facebook သမိုင်းကြောင်း
••••••••••
သင်အသုံးပြုနေတဲ့ Facebook ကို သုံးတော့သုံးပြီး ဘယ်ကနေ ဘယ်လို ဖြစ်တည်လာမှန်း မသိရင် အတော်မိုက်မဲမှုပါပဲ ဒါကြောင့် Fbဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ဖတ်ဖြစ်အောင်ဖတ်ပါ
■ဖေ့စ်ဘွတ်ခ် (အင်္ဂလိပ်: Facebook)သည် ၂၀၀၄ ခုနှစ်တွင် အင်တာနက်၌ စတင်လွှင့်တင်ခဲ့သည့် လူမှုဆက်ဆံရေးအင်တာနက် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။ ရုံးချုပ်ကို အမေရိကန်ပြည်ထောင်စု၊ ကယ်ရီဖိုးနီးယားပြည်နယ် မယ်လိုပက်ခ် တွင် တည်ရှိသည်။ ဖေ့ဘုတ်ကို ဟားဘတ်တကဿကသိုလ်ကျောင်းသားများ ဖြစ်ကြတဲ့ မာ့ခ် ဇက်ကာဘာ့ဂ်နှင့် အက်ဇူရို ဆာဖရင်း၊ အန်ဒရူး မတ်ခ်ကော်လန်၊ ဒတ်စတင်း မော့စကိုဗစ် နှင့် ခရစ် ဟုခ်ျ တို့ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဖေ့ခ်ဘွတ်ခ် စတင်တင်ချင်းတွင် ဟားဘတ်တကဿကသိုလ်အတွင်းမှာသာ သီးသန့်အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခုအနေနဲ့ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုမှ တခြားတကဿကသိုလ်များသို့ တိုးချဲ့ကာ ၂၀၀၆ ခုနှစ်တွင် အသက် (၁၃) နှစ် ပြည့်ပြီးသူတိုင်း အသုံးပြုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့သည်။
■အသုံးပြုသူများသည် ကိုယ်ရေး အချက်အလက်များကို ဖော်ပြနိုင်သည်။ နှစ်သက်ရာဓာတ်ပုံများကို တင်ကာ အခြားသူများနှင့် ဝေမျှနိုင်သည်။ အခြားအသုံးပြုသူများအား မိတ်ဆွေစာရင်းတွင် ပေါင်းထည့်နိုင်သည်။ သတင်း အချက်အလက်များကို ဖလှယ်နိုင်သည်။ အသုံးပြုသူများသည်လည်း ကျောင်းအလိုက်၊ လုပ်ငန်းအလိုက် စသည်ဖြင့် ဝါသနာတူရာ စိတ်ဝင်စားမှုတူရာ အဖွဲ့အစည်းများတွင် ပါဝင်နိုင်သည်။ ကမဿဘာတဝန်းတွင် ဖေ့စ်ဘွတ်ခ်အား လစဉ်အသုံးပြုသူဦးရေမှာ ၂၀၁၅ ဇွန်လိုင် စာရင်းများအရ ပျမ်းမျှအားဖြင့် လစဉ်အသုံးပြုသူ သန်း ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဦးဆုံး အကြိမ်အနေနဲ့ ပြင်ပသို့ စတော့ရှယ်ယာများ ကို ၃လ ကြာ ထုတ်ရောင်းချခဲ့သည်။ ဖေ့ခ်ဘုတ်သည် တိုးတက်မှု အမြန်ဆုံး ကုမဿပဏီတစ်ခု ဖြစ်ခဲ့သည်။
သမိုင်း
၂၀၀၃ - ၂၀၀၅
■theFacebook
