017
---------------------
အနတ္တရောပုရိသဒမ္မသာထိ သိဒ္ဓိ (၉)ပါတ် - 31 . 8 . 2017 မှ   8 . 9 . 2017
---------------------
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ  (၉)ပါတ်- 9 . 9 . 2017  မှ    17 . 9 . 2017

ဗုဒ္ဓေါ  သိဒ္ဓိ   (၉)ပါတ်  - 18 . 9  . 2017 မှ   26 . 9 . 2017

ဘဂဝါ  သိဒ္ဓိ   (၉)ပါတ် 27 . 9 . 2017  မှ  5. 10 . 2017

လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ ....

Credit to မနောမယဂျာနယ်

Thursday, July 6, 2017

ပါမောက္ဂချုပ်ဆရာတော်ကြီး
အမေးအဖြေရှင်းလင်းချက်
Video မှ ထုတ်နှုတ်ရေးသားပါသည်။

သောတာပန်၏ သိုသိပ်ခြင်းဂုဏ်
***************#***************

            သောတာပန်ပုဂ္ဂိုလ်ဟာ သောတာ
ပန်ဖြစ်သွားရင် သူသောတာပန်ဖြစ်ကြောင်း သူသိတယ်
သို့သော် သူ့စိတ်ထဲမှာ ရွှေအိုးရထားတဲ့သူ
လူမသိစေချင်သလို သူရထားတဲ့တရားကို
လူမသိစေချင်ဘူးတဲ့ သောတာပန်ရဲ့ စိတ်ဓာတ်က သို့သော် သူရထားတဲ့တရား
မျိုးကို လူတိုင်းရစေချင်တဲ့ စိတ်ဓာတ်
ရှိတယ်
           သို့သော် ကြွားဖို့တော့ သူစိတ်
မရှိဘူး ဟုတ်တာပေါ့ ကိုယ်ရထားတဲ့
ပစ္စည်းကို လူလယ်ကောင် လိုက်ပြီး
ထုတ်ဖေါ်ပြောနေဖို့ လိုမှမလိုတာ
အဲလို သောတာပန်ရဲ့စိတ်တောင်မှပဲ
ကိုယ်ရထားတဲ့ တရားထူးတရားမြတ်ကို
ထုတ်ဖေါ်ပြောဖို့ အင်မတန်မှ ဝန်လေး
ကြတယ်ပေါ့
          ထုတ်ဖေါ်ပြောတယ်ဆိုတော့
မရှိလို့ကြွားတာဖြစ်မှာပေါ့ ရှိတဲ့လူကျ
ဒီလောက်မကြွားတော့ဘူး ကိုယ့်ရှိပြီးသားမလို့ မကြွားချင်တော့တာ။

သောတာပန်ပုဂ္ဂိုလ်တောင်ဒီလိုစိတ်ထား
ရှိတယ်ဆိုတော့ ကျန်တဲ့ အထက်ဆင့်
အရိယာများ ခန့်မှန်နိုင်စေဖို့ပါ။

