ပြောင်းလဲမှုကို လက်ခံရတိုင်း
တုန်လှုပ်ခြောက်ခြားဖြစ်ခဲ့ရတာချည်း
ဆိုတော့ကာ အနော်သည်ရင့်ကျက်ခြင်း
တရားပြည့်စုံခြင်းဟူသောဂုဏ်ပုဒ်ကိုထမ်းမထားနိုင်သည်မှာသေချာသော
သက်သေတစ်ခုပါ။
ကမ္ဘာမီးလောင်းသားကောင်ချနင်းဟူသောစကားသည်အခက်အခဲကြုံလာ
ခဲ့သည်ရှိသော် မိမိသွေးသားကိုနာကြင်အောင်လုပ်ရက်သူအတွက်ထားခဲ့သောစကားစုဖြစ်ပေခြိမ့်မိမိသည်
အခက်အခဲမည်မျှပင်ကြုံစေကာမူ
မိမိအသက်ကိုသာပေးအပ်သွားမည်ဖြစ်ပြီးဘယ်တော့မှသားကောင်ကိုချမနင်းရက်ပါ။
ဖြစ်ခဲ့သောအကြောင်းတရားပြီးခဲ့သော
အတိတ်တွေမှာလည်းကိုယ်သာလျင်အနစ်နာခံ၍သားကောင်ကိုတော့ချမ်း
သာစေခဲ့သူပါ။
သည့်အရာကိုသစ္စာပြု၍တိုင်တည်ရပါလျင်ယုတ်မာလှသောသူနှင့်မြွေကဲ့သို့လျာနှစ်ခွရှိသူနှင့်ဘယ်သောအခါမှမဆုံတွေ့မပတ်သက်ရပါလို၏။
No comments:
Post a Comment