ဖုန်းပြောကြမယ်
@@@@@@@@
ကိုယ့်မှာရှိတဲ့..ကိုယ်ပိုင်တဲ့ဖုန်း...ကိုယ့်ကိုဖုန်းခေါ်လာပါက..ကိုယ်ကလက်ခံပြောမှ...ကိုယ့်ဖာသာပြောတာပဲ..ကိုယ့်ဖုန်းဘေနဲ့ကိုယ်လေ..ဘယ်သူ့ဂရုစိုက်ရမှာလဲ...
ဟုတ်တယ်..မှန်တာပေါ့...ဒါပေမယ့်..
မှားနေသေးတာပဲ..ဘာကမှားတာလဲ..
...အဖြေရှာကြည့်ကြပါစို့...
ကလေးသေးသေးလေးကဖုန်းပြောမယ်
...သူဘယ်သူနဲ့ပြောတာလဲ..
သူ့မိဘ..သူ့ဆွေမျိုးကလွဲလျင်..ဘယ်သူနဲ့ပြောတာဖြစ်နိုင်မှာလဲ..သံသယ
ဖြစ်စရာမရှိ...
အသက်ဆယ့်လေးနှစ်အရွယ်ဖုန်းပြောမယ်..သူပြောတဲ့နေရာကိုကြည့်
့်ပြီး..သံသယဝင်မယ်ဆိုပါလျင်..သူကဆွေမျိုးနဲ့မိသားစုတွေရှေ့မှာပြောလျင်..
ဝင်စရာမလိုတဲ့သံသယ...
အဲ့သည့်ဆယ့်လေးနှစ်အရွယ်က...
လူမမြင်ကွယ်ရာမှာတိုးစိတိုးစိပြောနေလျင်..သေချာတဲ့သံသယဝင်နိုင်ပါပြီ။
အရွယ်ရောက်နေတဲ့မိန်းကလေး..
ဖုန်းပြောမယ်..
အရွယ်ရောက်နေတဲ့ယောက်ကျားလေး
ဖုန်းပြောမယ်..
မျက်နှာကလည်းပြုံးနေမယ်..မြင်လိုက်ရုံနဲ့သိတယ်...
အိမ်ထောင်သည်လူလတ်ပိုင်းဖုန်းပြောမယ်...စီးပွားရေးကိစ္စဖြစ်နိုင်တယ်..
မိသားစုကိစ္စဖြစ်နိုင်တယ်...
ဒါပေမယ့်..ပြောပုံပြောဟန်ရှိသေးတယ်
မချိုမချဉ်နဲ့...ပတ်ဝန်းကျင်ကိုမျက်စိခဏခဏဝေ့နေမယ်...အရှင်းဆုံးပြောရလျင်မရိုးသားတဲ့အိုက်တင်...
အခု..အနော်ဖုန်းပြောတယ်...
ခုနှစ်အိမ်ကြားရှစ်အိမ်ကြားပြောတယ်..
အဖေရှေ့ပြောလျင်အဖေကငေါက်တယ်..ဖုန်းပြောတာအသံကျယ်လို့တဲ့..
အနော်ကပြန်ပြောလိုက်တယ်..
အဖေ့အမျိုးတွေစကားပြောလျင်အသံအကျယ်ကြီးပြောကြတယ်..အခုအနော်လည်းမျိုးရိုးမစွန့်ပါဘူး..ဆိုတော့..
အခုအရွယ်မှာတော့အဖေအနော့ကို
မကျေနပ်သည်မှတစ်ပါး..ငယ်ငယ်ကဆိုလျင်တော့အနော်မချေမငံပြောတိုင်း
အဖေနားရင်းထိုးလားထိုးရဲ့...လူရှေ့သူရှေ့မရှောင်ရိုက်သလားလည်းမမေးနဲ့...
အမေ့ရှေ့မှာဖုန်းပြောမိရင်တော့..ဘယ်သူဆက်တာလဲ...ဘယ်ကလဲ..ဘာပြောတာလဲ...ထိုမေးခွန်းများကိုတစ်လှေကြီးဖြေရပေလိမ့်မည်။
ဒါ့ကြောင့်အနော်ဖုန်းပြောရင်...ချောင်ထဲတွေတော့မတိုးဘူးအဖေ့ရှေ့ပြောမိလို့အဖေငေါက်လည်းခံတယ်။
အမေ့ရှေ့ပြောမိလို့အမေ မေးသမျှအားလုံးစိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးတယ်။
ချောင်ထဲသွာမသင်္ကာစရာတော့မလုပ်ဘူးဗျာ။
ဒါပေမယ့်..ပင်ပန်းတယ်...