Wednesday, July 5, 2017

အ​နော်​အခု​ပြောပြမယ့်​အ​ကြောင်းအရာ​လေးကအ​နော့ဘဝမှာကြုံခဲ့ဖူးတာ​လေး​ပေါ့..
ကြာပြီဒီအ​ကြောင်းကို​ရေးတာနှစ်​ခါရှသွားပါပြီ
အ​နော်​ကစာဖတ်​တာဝါသနာပါတယ်
အ​နော့သားကိုလည်းငယ်​ငယ်​တည်းကစာပဲဖတ်​​စေတယ်​။
ဘယ်​အရာကိုမဆိုတန်​​ဆေး လွန်​​ဘေး
ဖြစ်​တတ်​သည့်​သီအိုရီကိုလက်​ခံရပါမည်​။
စာဖတ်​ပါမအိပ်​မ​နေမဖတ်​ပါနှင့်​သူ့အချိန်​နှင့်​သူဖတ်​ပါ။စာဖတ်​လွန်းတာများသွားလျင်​အထူးသဖြင်​အိပ်​​ရေးပျက်​ခံဖတ်​သူများပိုသိနိုင်​မည်​။
စာဖတ်​များလျင်​ဘဝင်​မြင့်​​သော​ရောဂါရတတ်​ပါသည်​။
ကဲ..ထားပါ​တော့အ​နော်​​ရေးမှာကအ​နော့အ​ကြောင်းအ​နော့အ​ကြောင်းထဲကအ​နော်​ဟာဘဝ​ဟောင်းကိုငါးမိနစ်​မျှသတိပြန်​မြင်​သွားခဲ့တဲ့အဖြစ်​ဗျ။ယုံကြည်​ဖို့မ​ပြောပါဘူး​နော်​။အဲ့လိုဖြစ်​ခဲ့ဖူးတာပဲ​ပြောပြချင်​တာပါ။
စာဖတ်​ဝါသနာပါ​သောအ​နော့ကို
သူငယ်​ချင်းကစာအုပ်​အစုတ်​အ​ဟောင်း​လေး​ပေးလာတယ်​ဗျ။သူ​ပြောတာက​တော့ဖတ်​​စေချင်​လွန်းလို့တဲ့။သူ့စာအုပ်​​တော့မဟုတ်​ဘူးတဲ့သူများစာအုပ်​မို့ဖတ်​ပြီးအ​ပျောက်​မရိုက်​ပါနဲ့ပန်​​ပေးပါတဲ့ဗျာ
ဟားဟား ဟားးး။
အဲ့ဒီစာအုပ်​​လေးကိုဖတ်​ရင်းအ​နော်​ဝမ်းနဲလာတယ်​ငိုချင်​လွန်းလို့ချုန်းပွဲချငိုတယ်​အ​နော်​ဖြတ်​ကနဲသတိဝင်​လိုက်​တယ်​ဝင်​လိုက်​တဲ့သတိမှာအ​နော်​ဟာစန္ဒာ​ထွေးမဟုတ်​ပါဘူးအညာက​တောသူမကြီး​ဒေါ်​ရွှေရီဖြစ်​​နေတာပါပဲ။
သိလိုက်​လျင်​သိချင်းအ​နော်​အ​နော့ပါးစပ်​ကထွက်​သွားတဲ့စကားတစ်​ခုက​တော့..ကို​ကျော်​ဒင်​..ရှင်​က​တော့..
ဒီသံသရာဝဲဂယက်​ကလွတ်​​မြောက်​သွားပြီ​နော်​..ကျမကျန်​​နေ​သေးတယ်​ကို​ကျော်​ဒင်​..ကျမဘယ်​လိုလွတ်​​အောင်​ရုန်းရမှာလဲ...
အဲ့ဒါပဲ..အ​နော်​သတိရတာအဲ့​လောက်​က​လေးပဲကျန်​တာဘာမှမသိဘူး။
သိတာ​တွေကစာအုပ်​ထဲကပါသလိုအရ
မှန်​​နေနိုင်​ပါတယ်​။
ဒေါ်​ရွှေရီက ဦး​ကျော်​ဒင်​တရားထိုင်​စိတ်​လာတာကိုမကြိုက်​ဘူး တရားထိုင်​​နေတိုင်းအ​နှောက်​အယှက်​မျိုးစုံ​ပေးတယ်
နောက်​ဆုံးထိုင်​မရ​အောင်​ကြမ်းပြင်​​တွေပါခွာချတယ်​။
ကို​ကျော်​ဒင်​က​ဒေါ်​ရွှေရီ​နှောက်​ယှက်​မှုလက်​ကလွတ်​​အောင်​​တောထဲမှာတရားသွားအားထုတ်​ရင်း
ရဟန္တာ ဖြစ်​ခဲ့ပါတယ်​။
ဟုတ်​ကဲ့အခုအ​နော်​ဘာလုပ်​ချင်​လုပ်​ချင်​အမြဲအ​နှောက်​အယှက်​​တွေ့​နေရတာ
အဲ့ဒီဘဝကအကုသိုလ်​​တွေထင်​ပါတယ်​။ကို​ကျော်​ဒင်​ဆိုတာကစွန်ူလွန်းဆရာ​တော်​ဘုရားပါပဲ။
ကဲယုံချင်​ယုံမယုံချင်​​နေ​ပေါ့သူငယ်​ချင်ူးတို့