Wednesday, July 5, 2017

လူ့အကြောင်း(၁)
========
လူတွေဟာဂျပိုးကိုလိပ်ဖြစ်အောင်လည်းပြောတတ်သည်။ထိုသို့ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်သည်မှာယခုခေတ်ကလေးများပြောသလိုပင်တော်ရုံစကေးတော့မဟုတ်။စွမ်းဆောင်ရည်တစ်မျိုးပင်မဟုတ်ပါလား။ထို့သို့စွမ်းဆောင်ရည်ကိုကောင်းသောနေရာ၌အသုံးချကြည့်မည်ဆိုပါလျင်။
ကျမငယ်ငယ်ကဖြစ်ပါသည်။ကျောင်းစတက်ချိန်ဘေးနားထိုင်သူငယ်ချင်းမိန်းကလေး၂ယောက်ကဤသို့တစ်ယောက်တစ်ပြန်ပြောဆိုနေကြသည်။သူတို့ကကျမအားစေ့စေ့ကြည့်လျက်"ဟေ့လှလှသွေးရေဒီကောင်မလေးဒို့အပြန်ခေါ်သွားကြရအောင်""အေးဟလှလှရီရေချစ်စရာလေးနော်"လှလှရီနှင့်လှလှသွေးသည်တစ်ယောက်တစ်ပြန်ပြောဆိုကာကျမအားအပြန်သူတို့နောက်လိုက်ခဲ့ရန်စည်းရုံးပါတော့သည်။"အိမ်ကျရင်နင့်ကိုမုန့်တေအများကြီးကျွေးမှာ"ပြီးရင်ပြန်လိုက်ပို့မယ်""စိတ်မပူနဲ့"ကန်စွန်းဥလည်းကျွေးမယ်မုန့်လုံးရေပေါ်လည်းကျွေးမယ်"ကျမ၏ပင်ကိုယ်စိတ်မှာသူတို့ပြောသမျှကိုယုံကြည်၍မဟုတ်။အားနဲချက်ကတော့ သူတစ်ပါးအား အားနာတတ်ခြင်းပင်။သူတို့သည်ကျောင်းဆင်းသော်လက်တစ်ဖက်တစ်ချက်ကိုဆွဲကိုင်လျက်ချော့မော့ခေါ်ပြန်သည်။ဒီလိုနှင့်ကျမယက်ကန်ယက်ကန်ဖြင့်သူတို့နှင့်အတူပါလာရာကျောင်းနှင့်အတန်ဝေးသောလမ်းခုလတ်သို့ရောက်လေပြီ။လှလှရီနှင့်လှလှသွေးသည်ကျမထက်အနဲငယ်ကြီးသောသူများဖြစ်သဖြင့်သွက်လက်ကြသည်။အောက်ခြေလူ့အလွှာကဖြစ်သောကြောင့်ရဲတင်းပြီးအတွေ့အကြုံရှိသည်။လမ်းခုလတ်သို့ရောက်သော်ရုတ်တရက်ကျမလက်ကိုလွှတ်လိုက်ကြသည်။ပြီးပြောကြပြန်သည်။"သူ့ကိုခေါ်လာတာကတော့ဟုတ်ပါပြီအမေဆူရင်ဘယ့်နှယ်လုပ်မလဲ"အေးဟ" "ဟုတ်တယ်နော်ငါ့အဖေကလည်းဆူမှာငါ့တောင်ထမင်းဝအောင်ကျွေးတာမဟုတ်ဘူးသူနဲ့ဆိုငါစားတောင်စားရမှာမဟုတ်ဘူး" ဒါဆိုဘယ်လိုလုပ်မလဲ "ဒီတိုင်းထားပစ်ခဲ့ဟာ"ထို့သိုပြောဆိုကြပြီးနောက်သူတို့သည်နောက်သို့လှည့်မကြည့်တမ်းထွက်ပြေးပါတော့သည်။
ကျမလည်းအားကိုးရာမဲ့အိမ်လည်းကိုယ့်ဖာသာမပြန်တတ်သည်မို့အော်ငိုပါတော့သည်။ထိုအခါအနီးအနားတွင်ရှိသောအကြော်ရောင်းသည့်ဖိုဆိုင်မှလူကြီးအသားမဲမဲကထွက်လာ၍သူ့ဆိုင်အတွင်းသို့ခေါ်သည်။ဆိုင်ထဲတွင်မိန်းမဝဝကြီးတစ်ဦးအကြော်ကြော်နေသည်။