၂၀၀၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် ဟားဘတ်တကဿကသိုလ် ဒုတိယနှစ် ကျောင်းသား မာ့ခ် ဇက်ကာဘာ့ဂ်သည် Facemash ဟုခေါ်သော ဝက်ဘ်ဆိုက်တစ်ခုကို ရေးသားခဲ့သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ဟားဘတ်တကဿကသိုလ်အတွင်းရှိ အဆောင် ၉ ဆောင်ရှိ ကျောင်းသူများ၏ ဓာတ်ပုံများကို ရယူပြီး ဓာတ်ပုံ ၂ ပုံကို ယှဉ်က ဘယ်သူပိုလှသလဲ ရွေးရသော ပရိုဂရမ် ဖြစ်သည်။
■အဆိုပါ ဝက်ဘ်ဆိုက် ရေးသားဖို့အတွက် မာ့ခ် ဇက်ကာဘာ့ဂ်သည် ဟားဘတ်တကဿကသိုလ် ကျွန်ပျူတာ ကွန်ရက်အတွင်းသို့ ဝင်ရောက်ကာ ဓာတ်ပုံများကို ဝင်ရောက်ရယူခဲ့သည်။ Facemash ဝက်ဘ်ဆိုက် အွန်လိုင်းတက်လာပြီး ပထမဆုံး အချိန် (၄) နာရီအတွင်း ဝင်ရောက်ကြည့်ရှုသူ ၄၅၀ ဦး နှင့် ဓတ်ပုံကြည့်ရှုမှု ၂၂ ဝဝဝ အထိ ရှိခဲ့သည်။ ဝက်ဘ်ဆိုက်သည် တခြားသော သူများဆီသို့ အလျင်အမြန်ရောက်ရှိသွားပြီး ရက်အနည်းငယ်အကြာတွင် ဟားဘက်စီမံခန့်ခွဲရေးမှ အဆိုပါ ဝက်ဘ်ဆိုက်ကို ဖြုတ်ချခဲ့သည်။ မာ့ခ် ဇက်ကာဘာ့ဂ် သည်လည်း လုံခြုံရေးချိုးဖောက်မှု၊ မူပိုင်ခွင့် ချိုးဖောက်မှု နှင့် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုတို့ကြောင့် ကျောင်းထုတ်ပါယ်ခံရသည်အထိ အရေးယူခံရမည့် အရေးနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆွဲချက်များကို ဖြေလျော့ပေးခဲ့သည်။ နောက်ပိုင်းတွင် မတ်ခ်ဇူကာဘတ်ခ်သည် သူ့၏ စီမံကိန်းကို လူမှုကွန်ရက်တစ်ခုဖြစ်အောင် ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့သည်။ သူသည် ဓာတ်ပုံပေါင်း ၅၀၀ ကို ဝက်ဘ်ဆိုက်ပေါ်တင်ပြီး ဓာတ်ပုံများတွင် မှတ်ချက်ရေးနိုင်အောင် ပြုလုပ်ခဲ့သည်။
■၂၀၀၄ ခုနှစ် ဇန်နဝါရီလမှ စတင် မာ့ခ်သည် ဝက်ဘ်ဆိုက်အသစ်အတွက် စတင်ပြင်ဆင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် theFacebook နာမည်ဖြင့် www.thefacebook.com ကို စတင်မိတ်ဆက်ခဲ့သည်။ ၆ ရက်အကြာ ဟားဘတ်တကဿကသိုလ်မှ ကျောင်းသားကြီးများဖြစ်တဲ့ Cameron Winklevoss, Tyler Winklevoss, နှင့် Divya Narendra တို့ ၃ ယောက်ဟာ မတ်ခ်က သူတို့ရဲ့ စိတ်ကူးကို ကူးယူထားကြောင်း HardvardConnection.com ကို ကူညီမည်ဟု ပြောပြီး သူတို့နဲ့ ပုံတူ ဝက်ဘ်ဆိုက်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။ ၂၀၀၈ ခုနှစ်မှာတော့ တရားရုံးက မတ်ခ်ကို စတော့ရှယ်ယာ တန်ဖိုး ဒေါ်လာ ၁.၂ သန်း ကို ပေးလျော်ရန် ဆုံးဖြတ်ပေးခဲ့သည်။