ပင်ပန်းတော့ဖုန်းတော်တန်ရုံမပြောတော့ဘူးဗျာ...
အနော့ချစ်သမီးလေးကိုလည်းမှာထားတယ်...ရည်းစားရှိလို့ရည်းစားဆီကဖုန်း
လာလျင်..ငါ့ရှေ့တွင်ပြော..အခြားတပါး
သွားမပြောနဲ့..။
အခြားတစ်ပါးမှာဖုန်းသွားပြောလျင်ကဲ့ရယ်ပစ်တင်ဝေဖန်ခြင်းခံရလိမ့်မယ်။
ကိုယ်ကဂရုမစိုက်ဘူးဆိုပေမယ့်...
ကိုယ့်ထမင်းကိုယ်စားတာ...
အာညောင်းရင်ရပ်သွားလိမ့်မယ်ဆိုပေမယ့်...
ဒါက..မိုးကြိုးပစ်တာကိုထန်းရွက်နှင့်ကာတာပါပဲ...
ဘယ်လိုပဲဖြစ်ဖြစ်...ကိုယ့်ဖက်ကအနေအထိုင်မ မှားတာအကောင်းဆုံးပါ။
ကိုယ်တည်တည်တန့်တန့် နေထိုင်ပါလျက် ကဲ့ရယ်တယ်ဆိုလျင်တော့ ဒါက
တော့ပြောကြ ကဲ့ရယ်ကြပေစေပေါ့ ကိုယ့်ဝဋ်ရှိလို့ခံရတယ်ပဲပြောရမှာပေါ့။
ရိုးသားတဲ့ဖုန်းပြောဆိုမှု...ဘာမှမရိုးသားတာမရှိဘူးဆိုပေမယ့်လည်း...ကိုယ့်ဖက်ကဆင်ခြင်နိုင်သလောက်ဆင်ခြင်ရမှာလေ..ကိုယ်တိုင်သည်ပင်..အခြားသောမိန်းကလေးယောက်ကျားလေးတစ်ဦးဖုန်းပြောနေပါက..ပြောပုံပြောနည်းကြည့်၍ဘယ်သူနှင့်ပြောသည်ဆိုတာကိုထင်မြင်တတ်ပါသေးလျင်..
အခြားသူများလည်းထိုနည်းလည်းကောင်းအတိုင်းပင်....။
မိမိ၏စိတ်သဘောအတိုင်းပြောရလျင်
ကိုယ့်ထံဖုန်းလာသညဆိုပါလျင်..ဖုန်းခေါ်တာကိုကိုယ်ကသိလိုက်သည်လည်းရှိသည်..မသိလိုက်သည်လည်းရှိသည်...မသိလို့မကိုင်မိသည်လည်းရှိတာပဲ
သိလျင်တော့အများအားဖြင့်ဖုန်းခေါ်ဆိုမှုကိုလက်ခံစကားပြောပေးပါသည်။ကိုယ်တိုင်ကဖုန်းခေါ်ဖို့ကတောအလုပ်
့မအားသည်ကများနေတာကတစ်ကြောင်း...ဖုန်းခေါ်ရဖို့..ဖုန်းပြောရဖို့ကို..အထက်ပါအခြေအနေများကြောင့်..ကြောက်
နေမိတာမို့(ထိုအကြောက်တရားသည်
ရောဂါတစ်ခုမို့)ဖုန်းပြောရန် အဆမတန်ဝန်လေးလှပါသောကြောင့်... အနော်ဖုန်းခေါ်၍စကားစမြည်ပြောသည်ကရှားပါးအခြေအနေတစ်ရပ်ပါ။
လူ့ပတ်ဝန်းကျင်နှင့်ကင်းကွာ၍နေမရသည်မို့...လူတွေကိုဂရုစိုက်ရမှာပါ...
