Monday, February 12, 2018

နောက်​တစ်​ခါ​ဗေဒင်​​မေးဖို့ဖြစ်​လာတာက..ရွာကသူငယ်​ချင်းရဲ့​စေစားမှု..သူကဖုန်းဆက်​လာတာ
..''စန္ဒာ​ထွေး​ရေ..နင်​ငါနဲ့ပြည်​..ကိုသွားရ​အောင်​.."
"ဟမ်​''
ဘာသွားလုပ်​မှာလဲ
"ဆယ်​ထပ်​ကြီး​ ဘုရား ​နောက်​မှာ ငါနဲ့အသိရှိတယ်​ လိုက်​ခဲ့''
အေး​လေ..ဘာသွားလုပ်​မှာလဲ ​မေး​နေတာ..
"​ညေးအတွက်​..​ဗေဒင်​..​မေးမလို့"
ထိုအခါ..ကိုယ်​ကဝါ​တော်​ရဆရာ​တော်​တစ်​ပါး၏ဣ​နြေ္ဒသဏ္ဍာန်​ဖြင့်​..
"အင်းးး အင်းးး  သူငယ်​ချင်းရယ်​...
ငါက​လေ...တရားစခန်း​တွေ..လှည့်​ပတ်​ဝင်​လာတဲ့အခါကျ​တော့..ကာ..
အ​ကြောင်း​ကြောင့်​..အကျိုးဖြစ်​တယ်​..
ဆိုတာ..သတိချပ်​ပြီး..ငါ့အ​ကြောင်းနဲ့ငါ့ကံ..ရှိပါ​စေ..ဟာ"
😔😔😔
"ငါရဲ့ဝတ္တရား..​တွေ..ပြီးဆုံးရင်​..ငါ​လေ
ယောဂီ  အပြီးတိုင်​ဝတ်​​တော့မှာဟ"
😒😏😏
ထိုအခါသူငယ်​ချင်းသည်​..😡ကိုယ့်​ကိုမြင်​ပြင်းကတ်​​သော​လေသံဖြင့်
😣😣😣
ငါမအားတဲ့ကြားထည်းကနင့်​ကိုလိုက်​ပို့
မှာ..ငါ့ဆရာမက..အတုအ​ယောင်​မဟုတ်​ဘူး..ငါဘာအလုပ်​လုပ်​..လုပ်
ဆရာမနဲ့တိုင်​ပင်​လုပ်​တာ..ခုထိဘာမှမနစ်​နာဘူး..
😡😡😡
ဟင်​"😀😀😀တကယ်​မှန်​တယ်​​ပေါ့
"😠ဒါ​ပေါ့ "
အေး..​အေးပါ
လိုက်​မယ်​​လေ..☺☺☺ဘယ်​​တော့လာ​ခေါ်မှာလဲ
"😡မနက်​ဖန်​ "
ထိုသို့ဖြင့်​..သူငယ်​ချင်း​ခေါ်​ဆောင်​ရာ
ဆရာမ မ​ဝေထံသို့ ကားရထားဖြင့်​ထွက်​လာခဲ့​လေသည်​။ကိုယ်​ကသားအမိနှစ်​​ယောက်​..
သူငယ်​ချင်းကား ရွာကအ​ဖော်​​ကောင်​မ​လေးနှင့်​အတူအားလုံး​လေး​ယောက်​"
ဆရာမအိမ်​သို့​ရောက်​​သော်​..ဆရာမကမရှိ..ကိုးရီးယားအနိပ်​ခန်း
သွားသည်​တဲ့​လေ...
သူငယ်​ချင်းက​ပြောသည်​..လိုက်​သွားကြမယ်​..
"ဟာ"
မလိုက်​ပါနဲ့..ပြန်​မယ်​ခုအချိန်​လိုင်းကားမှီ​သေးတယ်​..
သူငယ်​ချင်းကားကိုယ့်​ကိုဘာမှမ​ပြော..
ဆရာမရှိရာကိုးရီးယားကျမ္မာ​ရေးစင်​တာသို့​ခြေဦးလှည့်​၏။
"ဘယ်​သွားမလို့လဲပြန်​ကြမယ်​​လေဟယ်​"
နေ..ပါအုန်းငါခဏသွားကြည့်​အုန်းမယ်
အ​နော်​သည်​..ကိုယ့်​အတွက်​ဤမျှစိတ်​ထက်​သန်​စွာအကျိုး​ဆောင်​​နေ​သောသူငယ်​ချင်းကိုအားနာသည်​ဖြင့်​အသာအယာငြိမ်​​နေလိုက်​​တော့သည်​။
😶😶😶
ကျမ္မာ​ရေးစင်​တာသို့​ရောက်​​သောအခါ
၅၀မှ၇၀​ကျော်​အသက်​အရွယ်​များအားလုံးကို white boardဖြင့်​သင်
ကြားပြသသူကပြသ အိပ်​စင်​များအ​ရေအတွက်​၂၀ ​လောက်​ရှိမည်​ အဖြူ​ရောင်​ပိတ်​စများခြုံလွှမ်းခြုံ၍ပက်​လက်​အ​နေအထားဖြင်​ငြိမ်​သက်​​နေကြသည်​။
ဘာလုပ်​​နေကြသနည်း ကိုယ်​မသိ
ယောဂကျင့်​စင်​လား အ​ကြောပိုင်းဆိုင်​ရာနိပ်​နယ်​တာလား ကိုယ်​လည်းသိပ်​ပြီး
မ​လေ့လာ​တော့ဘူး