ထိုမိန်းမကြီးကကျမကိုအကြော်များကျွေးမွေး၍ဘယ်မှာနေလဲအဖေနာမည်ကျမနာမည်တို့ကိုမေးမြန်းပြီးအသားမဲမဲလူကြီးပျောက်သွားသည်။
ကျမနာမည်ကိုသိကြသော်ဟိုဆိုင်သည်ဆိုင်များက ကလေးတစ်ယောက်ကောက်ရသည်ဟုလာရောက်မေးမြန်းရင်း ကျမနာမည်ကိုခေါ်ကြသည်"စန်းစန်းထွေးရေ" တစ်ယောက်ခေါ်ပြန် ကျမက "ရှင်"တစ်လုံးထူးရပြန်သည်။
ခဏအကြာကျမအဖေရောက်လာသည်။အဖေသည်ကျေးဇူးတင်ကြောင်းပြောဆိုပြီးကျမအားဘိုင်စကယ်ပေါ်သို့တင်ကာအိမ်ပြန်လာကြသည်။အိမ်ရောက်လျင်အဖေကအိမ်ထဲဝင်ဟန်ပြုနေသောကျမအားခဏနေအုန်းပြောသည်။ပြောပြီးလျင်ထင်းစတစ်စကိုကောက်ယူကာဟိုဖက်လှည့်ဟုပြောကာ၃ချက်တိတိရိုက်ပြီးနောင်သူများခေါ်တိုင်းမလိုက်ရန်မှာသည်။ကျမ မျက်လုံးထဲတွင်လှလှရီနှင့်လှလှသွေးသည်အလိုလိုဝါးတားတားမှတ်မိနေသည်။
ကျမအထက်တန်းစတက်တော့ကျမတို့မြို့နားဝန်းကျင်အားလုံးသောအလယ်တန်းအောင်အထက်တန်းတက်ကျောင်းသားများ ကျမတို့မြို့လေးရဲ့တစ်ခုတည်းသောအထက်တန်းကျောင်းမှာကျောင်းသားများဆုံကြသည်။ကျမကတော့မူလတက်နေတဲ့ကျောင်းသေးလေးမှကျောင်းကြီးသို့ငယ်စဉ်တည်းကမိဘများပြောင်းရွေ့ပေးထားပြီးမို့ကျောင်းကြီးကကျမတွက်မစိမ်း။စိမ်းနေသည်ကခုမှရောက်လာကာစကျောင်းသားများ၊ထိုအထဲတွင်မိန်းကလေး၂ဦးကိုကျမမျက်စိကျနေသည်။ထိုမိန်းကလေး၂ဦးတွဲချက်ကလည်းထူးသည်။အတိုင်အဖောက်ကလည်းညီသည်။၅ရက်လောက်ကျမစောင့်ကြည့်သည်။နောက်တစ်နေ့မနက် ကျောင်းခေါင်းလောင်းမထိုးခင် ကျမသူမတို့အနားသွားသည်"နင်တို့ကိုငါပြောပြစရာရှိတယ်"ဟုအစချီကာကျမငယ်ငယ်သူငယ်တန်းကအဖြစ်အပျက်ကိုပြောပြသည်။"ငါတည့်တည့်ပဲမေးမယ်နေ"ာ်"အာ့၂ယောက်ဟာနင်တို့ဖြစ်နိုင်နေတယ်" သူမတို့သည်ပြူးကျယ်ဝိုင်းစက်သောမျက်လုံးတို့ဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်လေသည်။ပြီးနောက်တစ်ယောက်တစ်ပြန်ပြောပြန်သည်။"3ဲာ ဟုတ်လိမ့်မယ်နဲ့တူတယ်"သူတို့စကားကောက်ချက်ဆုံးသော်ကျမသည်အခန်းထောင့်သို့ပြေးသွားလျက်တံပျက်စည်းကိုပြေးအယူ သူမတို့ကလည်း၂ယောက်လုံးအခန်းထဲမှပြေးထွက် ကျောင်းကော်ရစ်တာအတိုးင်ပြေးရာ ကျမလည်း လျင်မြန်စွာလိုက်သည်။ထောင့်တစ်ခုဝယ်၂ယောက်သားပြေးပေါက်အပိတ်ကျမက တံပျက်စည်းကိုမြောက်လိုက်လျင်ကိုကျမကိုဝိုင်းဆွဲရင်းအသနားခံတောင်းပန်ကြသည်။
ဆက်ရေးပါအုန်းမည်။ ။

No comments:

Post a Comment