ကိုယ်က
Respect ဖြစ် ရသော ပုဂ္ဂိုလ် များလည်းရှိပါသည်။ကိုယ့်ကို Respect ဖြစ်သောပုဂ္ဂိုလ်များလည်းရှိပါသည်။
ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ..ကိုယ့်ထံဝင်လာသောဖုန်းကိုတော့လေးစားသမှုဖြင့်ဖုန်းကိုင်ပေးပါသည်။ဖုန်းမကိုင်နိုင်သောအခြေအနေတစ်ရပ်တွင်စိတ်မကောင်းတော့ဖြစ်ရပါသည်။ဥပမာ-ကိုယ်ကတရားစခန်းအတွင်းဝေယျာဝစ္စလုပ်ရန်ရောက်နေပါက..အနားအပါးအုခါးသူများထင်ယောင်မှားမည့်အခြေအနေမျိုးဖြစ်နေသဖြင့်ဖုန်းမကိုင်နိုင်သည်မျိုးလည်းရှိ၍ကိုင်ပါကတိုတိုတုတ်တုတ်ပြော၍ဖုန်းချရသည်မို့...တစ်ဖက်ပုဂ္ဂိုလ်မှလည်းနားလည်ချင်မှလည်မည်။
ရှိစေတော့...ဖုန်းဟူသောထိုပစ္စည်းသည်လည်းကောင်း...အင်တာနက်ဆိုသောလောကတစ်ခုသည်လည်းကောင်း
အကောင်းအဆိုးများဒွန်တွဲလျက်ရှိရာ..
ကိုယ်တိုင်အသုံးချတတ်မှုမချတတ်မှုများပေါ်မူတည်ပါသဖြင့်..သုံးတတ်မှဆေးမသုံးတတ်ကဘေးဖြစ်ပါလိမ့်မည်။
အနော်သည်..မြကေသီလွင်အကောင့်ဖြင့်...စာများရေးသားရာ...အင်တာနက်မကျွမ်းကျင်သောအခါက..ဖြစ်၍...Messagerတွင် အနော့ဖုန်းနံပတ်ပေါ်နေသည်ကိုမသိခဲ့...ဖုန်းများတတွင်တွင်ဝင်လာရာ..ထိုမြကေသီအကောင့်ကိုဖျက်၍ထွက်ပြေးရတော့သည်သာ။အနော့အဒေါ်မှာအနော်မှန်းမသိပဲ
မြကေသီလွင်ဆိုသောအကောင့်ပိုင်ရှင်မှရေးသားထားသောစာမှာမည်သို့မည်ပုံဟုပြောပြနေသည်ကို ကိုယ်တိုင်ကရယ်ချင်ချင်ဖြစ်၍..အဒေါ်အဲ့သည့်မြကေသီလွင်ကအနော်ပါပဲဆိုသောအခါအဒေါ်က အံ့သြလေတော့သည်။ နောင်တွင်ဟဲ့နင့်စာတွေတက်မလာတော့ပါလားဆိုသောအခါ အစ်မရေဖုန်းတွေခဏခဏလာနေလို့ပါ အဲ့သည့်အကောင့်ကိုမသုံးတော့တာဆိုတော့ အေးပေါ့အေ့ညေးကစာရေးဆရာယောင်ယောင်ကဗျာဆရာမယောင်ယောင် တောင်ယောင်ယောင်မြောက်ယောင်ယောင်လုပ်နေတာကိုးအေ့...
ကဲအဲ့တာပါပဲ...မြကေသီလွင်ဟာအနော်ပါလို့သူမသိခင်တုန်းကလေးစားမှုနဲ့အနော်မှန်ူသိသွားသဖြင့်ချက်ချင်းလေးစားမှုလျော့ကျသွားရတော့လေသည်။
"မမြကေသီလွင်လားခင်ဗျာ..''
"သြော်..ဟုတ်ကဲ့..ဘာကိစ္စများရှိလို့ပါလဲ..ဘယ်သူများပါလဲရှင့်''
"ကျနော်ကအွန်လိုင်းပေါ်က..အစ်မရဲ့ပရိပ်သတ်တစ်ယောက်ပါ..အစ်မကစာရေးဆရာမလားသိချင်လို့ပါ..ဆရာရေးဆရာမဆိုရင်အစ်မထုတ်ထားတဲ့စာအုပ်လေးသိချင်လို့ပါ။''
"အစ်မက..စာရေးဆရာလည်းမဟုတ်ဘူး..ဘာစာအုပ်မှလည်းထုတ်မထားဘူး..ဒါနဲ့..မောင်လေးအစ်မဖုန်း..ဘယ်လိုရပါသလဲ"
"အစ်မဖုန်းကအစ်မရဲ့messagerမှာပေါ်နေတယ်လေ"
😲😲😲😲😲
Oိာန်!!!
SAWNAYCHYI
No comments:
Post a Comment