ကောင်​တာတွင်​ဆရာမ မ​ဝေရှိပါသလားစုံစမ်း၍ တာဝန်​ရှိသူ မိန်းက​လေးငယ်​​ခေါ်​ဆောင်​ရာသို့လိုက်​ခဲ့သည်။ဆရာမကားအိပ်​စင်​​ပေါတွင်​အဝတ်​ဖြူလွှမ်း၍ငြိမ်​သက်​လျက်​ရနံ့ကုထုံးလား စိတ်​​လေ့ကျင့်​ခန်းလား
မသိ ။သူငယ်​ချင်းကဆရာမထံကပ်​၍
အကျိုးအ​ကြောင်း​ပြောရာဆရာမသည့်
ကိုယ်​ထံတစ်​ချက်​မျှငဲ့ကြည့်​၏။
အိမ်​က​စောင့်​​နေသမီး..ဆရာမပြီး​တော့မယ်​မကြာဘူးလာခဲ့လိုက်​မယ်​ဟု
အမှာပါးသဖြင့်​ အ​နော်​တို့အားလုံးပြန်​လာခဲ့လိုက်​သည်​။
သူငယ်​ချင်းကား ထမင်းလည်းဝယ်​​ကျွေးသည်​။လမ်းစရိတ်​လည်းခံသည်​။
😳😳😳😔​သြော်​သူငါ့ကို​တော်​​တော်​ခင်​ရှာပါလား...
ဆရာမ​ရောက်​လာ​သော်​ကိုယ့်​ကို​မွေးသက္ကရာဇ်​ကိုသာ​မေး၍
မဟာဘုတ်​​ထောင်​တာ​တွေထူတာ​တွေမ​တွေ့....
လက်​တန်း​ဟော​မေသည်​မှာ..စရဏပိုင်းကိုများအားကိုး၍​လော..ကိုယ်​မသိ..
ဟောတာ​တော့စုံ​ရောဗျာ..အ​နော်​လည်းမမှတ်​မိ​တော့ဘူး..ပြန်​မ​ပြောပြတတ်​ဘူး။
ကိုယ့်​ကိုမရမက​ခေါ်လာ​သောသူငယ်​ချင်း၏ အကြံသည်​ ထိုကျမှ​ပေါ်​တော့၏
သူငယ်​ချင်းသည်​ဆရာမနှင့်​ရင်းနီးသည့်​အ​လျောက်​..ရဲရဲတင်းတင်း​မေးလိုက်​သည်​။
"ဆရာမ...သူ့ကို​လေ..သူ့​ယောက်​ကျားနဲ့ပြန်​​ပေါင်းရ​အောင်​လုပ်​​ပေးပါဆရာမ။"
ရုတ်​တရက်​​ပြောချလိုက်​​သောသူ၏စကားသည်​ကိုယ့်​​ခေါင်းကိုမိုးကြိုးအခါတစ်​ရာပစ်​ချသည့်​နှယ်
အံ့သြထိတ်​လန့်​၍ကပြာကယာ
စားပွဲ​အောက်​မှလက်​ဖြင့်​လှမ်းကုတ်​၍။
သတိ​ပေးကာ​ခေါင်းခါပြလိုက်​သည်​။
သူငယ်​ချင်းသည်​အ​နော်​လှမ်းကုတ်​ မျက်​ရိပ်​ပြ ဘယ်​လိုမှလုပ်​မရ အ​နော့ကိုလည်းလှည့်​ပင်​မကြည့်​ဆရာမကိုသာတွင်​တွင်​​တောင်းဆို​နေ​လေသည်​။ ဆရာမက အ​နော့သူငယ်​ချင်းကို​ခေတ္တမျှ ငိုင်​ကြည့်​​နေပြီး​နောက်
စိတ်​မ​ကောင်းပါဘူးသမီးရယ်
သမီးရဲ့သူငယ်​ချင်း က​လေ အိမ်​​ထောင်​​ရေးကံကုန်​သွားရှာပြီ သူဟာဘယ်​​ယောက်​ကျားကိုယူယူ သူယူလိုက်​ရင်​အဲ့သည်​လိုပြဲကုံ​တွေ့ရမှာ ထပ်​ယူလည်း
ထပ်​ပြီးကွဲမှာပဲ သူကယူလို့မရ​တော့ဘူး
သူက သာသနာ ပြုရမယ့်​သူပါ။
ဟု​ပြောသည်​တွင်​ သူငယ်​ချင်းသည့်​အ​နော့ကိုစိုက်​ကြည့်​​နေ​တော့သည်​။
အ​နော်​က..မျက်​စပစ်​ပြလိုက်​သည်​။
တွေ့လားအဲဒါပဲဟု...😜😜😜
အပြန်​လမ်းဝယ်​အ​နော်​က..သူငယ်​ချင်းကို​မေးပါသည်​။
"​နေစမ်းပါအုန်း..နင်​က..ငါ့ကို..ဘာပြုလို့များ..😲😲
ပြန်​​ပေါင်းခိုင်းရတာတုန်း.."
😒😒😒
ဒီလိုပါသူငယ်​ချင်းရယ်​...
ငါ့ခြံထဲမှာ​ပေါင်းနှုတ်​မြက်​နှုတ်​တဲ့​ကောင်
မ​လေး​တွေ..​ပေါ့ဟယ်​..နင့်​အတင်းကို
ပက်​ပက်​စက်​စက်​​ပြော​နေကြတယ်​ဟ
.....
....
Next post
SAWNAYCHYI

No comments:

Post a Comment