Tuesday, July 18, 2017

သင်္ခါရနယ်မှာမပျော်တော့ပါဘူးရယ်နဲ့
ထူးထူးမြတ်မြတ်ပြောတယ်
လောကီနယ်မှာမငြိမ်းချမ်းပါအပူမီးတွေမို့တောထွက်ဖို့ကြံရွယ်အပြောသာကျယ်ခဲ့တယ်
ဟုတ်တယ်မထွက်နိုင်ခဲ့ပါဘူး
သမုဒယကပူးဝင် တစ်ကယ်ပင်မဂ္ဂကိုမြင်သလိုနဲ့
မခင်ချင်ခင်ချင်တစ်ကယ်ပင်
မပြတ်သားသူကလမ်းခုလတ်မှကျန်ခဲ့
နှုတ်ဆက်ချင်ပါသေးသနော်
အလွမ်းကနယ်ချဲ့ အပြောကျယ်သောဟန်ကြီးမယ်
သမုဒယနဲ့မဂ္ဂ၊ ဝိစိကိစ္စ သေချာမဖြတ်နိုင်ခဲ့လေတော့
ကျွန်းပြန်ကာမြေမှာကျရပါလိမ့်မယ်
ကြောက်လွန်း၍တုန်ခါ..သည်ဟာတစ်မျိုး
ခင်မင်စွာယုယလျက်ရယ်
မြတ်နိုးစွာခင်တွယ်
လွမ်းတယ် လွမ်းတယ်
ဒုက္ခသည် ဖြစ်ရမယ့်အရေး
လွမ်းရေးထက်ဝမ်းရေးခက်သည်က
..သည်ဟာတစ်မျိုး။

No comments:

Post a Comment