■ပထမဦးဆုံး theFacebook စတင်စဉ်က ဟားဘတ်တကဿကသိုလ် သီးသန့်ကိုသာ ဝင်ရောက်နိုင်ရန် ကန့်သတ်ထားခဲ့သည်။ ပထမဦးဆုံးလ တစ်လထဲမှာပင် ဘွဲ့သင်တန်းမှ ကျောင်းသား ကျောင်းသူ တစ်ဝက်ကျော်သည် theFacebook မှာ လာရောက်မှတ်ပုံတင်ခဲ့ကြသည်။ အက်ဇူရို ဆာဖရင်း (စီးပွားရေးဆိုင်ရာ)၊ အန်ဒရူး မတ်ခ်ကော်လန် (ဒီဇိုင်းနာ)၊ ဒတ်စတင်း မော့စကိုဗစ် (ပရိုဂရမ် ရေးသားသူ) နှင့် ခရစ် ဟုခ်ျ တို့သည် မတ်ခ်နှင့်အတူ ဝက်ဘ်ဆိုက်တိုးတက်ရေးအတွက် ကူညီပေးခဲ့ကြသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် theFacebook ကို ကိုလံဘီယာ တကဿကသိုလ်၊ စတန်းဖို့ခ်ျ တကဿကသိုလ် နှင့် ရေးလ် တကဿကသိုလ်တို့ကို တိုးချဲ့ခဲ့သည်။[၉] နောက်ပိုင်းမှာ အိုင်းဗီလိဂ် ကော်လိပ်၊ ဘော့စတွန် တကဿကသိုလ်၊ နယူးယော့ခ် တကဿကသိုလ်၊ MIT နှင့် တခြား အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ရှိ တကဿကသိုလ်များကို ဆက်တိုက်ဆိုသလို တိုးချဲ့ခဲ့သည်။
■၂၀၀၄ ခုနှစ် ဇွန်လမှာ သူတို့၏ ရုံးကို ကယ်လီဖိုးနီးယား ပြည်နယ် ပေါလိုအယ်တို သို့ပြောင်းရွေ့ခဲ့သည်။ ထို့နောက် PayPal ရဲ့ ပူးတွဲတည်ထောင်သူ Peter Thiel ထံမှ ရင်းနှီးမြုပ်နှံမှုကို လက်ခံရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှာတော့ theFacebook.com မှ"the" ကိုဖြုတ်ကာ facebook.com အဖြစ်ပြောင်းလဲခဲ့သည်။ facebook.com အမည်ကို ဒေါ်လာ ၂ သိန်းဖြင့် ပေးဝယ်ခဲ့ရခြင်း ဖြစ်သည်။
■၂၀၀၅ ခုနှစ်မှာတော့ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ရရှိခဲ့သည်။ Accel မှ ၁၂.၇ သန်း၊ Jim Breyer မှ ၁ သန်း ထည့်ဝင်ခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီအရောက်မှာတော့ complete.com မှ ဖေ့ခ်ဘုတ်ဟာ ကမဿဘာပေါ်မှာ လစဉ်လူသုံးအများဆုံ လူမှုကွန်ရက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မတ်ခ်ဟာ ဖေ့ခ်ဘုတ်ကို နောက်တစ်ဆင့်အဖြစ် ၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ အထက်တန်းကျောင်းတွေအတွက် မိတ်ဆက်ခဲ့သည်။ နောက်မှာတော့ ကုမဿပဏီတွေအတွက် ဖေ့ခ်ဘုတ်ကို ဆက်လက်မိတ်ဆက်ခဲ့သည်။ မိတ်ဆက်ခဲ့ရာတွင် အက်ပဲလ်၊ မိုက်ခရိုဆော့ စသည့် ကုမဿပဏီကြီးများ ပါဝင်ခဲ့သည်။
၂၀၀၆ - ၂၀၁၁
■၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖေ့ဘုတ်သည် အသက်(၁၃)နှစ်ရှိပြီး အီးမေးလ် ရှိသူ မည်သူမဆို ဖေ့ခ်ဘုတ်ကို အသုံးပြုနိုင်အောင် ပြုလုပ်ခဲ့သည်။
■၂၀၀၇ ခုနှစ် နှောင်းပိုင်းမှာတော့ ဖေ့ခ်ဘုတ်တွင် စီးပွားရေး စာမျက်နှာပေါင်း ၁ သိန်းကျော် ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မေလမှာတော့ ပိုမိုဆန်းသစ်သော Pages ဟုခေါ်သော စာမျက်နှာကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စာမျက်နှာများမှ ကုမဿပဏီများ၊ စီးပွားရေးလုပ်ငန်းများ ကို ကြော်ငြာရန်အတွက် များစွာ အထောက်အကူပြုခဲ့သည်။
■၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာတော့ မိုက်ခရိုဆော့ဟာ ဖေ့ဘုတ်ရဲ့ ရှယ်ယာ ၁.၆% ကို ဒေါ်လာ သန်း၂၄၀ နှင့် ဝယ်ယူမည်ဟု ကြေညာခဲ့သည်။ မိုက်ခရိုဆော့ရဲ့ ဝယ်ယူမှုတွင် အပြည်ပြည်ဆိုင်ရာ ကြေငြာများနှင့် လူမှုကွန်ရက် ဝက်ဘ်ဆိုက် မူပိုင်ခွင့်ပါ ပါဝင်သည်။
■၂၀၀၈ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်သည် သူတို့၏ အပြည်ပြည်ဆိုင်ရာ ရုံးချုပ်ကို အိုင်ယာလန်နိုင်ငံ ဒူဘီလင် တွင် တည်ဆောက်ရန် ကြေညာခဲ့သည်။ တစ်နှစ်ခန့်အကြာ စက်တင်ဘာ ၂၀၀၉ တွင် သူတို့၏ငွေကြေးစီးဆင်းမှုမှာ ပထမဦးဆုံးအနေဖြင့် အပေါင်းလကဿခဏာ ဖြစ်လာပြီဟု ပြောခဲ့သည်။
■၂၀၀၉ ခုနှစ် နောက်ပိုင်းမှာတော့ အသုံးပြုသူလူဦးရေများစွာ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဇွန်လိုင်တွင်ကုမဿပဏီက သူတို့ဆီမှာ သုံးစွဲသူ သန်း ၅၀၀ ရှိပြီဖြစ်ကြောင်း ကမဿဘာပေါ်မှာ ကြီးဆုံး လူမှုကွန်ရက်ကြီး တစ်ခုဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ကုမဿပဏီ၏ ထုတ်ပြန်ချက်များအရ အသုံးပြုသူတစ်ဝက်လောက်ဟာ ဖေ့ဘုတ်ကို နေ့စဉ်သုံးစွဲပြီး တစ်ရက်ကို ၃၄ မိနစ်ခန့် သုံးစွဲကြကြောင်း၊ သန်း ၁၅၀ ဟာ မိုဘိုင်းဖုန်းများဖြင့် သုံးစွဲကြကြောင်း သိရှိရသည်။ ကုမဿပဏီမှ ပြောရေးဆိုခွင်ရှိသူဟာ အဲ့ဒီသမိုင်းမှတ်တိုင်ကို "တိတ်ဆိတ်သော ပြောင်းလဲမှု" ဟု အမွန်းတင် ပြောဆိုသွားခဲ့သည်။
■၂၀၁၀ နိုင်ဝင်ဘာမှာတော့ Second Market Inc. ရဲ့ အချက်အလက်များအရ ဖေ့ခ်ဘုတ် ကုမဿပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းပေါင်း ၄၁၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ကုမဿပဏီဟာ eBayကုမဿပဏီကို ကျော်တက်ပြီး ဂူဂယ်နှင့် အမေဇုန်တို့ပြီးနောက် တတီယအကြီးဆုံး အမေရိကန် အွန်လိုင်းကုမဿပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။
