လူတော်တော်များများကမုသာဝါဒကို
အလွယ်လေးကျင့်သုံးနေကြတယ်။တွေ့ရတဲ့အထဲမှာတော်တော်များများဟာငွေကြောင့်ငွေရလိုမှုနဲ့လိမ်ညာနေကြတာပေါ့။ဒါ့ကြောင့်ငွေဟာအရာရာစေစားသောအသက်မရှီသောအရာဖြစ်ပေမင့်
၎င်းကြောင့်ပင်ဖြစ်တတ်သည့်ဒေါသမောဟများကိုပါယ်ရှားရန်ခက်လှပေသည်။တရားဘာဝနာကိုအတော်
အတင့်လေ့လာအားထုတ်ထားသောအနော်သည်ပင်ငွေကြောင့်မို့စိတ်ပင်ပန်းကြီးရလေသည်။ငွေသည်လူအားပျော်
ရွှင်မှုဖြစ်ပေါါ်စေအောင်ပြုနိုင်သကဲ့သို့
တစ်အူတုံဆင်းညီအစ်မအရင်းကိုပင်
သူစိမ်းထက်ဆိုးအောင်ခွဲစိတ်ဖြာသော
ဓါးထက်ထက်တစ်ချောင်းဖြစ်စေတတ်ပြန်သည်။
တရားဘာဝနာကိုအမြင်အားကြီးစွာစူးစူးရှရှအားထုတ်ပွားများမထားပါက။ငွေ၏အခိုင်းအစေ
ဘဝ ကိုယ့်ကိုယ်ကို ထိမ်းကျောင်း၍ရနိုင်အံ့မထင်။
မည်မျှပင်အရင်းအခြာဖြစ်စေ ငွေ
နှင့်္ပပတ်သက်လာပါကစာချုပ်စာတမ်းသက်သေအခိုင်အမာရရန်လိုအပ်ပါသည်။
No comments:
Post a Comment