Monday, February 12, 2018

လုံမ
@@@@
ကြွားရအုန်းမယ်...
သူမက..ကိုယ့်ကို..လုံမတဲ့..😀😀😀
သူမအသက်က..၄၇
ကိုယ့်အသက်က..၄၆
သူမကကိုယ့်ကို.. လုံမ..လို့ခေါ်လိုက်တော့ကိုယ်က..ဟိုက်ရှားဘား...ဖြစ်သွားတာပေါ့နော်...
လုံမရေ..ဒွေးကိုလေ...နောက်က..
အထုပ်ကလေးကောက်ပေးပါတဲ့..
😁😁😁😁😁
သူ့အသက်မေးတော့လေးဆယ့်နဲ့ခွန်
သူမကိုယ့်အသက်ကိုပြန်မမေးပါစေနဲ့လို့ဆုတောင်းလိုက်ပါ၏။
😛😛😏😏
သူမက..မေးခဲ့သည်ရှိသော်ဝ်
ကိုယ်ဘယ်လိုဖြေရပါ့..
နှစ်ဆယ့်ခွန်
သုံးဆယ့်သုံး
လေးဆယ်
🤔🤔🤔🤔
အင်းး
ငါတရားအားထုတ်ထားတာပဲ
ဘာပြုလို့ညာရမှာလဲအမှန်တိုင်းပေါ့
အဲ့ဒါဆို..သူမကအံ့သြလန့်ဖျပ်သွားမှာအခြားသူများလို..
😢😢😢😢
အဲ့ဒါတွေက..ကိုယ့်အတွက်တော့ငြီးငွေ့စရာတွေဖြစ်ခဲ့ပါ့..
ကိုယ်သည်လိုမဖြစ်ချင်ပါဘူး...
သူ့အရွယ်အစားနဲ့သူ
တင့်တယ်ချင်ပါတယ်...
ဒါမှလည်းလေးစားစရာဖြစ်မှာပေါ့...
တစ်ခါတုန်းကလည်းသမီးနှင့်အတူအိမ်သို့အပြန်လမ်းဝယ်..
မော်တော်ဆိုင်ကယ်နှင့်ဂျလွတ်ပလွတ်နှစ်ကောင်ပေါ့
အရွယ်ကသမီးနှင့်မတိန်းမယိမ်း
သမီးဘေးမှကပ်ပါလာကာ
ရိတိတိနှင့်
သမီးငယ်အား ဘယ်ကလဲ
နာမည်..
ဘာညာသာရကာ
ပြီတီတီလုပ်ပါ၏
ကိုယ်ကခပ်တည်တည်နှင့်
ဟဲ့အကောင်တွေနင်တို့လမ်းနင်တို့သွား
မနှောက်ယှက်နှင့်ဟု
ပြောသောအခါ
အကောင်နှစ်ယောက်က
ကျနော့ဖက်လှည့်၍
ခင်ဗျားကိုပြောနေတာမဟုတ်ဘူး
ကျုပ်တို့သူ့ကိုမေးနေတာ
ထိုခါကျနော်သည်
ကျနော့ခေါင်းအားမိုးကြိုးဆယ်ချက်ပစ်ခံရသည့်နှယ်
ဝါတော်ရဆရာတော်လိုထိမ်းထားခဲ့သောဒေါသတရားတို့သည်
ဝုန်းကနက်မီးထတောက်တော့သည့်နှယ်
သယ်...😡😡😡😠😠😠
လောက်လေးမလောက်စား
ခွေးပစ်တဲ့တုတ်လောက်တောင်
အသုံးမကျတဲ့နွားတွေ
😠😠😠
ငါက..သူ့အမေဟ
😣😣😣
ပြောဆို၍ကျတော်
အုတ်ခဲတစ်လုံးပြေးကောက်ရာ
..
ထိုအခါ
သကောင့်သားများ
ဆိုင်ကယ်ပေါ်တက်၍
ပြေးကြလေတော့သတည်း
😣☹☹☹☹☹
SAWNAYCHYI

No comments:

Post a Comment