■၂၀၁၁ ခုနှစ် အစောပိုင်းတွင် ဖေ့ခ်ဘုတ်ရုံးချုပ်ကို ကယ်လီဖိုးနီးယားပြည်နယ် မယ်လိုပက်ခ်ကို ပြောင်းရွေ့ခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာတွင် ဖေ့ဘုတ်သည် အမေရိကန်ပြည်ထောင်စုတွင် ဂူဂယ်ပြီးနောက် ဒုတိယလူကြည့်အများဆုံး ဝက်ဘ်ဆိုက် ဖြစ်လာခဲ့သည်။ လစဉ်ဝင်ရောက်ကြည့်ရှုသူ ၁ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ကျော်ရှိကြောင်း သိရှိရသည်။
■၂၀၁၂ - ၂၀၁၃
ဖေ့ခ်ဘုတ်ခ်သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပြင်ပသို့ ကုမဿပဏီ ရှယ်ယာများ စတင်ရောင်းချခဲ့ပြီး အများပိုင်ကုမဿပဏီ တစ်ခုအဖြစ် ရပ်တည်ရန် စီစည်ခဲ့သည်။ ပထမဦးဆုံး ပြင်ပသို့ ရှယ်ယာများကို ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့မှာ စတင်ထုတ်ရောင်းချခဲ့သည်။ ပထမဦးဆုံး ရှယ်ယာ တစ်စု၏ တန်ဖိုးမှာ ၃၈ ဒေါ်လာ ဖြစ်သည်။ ကုမဿပဏီ၏ တန်ဖိုးမှာ ဒေါ်လာ ၁၀၄ ဘီလီလျံ ခန့် တန်ဖိုးရှိခဲ့သည်။ အဆိုပါ တန်ဖိုးမှာ အများပိုင်ကုမဿပဏီတစ်ခုအဖြစ် စတင်ပြောင်းလဲတဲ့ ကုမဿပဏီများမှာ အများဆုံး တန်ဖိုးဖြစ်သည်။
■၂၀၁၂ ခုနှစ် ၎င်းင်းတို့၏ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀၀ ကျော်ပေါ်အခြေခံ၍ NASDAQ စတော့ရှယ်ယာဈေးကွက်မှာ မေလ ၁၈ ရက်နေ့မှာ ရောင်းချခဲ့သည်။ ၂၀၁၃ခုနှစ် မေလအရောက်မှာတော့ ဖေ့ခ်ဘုတ်ခ်ဟာ ကမဿဘာပေါ်မှာ အလားအလာအကောင်းဆုံးကုမဿပဏီ ၅၀၀ စာရင်းမှာ အဆင့် ၄၆၂ ဝင်ခဲ့သည်။
■၂၀၁၂ ခုနှစ် မတ်လမှာတော့ ဖေ့ဘုတ်က အက်ပလီကေးရှင်းများ ရောင်းချရန်အတွက် App Center စတိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါစတိုးဟာ အိုင်ဖုန်း၊ အန်းဒရွိုက်ပစဿစည်းများနှင့် အခြားသော မိုဘိုင်းဝက်ဘ်အသုံးပြုသူများ အကုန်လုံး အသုံးပြုနိုင်သည်။
■မာ့ခ်က ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှာ ဖေ့ခ်ဘုတ်ခ်ကို လစဉ်အသုံးပြုသူ သန်း ၁ ထောင်ကျော်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
🚩🚩🚩🚩🚩🚩🚩🚩
Credit to original uploader

No comments:
Post a Comment