Tuesday, July 4, 2017

ကျွန်မတို့မြို့ကလေးရဲ့ကျေးရွာမှသီးနှံကုန်ရောင်းသူတို့မှာဈေးကောက်တို့မှမတန်တစ်ဆအငမ်းမရတောင်းခံမူ့ကြောင်းလည်းကောင်း၊ကုန်သည်တို့မှအပြစ်အနာအဆာရှာဈေးနှိမ်မူ့၊အကြွေးများအချိန်တန်သော်လည်းမပေးချေကတိပျက်မူ့၊ကျေးရွာတောင်သူတို့ကိုယ်တိုင်စိုက်ပျိုးရေးစနစ်ကိုရာသီနှင့်အညီမချိန်ဆတတ်ခြင်းတို့ကြောင့်အဆုံးအရူံးများလေသည်။
သီးနှံကုန်လာရောက်ရောင်းချသောအထမ်း၊ဘိုင်စကယ်၊ဆိုင်ကယ်၊ထော်လာဂျီ၊နွားလှည်းတို့ဆိုက်ရောက်လျင်ဈေးကောက်များအလျုအလျိုပေါ်လာပြီးဈေးကောက်အခွန်တောင်းသည်။တောင်သူမှဈေးရောင်းချပြီးမှယူပါရန်ပြောလေသော်ဈေးကောက်ကလက်မခံ၊လက်ခံပြန်သော်ဈေးကောက်အလစ်မပေးပဲပြေးလေသောကြောင့်ဈေးကောက်တို့ကလည်းမရအရအတောင်းကြမ်းကြသည်။မရောင်းချရသေးခင်မို့ဈေးပေးစရာငွေမပါကြောင်းပြောလျင်၊တောင်သူတို့၏ဦးထုပ်၊ဆိုင်ကယ်သော့၊အထမ်းခြင်းကြားစသည်ပါသမျှခဏသိမ်းရန်လွယ်ကူသောပစ္စည်းများအားသိမ်းယူသည်မှာဓားပြတိုက်နေသည်နှင့်တူလှသည်။ထိုသောအခါတောင်သူနှင့်ဈေးကောက်အချင်းများရန်ပွဲကားကြီးလေသည်။နောက်ဆုံးတော့ရဲစခန်း၊စည်ပင်သာယာရေးရုံး၊အုပ်ချုပ်ရေးရုံးများသို့တိုင်တမ်းဖြေရှင်းကြရာဘာလိုလိုနှင့်ပြီးကြလေရာကိစ္စတို့လည်းထိုနည်းလည်းကောင်းဒုံရင်းအတိုင်းပင်။ဈေးကောက်အခွန်မှာကြမ်းခင်းဈေးသိန်း၂၀မှသိန်း၁၅၀အဖြစ်ရောက်အောင်ဠေံပစ်သောကြောင့်မတန်တစ်ဆပေးရသည်ဟုကျွန်မထင်မိသည်။ဈေးကောက်ခကြီးမြင့်ခြင်းကြောင့်ဟိုတိုင်ဒီတိုင်တိုင်ကြသော်လည်းအနည်းစုသာဖြစ်သောကြောင့်မူရင်အတိုင်းမပြောင်းလဲပေ။အများမညီသောကြောင့်မတန်တစ်ဆပေးရသောစနစ်ပျောက်မသွားပါ။
ဆက်လက်ရေးပါအုန်းမည်။

No comments:

Post a Comment